မော်ရင်ညို ရှိစဉ်ကထက် လက်ရှိ ယူနိုက်တက်မှာ ပိုကောင်းလာတဲ့ အသင်းသားအကြောင်း ဆိုးရှား ဝံ့ကြွား

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက တိုက်စစ်မှူး မာရှယ်က ဒီရာသီမှာ သူ့ရဲ့ အကောင်းဆုံး ဘောလုံးရာသီ အဖြစ်ပါ အစွမ်းပြနေတယ်လို့ ယူဆထားပြီး ကွင်းလယ်က ဘရူနို ဖာနန်ဒက်စ်နဲ့ အတွဲညီညီ နားလည်မှုရနေတယ်လို့ ချီးကျူးလိုက်ပါတယ်။ ဆိုးရှားက လက်ရှိ မာရှယ်ဟာ မော်ရင်ညို ရှိစဉ်ကထက် ပိုကောင်းနေတယ်လို့ ယုံကြည်နေတာပါ။

မာရှယ်ဟာ မိုနာကိုကနေ ၂၀၁၅ တုန်းက ပေါင် ၃၆ သန်းနဲ့ ပြောင်းရွှေ့လာစဉ်တုန်းက ပွဲဦးထွက်ရာသီမှာ ၁၇ ဂိုး သွင်းပြခဲ့ပေမယ့် လူးဝစ် ဗန်ဟားလ် အထွက်၊ မော်ရင်ညို နည်းပြ ဖြစ်လာတဲ့နောက် ပြင်သစ်သားဟာ ခြေစွမ်း ပြန်မြုပ်သွားခဲ့ပါတယ်။ မော်ရင်ညိုက မာရှယ်ကို အပြောင်းအရွှေ့ကာလ နှစ်ကြိမ်ဆက် ရောင်းချဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် ဆိုးရှား နည်းပြ ဖြစ်လာပြီးနောက် လပိုင်း အကြာမှာပဲ မာရှယ်က ယူနိုက်တက်နဲ့ ကာလရှည် စာချုပ်သစ် လက်မှတ်ထိုးခဲ့ပြီး မန်ချက်စတာမှာ ဆက် ခြေချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆိုးရှားကတော့ မာရှယ်ဟာ သူ့ရဲ့ အကောင်းဆုံး ဘောလုံးရာသီ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

” မာရှယ်က ဒဏ်ရာတွေနဲ့ ခက်ခဲတဲ့ ဘောလုံးရာသီ ကြုံခဲ့ရတယ်။ ဒါပေမယ့် ဒီရာသီမှာ သူ ကောင်းစွာ စတင်ခဲ့ပြီး ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ဖို့လည်း လုပ်နေတယ်။ ဘောလုံးရာသီကတော့ မပြီးသေးဘူးပေါ့ ဒါပေမယ့် ခြေစွမ်းကောင်းတွေနဲ့ မာရှယ်က လုပ်ပြထားတယ်။

သူက တကယ်ကို အလုပ်ကြိုးစားတဲ့သူပါ။ ကျနော့် အမြင်တော့ အန်တိုနီ (မာရှယ်)က မန်ချက်စတာ ယူနိုက်တက်မှာ သူ့ အကောင်းဆုံး ရာသီ ကို ဖန်တီး ပုံဖော်နေတယ်လို့ မြင်တယ်။ ပွဲတွေ ပြန်ကစားရရင် သူ ဘာတွေ လုပ်ပြဦးမလဲ စောင့်ကြည့်ကြတာပေါ့ဗျာ။ သူနဲ့ ဘရူနိုက အတူတွဲပြီး နားလည်မှု ရှိရှိ ကစားနေတယ်။ ဒီကနေ အသီးအပွင့်တွေ ခံစားရမယ်လို့ မျှော်လင့်ထားတယ်။ ” လို့ နည်းပြ ဆိုးရှားက ဆိုပါတယ်။

မာရှယ်ဟာ ဒီရာသီမှာ ဝန်ကြီးလှတဲ့ နံပါတ် ၉ ဂျာစီကို ဝတ်ဆင် ကစားနေတာ ဖြစ်ပါတယ်။ ဒီရာသီ အသင်း အတွက် ၃၄ ပွဲ ကစား ထားရာမှာ ပြင်သစ်သားက ၁၆ ဂိုး သွင်းယူထားပြီး ဖြစ်ပါတယ်။ ဒါတောင် ဒီရာသီရဲ့ သုံးလတာလောက် ဒဏ်ရာကြောင့် မပါဝင်နိုင်ဘဲ လွဲချော်ခဲ့သေးတာ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားက တိုက္စစ္မွဴး မာရွယ္က ဒီရာသီမွာ သူ႔ရဲ႕ အေကာင္းဆံုး ေဘာလံုးရာသီ အျဖစ္ပါ အစြမ္းျပ ေနတယ္လို႔ ယူဆထားျပီး ကြင္းလယ္က ဘရူနို ဖာနန္ဒက္စ္နဲ႕ အတြဲညီညီ နားလည္မႈရေနတယ္လို႔ ခ်ီးက်ဴးလိုက္ပါတယ္။ ဆိုးရွားက လက္ရွိ မာရွယ္ဟာ ေမာ္ရင္ညိဳ ရွိစဥ္ကထက္ ပိုေကာင္းေနတယ္လို႕ ယံုၾကည္ေနတာပါ။

