ဘစ်ဆာကာကို ခံစစ်စကေး ပြန်ပြသွားတဲ့ ဘရူနို ဖာနန်ဒက်စ်

UNICODE – ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ကာရင်တန်က လေ့ကျင့်ရေးမှာတော့ ခံစစ်ပိုင်းမှာ နာမည်ကျော်နေတဲ့ ညာအစွန်လူ ဘစ်ဆာကာကို ခံစစ်စကေးတွေ ပြသသွားပါတယ်။

ဘစ်ဆာကာဟာ ဒီရာသီ ပရိးမီးယားလိဂ်မှာ ဘောလုံးဖျက်ထုတ်မှု ဒုတိယအမြင့်ဆုံး ကစားသမားစာရင်း ဝင်ထားသူဖြစ်တယ်။ သူဟာ ယူနိုက်တက်ရဲ့ ညာခြမ်းခံစစ်ကို တည်ငြိမ်အောင် ကာကွယ်ပေးနိုင်မှုအတွက် နာမည်ကျော်လာပြီး အင်္ဂလန်လူစာရင်းမှာ ထရန့်နဲ့ အပြိုင်ဖြစ်လာမယ် သုံးသပ် ခံနေရတာဖြစ်ပါတယ်။

လေ့ကျင့်ရေးမှာတော့ ဖာနန်ဒက်စ်က ဘောလုံးဖျက်ရာမှာ ထူးချွန်လွန်းတာကြောင့် စပိုက်ဒါလို့ နာမည်ပြောင် ရနေတဲ့ ဘစ်ဆာကာကို သေသပ်တဲ့ ဖျက်ထုတ်မှုတွေ ပြန်လုပ်ပြခဲ့ပြီး ခံစစ်စကေးတွေ ပြသသွားတာပါ။ ယူနိုက်တက်ရဲ့ အစဉ်အလာအတိုင်း လေ့ကျင့်ရေးမှာ တစ်သင်းက အနီရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ကျန်တစ်သင်းကတော့ မတူညီတဲ့ အရောင်ကို ဝတ်ဆင် လေ့ကျင့်ခဲ့ကြတာဖြစ်တယ်။

စတုတ်အသင်းနဲ့ ကာရင်တန်မှာ ခြေစမ်းပွဲ ကစားဖို့ ရှိခဲ့ပေမယ့် ပွဲမစတင်ခင်မှာဘဲ စတုတ်မန်နေဂျာ အိုနေး ကိုဗစ်ပိုးတွေခြင်းကြောင့် ပွဲဖျက်ခဲ့ချိန်မှာ ယူနိုက်တက် ကစားသမားတွေက ကာရင်တန်မှာ လေ့ကျင့်ရေးတွေပဲ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဘရူနိုဟာ ဘောလုံးပွဲတွေ ပြန်စတင်တဲ့ အခါမှာ ကွင်းလယ်ခံစစ်သမားရဲ့ အရှေ့နဲ့ ကွင်းလယ်တိုက်စစ်သမားရဲ့ အနောက်က ကွင်းလယ် နံပါတ် ၈ နေရာကို တာဝန်ယူရမယ်လို့ သိထားရတယ်။ မန်နေဂျာဆိုးရှားက လေ့ကျင့်ရေးမှာ ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ကို နည်းစနစ်ပိုင်း စမ်းသပ်မှုတွေ လုပ်ထားသလို တွဲဘက် သုံးစွဲမှုတွေလည်း ပြုလုပ်ထားပါတယ်။

ZAWGYI – ယူႏုိက္တက္ ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ ကာရင္တန္က ေလ့က်င့္ေရးမွာေတာ့ ခံစစ္ပိုင္းမွာ နာမည္ေက်ာ္ေနတဲ့ ညာအစြန္လူ ဘစ္ဆာကာကို ခံစစ္စေကးေတြ ျပသသြားပါတယ္။

ဘစ္ဆာကာဟာ ဒီရာသီ ပရိးမီးယားလိဂ္မွာ ေဘာလံုးဖ်က္ထုတ္မႈ ဒုတိယအျမင့္ဆံုး ကစားသမားစာရင္း ဝင္ထားသူျဖစ္တယ္။ သူဟာ ယူႏုိက္တက္ရဲ႕ ညာျခမ္းခံစစ္ကို တည္ျငိမ္ေအာင္ ကာကြယ္ေပးႏုိင္မႈအတြက္ နာမည္ေက်ာ္လာျပီး အဂၤလန္လူစာရင္းမွာ ထရန္႔နဲ႔ အျပိဳင္ျဖစ္လာမယ္ သံုးသပ္ ခံေနရတာျဖစ္ပါတယ္။

ေလ့က်င့္ေရးမွာေတာ့ ဖာနန္ဒက္စ္က ေဘာလံုးဖ်က္ရာမွာ ထူးခၽြန္လြန္းတာေၾကာင့္ စပိုက္ဒါလို႔ နာမည္ေျပာင္ ရေနတဲ့ ဘစ္ဆာကာကို ေသသပ္တဲ့ ဖ်က္ထုတ္မႈေတြ ျပန္လုပ္ျပခဲ့ျပီး ခံစစ္စေကးေတြ ျပသသြားတာပါ။ ယူႏုိက္တက္ရဲ႕ အစဥ္အလာအတိုင္း ေလ့က်င့္ေရးမွာ တစ္သင္းက အနီေရာင္ဝတ္စံုကို ဝတ္ဆင္ျပီး က်န္တစ္သင္းကေတာ့ မတူညီတဲ့ အေရာင္ကို ဝတ္ဆင္ ေလ့က်င့္ခဲ့ၾကတာျဖစ္တယ္။

စတုတ္အသင္းနဲ႔ ကာရင္တန္မွာ ေျခစမ္းပြဲ ကစားဖို႔ ရွိခဲ့ေပမယ့္ ပြဲမစတင္ခင္မွာဘဲ စတုတ္မန္ေနဂ်ာ အိုေနး ကိုဗစ္ပိုးေတြျခင္းေၾကာင့္ ပြဲဖ်က္ခဲ့ခ်ိန္မွာ ယူႏုိက္တက္ ကစားသမားေတြက ကာရင္တန္မွာ ေလ့က်င့္ေရးေတြပဲ လုပ္ေဆာင္ခဲ့ၾကတာျဖစ္ပါတယ္။

ဘရူႏိုဟာ ေဘာလံုးပြဲေတြ ျပန္စတင္တဲ့ အခါမွာ ကြင္းလယ္ခံစစ္သမားရဲ႕ အေရွ႔နဲ႔ ကြင္းလယ္တိုက္စစ္သမားရဲ႕ အေနာက္က ကြင္းလယ္ နံပါတ္ ၈ ေနရာကို တာဝန္ယူရမယ္လို႔ သိထားရတယ္။ မန္ေနဂ်ာဆိုးရွားက ေလ့က်င့္ေရးမွာ ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာတို႔ကို နည္းစနစ္ပိုင္း စမ္းသပ္မႈေတြ လုပ္ထားသလို တြဲဘက္ သံုးစြဲမႈေတြလည္း ျပဳလုပ္ထားပါတယ္။