Rumour: ဟာဇက် တစ်ယောက် ချယ်ဆီးကို ပြန်သွားနိုင်ဖွယ် ရှိပြီး ဂျိမ်းစ်နဲ့ အလဲအထပ်လို့ သတင်းထွက်

စပိန် သတင်းဌာနတစ်ခု အဆိုအရ ချယ်ဆီးအသင်းဟာ ကြယ်ပွင့်ဟောင်း အီဒစ် ဟာဇက်ကို ရီးရဲလ်မက်ဒရစ် ထံကနေ ပြန်ခေါ်ဖို့ ကြံရွယ်နေကြောင်း သိရပါတယ်။

El Nacional အဆိုအရ ချယ်ဆိးအသင်းဟာ ဘယ်လ်ဂျီယံသားကို ပြန်ခေါ်ဖို့ ယူရို သန်း ၄၀ လောက် သုံးဖွယ် ရှိနေပြီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ်ကလည်း ဟာဇက် ပရိသတ် တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဟာဇက် ကိုယ်တိုင်လည်း ရီးရဲလ်မက်ဒရစ်မှာ အခြေမလှ ဖြစ်နေတာကို စိတ်ပျက်နေပြီး သူ့ ခြေစွမ်းတွေ အကောင်းဆုံး ပြနိုင်ခဲ့တဲ့ ချယ်ဆီးအသင်းထံ ပြန်သွားဖို့ စိတ်ဝင်စားနေပတါယ်။ ရီးရဲလ်ဘက်ကလည်း အပြောင်းအရွှေ့ကို လက်ခံ ကြိုဆိုချင်နေပါတယ်။

ရီးရဲလ်မက်ဒရစ် အတွက်တော့ ဟာဇက်ကို ခေါ်ယူခဲ့တာက သမိုင်းတွင်တဲ့ အမှား တစ်ခု ဖြစ်နေပြီး ယူရို သန်း ၁၀၀ တန် ကစားသမားဟာ ဘာနေဗျူးမှာ သုံးရာသီ တိုင်လာသည့်တိုင် ကြီးမားတဲ့ သက်ရောက်မှု မလုပ်ပြနိုင်သေးဘဲ ရှိနေပါတယ်။

ချယ်ဆီးက ဟာဇက်ကို ပြန်စိတ်စားလာခြင်းဟာ အခွင့်ကောင်း တစ်ခုလို့ ရီးရဲလ်က ယူဆနေပြီး ဘယ်လ်ဂျီယံသား အတွက် သုံးခဲ့ရတဲ့ ပြောင်းရွှေ့ကြေး တချို့ ပြန်ရလိုနေပါတယ်။

ထိုသတင်းဌာန အဆိုအရပဲ ဟာဇက်ကို ပြန်ခေါ်ရင် ချယ်ဆီးအသင်းဘက်က ရီစီဂျိမ်းစ်ကို အလဲအထပ် အဖြစ် ထုတ်သုံးလာနိုင်တယ် လို့ ဆိုပါတယ်။ လက်ရှိအချိန် အရတော့ ဒီသတင်းတွေက ကောလဟာလ အဆင့်သာ ရှိသေးပြီး ဟာဇက် တစ်ယောက် စတန်းဖို့ဘရစ်ချ်ထံ တကယ်ပြန်ရောက်လာနိုင်မလား ဆက် စောင့်ကြည့်ကြရဦးမှာပါ။

Zawgyi

စပိန္ သတင္းဌာနတစ္ခု အဆိုအရ ခ်ယ္ဆီးအသင္းဟာ ၾကယ္ပြင့္ေဟာင္း အီဒစ္ ဟာဇက္ကို ရီးရဲလ္မက္ဒရစ္ ထံကေန ျပန္ေခၚဖို႔ ၾကံရြယ္ေနေၾကာင္း သိရပါတယ္။

El Nacional အဆိုအရ ခ်ယ္ဆိးအသငး္ဟာ ဘယ္လ္ဂ်ီယံသားကို ျပန္ေခၚဖို႔ ယူရို သန္း ၄၀ ေလာက္ သံုးဖြယ္ ရွိေနျပီး အသင္းပိုင္ရွင္ ရိုမန္ ေအဗရာမိုဗစ္ခ်္ကလည္း ဟာဇက္ ပရိသတ္ တစ္ဦး ျဖစ္တယ္လို႔ ဆိုပါတယ္။

ဟာဇက္ ကိုယ္တိုင္လည္း ရီးရဲလ္မက္ဒရစ္မွာ အေျခမလွ ျဖစ္ေနတာကို စိတ္ပ်က္ေနျပီး သူ႔ ေျခစြမ္းေတြ အေကာင္းဆံုး ျပနိုင္ခဲ့တဲ့ ခ်ယ္ဆီးအသင္းထံ ျပန္သြားဖို႔ စိတ္၀င္စားေနပတါယ္။ ရီးရဲလ္ဘက္ကလည္း အေျပာင္းအေရႊ႕ကို လက္ခံ ၾကိဳဆိုခ်င္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္ အတြက္ေတာ့ ဟာဇက္ကို ေခၚယူခဲ့တာက သမိုင္းတြင္တဲ့ အမွား တစ္ခု ျဖစ္ေနျပီး ယူရို သန္း ၁၀၀ တန္ ကစားသမားဟာ ဘာေနဗ်ဴးမွာ သံုးရာသီ တိုင္လာသည့္တိုင္ ၾကီးမားတဲ့ သက္ေရာက္မႈ မလုပ္ျပနိုင္ေသးဘဲ ရွိေနပါတယ္။

ခ်ယ္ဆီးက ဟာဇက္ကို ျပန္စိတ္စားလာျခင္းဟာ အခြင့္ေကာင္း တစ္ခုလို႔ ရီးရဲလ္က ယူဆေနျပီး ဘယ္လ္ဂ်ီယံသား အတြက္ သံုးခဲ့ရတဲ့ ေျပာင္းေရႊ႕ေၾကး တခ်ိဳ႔ ျပန္ရလိုေနပါတယ္။

ထိုသတင္းဌာန အဆိုအရပဲ ဟာဇက္ကို ျပန္ေခၚရင္ ခ်ယ္ဆီးအသင္းဘက္က ရီစီဂ်ိမ္းစ္ကို အလဲအထပ္ အျဖစ္ ထုတ္သံုးလာနိုင္တယ္ လို႔ ဆိုပါတယ္။ လက္ရွိအခ်ိန္ အရေတာ့ ဒီသတင္းေတြက ေကာလဟာလ အဆင့္သာ ရွိေသးျပီး ဟာဇက္ တစ္ေယာက္ စတန္းဖို႔ဘရစ္ခ်္ထံ တကယ္ျပန္ေရာက္လာနိုင္မလား ဆက္ ေစာင့္ၾကည့္ၾကရဦးမွာပါ။