မာရွယ္ဟာ မိုနာကိုကေန ၂၀၁၅ တုန္းက ေပါင္ ၃၆ သန္းနဲ႕ ေျပာင္းေရႊ႕လာစဥ္တုန္းက ပြဲဦးထြက္ရာသီမွာ ၁၇ ဂိုး သြင္းျပခဲ့ေပမယ့္ လူး၀စ္ ဗန္ဟားလ္ အထြက္၊ ေမာ္ရင္ညိဳ နည္းျပ ျဖစ္လာတဲ့ေနာက္ ျပင္သစ္သားဟာ ေျခစြမ္း ျပန္ျမဳပ္သြားခဲ့ပါတယ္။ ေမာ္ရင္ညိဳက မာရွယ္ကို အေျပာင္းအေရႊ႕ကာလ နွစ္ၾကိမ္ဆက္ ေရာင္းခ်ဖို႔ ၾကိဳးစားခဲ့ပါတယ္။

ဒါေပမယ့္ ဆိုးရွား နည္းျပ ျဖစ္လာျပီးေနာက္ လပိုင္း အၾကာမွာပဲ မာရွယ္က ယူနိုက္တက္နဲ႕ ကာလရွည္ စာခ်ဳပ္သစ္ လက္မွတ္ထိုးခဲ့ျပီး မန္ခ်က္စတာမွာ ဆက္ ေျခခ်ဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ဆိုးရွားကေတာ့ မာရွယ္ဟာ သူ႔ရဲ႕ အေကာင္းဆံုး ေဘာလံုးရာသီ ပိုင္ဆိုင္ထားတယ္လို႕ ဆိုပါတယ္။

” မာရွယ္က ဒဏ္ရာေတြနဲ႕ ခက္ခဲတဲ့ ေဘာလံုးရာသီ ၾကံဳခဲ့ရတယ္။ ဒါေပမယ့္ ဒီရာသီမွာ သူ ေကာင္းစြာ စတင္ခဲ့ျပီး ေကာင္းေကာင္းမြန္မြန္ အဆံုးသတ္နုိင္ဖို႔လည္း လုပ္ေနတယ္။ ေဘာလံုးရာသီကေတာ့ မျပီးေသးဘူးေပါ့ ဒါေပမယ့္ ေျခစြမ္းေကာင္းေတြနဲ႕ မာရွယ္က လုပ္ျပထားတယ္။

သူက တကယ္ကို အလုပ္ၾကိဳးစားတဲ့သူပါ။ က်ေနာ့္ အျမင္ေတာ့ အန္တိုနီ (မာရွယ္)က မန္ခ်က္စတာ ယူနိုက္တက္မွာ သူ႔ အေကာင္းဆံုး ရာသီ ကို ဖန္တီး ပံုေဖာ္ေနတယ္လို႔ ျမင္တယ္။ ပြဲေတြ ျပန္ကစားရရင္ သူ ဘာေတြ လုပ္ျပဦးမလဲ ေစာင့္ၾကည့္ၾကတာေပါ့ဗ်ာ။ သူနဲ႕ ဘရူနိုက အတူတြဲျပီး နားလည္မႈ ရွိရွိ ကစားေနတယ္။ ဒီကေန အသီးအပြင့္ေတြ ခံစားရမယ္လို႔ ေမွ်ာ္လင့္ထားတယ္။ ” လို႔ နည္းျပ ဆိုးရွားက ဆိုပါတယ္။

မာရွယ္ဟာ ဒီရာသီမွာ ၀န္ၾကီးလွတဲ့ နံပါတ္ ၉ ဂ်ာစီကို ၀တ္ဆင္ ကစားေနတာ ျဖစ္ပါတယ္။ ဒီရာသီ အသင္း အတြက္ ၃၄ ပြဲ ကစား ထားရာမွာ ျပင္သစ္သားက ၁၆ ဂိုး သြင္းယူထားျပီး ျဖစ္ပါတယ္။ ဒါေတာင္ ဒီရာသီရဲ႕ သံုးလတာေလာက္ ဒဏ္ရာေၾကာင့္ မပါ၀င္နုိင္ဘဲ လြဲေခ်ာ္ခဲ့ေသးတာ ျဖစ္ပါတယ္။