ဟာလန်းကို ခေါ်ယူရေးမှာ ပြိုင်ဘက်တွေထက် လက်ဦးမှုယူဖို့ စောစော လှုပ်ရှားတော့မယ့် မန်စီးတီး

မန်စီးတီးအသင်း က ဒေါ့မွန်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူရေးမှာ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှု ယူဖို့ ခုတည်းက အကွက်ရွှေ့ လှုပ်ရှားဖို့ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။

ဟာလန်းကို ခေါ်ဖို့ ဇန်နဝါရီမှာ အေးဂျင့်နဲ့ အသေအချာ ဆွေးနွေးမှာ ဖြစ်ပြီး မန်စီးတီးဟာ ယူနိုက်တက်၊ ချယ်ဆီးတို့ထက် ခြေလှမ်း သွက်နေပါတယ်။

ပြီးခဲ့တဲ့နွေကတော့ ဒေါ့မွန်ဟာ ဟာလန်းကို မရောင်းဘူး ဆိုတဲ့ ဆုံးဖြတ်ချက် အတိုင်း ကမ်းလှမ်းမှုတွေကို အခိုင်အမာ ငြင်းဆိုခဲ့တာပါ။ နော်ဝေသားဟာ ဒီရာသီ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ၁၁ ပွဲ ကစားပြီးချိန် သွင်းဂိုး ၁၆ ဂိုးထိ ရှိနေပြီ ဖြစ်ပါတယ်။

မန်စီးတီးက အဂွယ်ရို နေရာ အစားထိုးနိုင်မယ့် တိုက်စစ်မှုးကောင်း အသည်းအသန် ခေါ်ယူလိုနေပြီး ကိန်းကို ခေါ်ယူဖို့ ကြိုးစားမှုတွေလည်း မအောင်မြင်ခဲ့တာကြောင့် ဟာလန်းကို အရ ခေါ်ဖို့ ဆုံးဖြတ်လာခဲ့တာပါ။ ဟာလန်းရဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၆၄ သန်းဟာ နောက်နှစ် ဇွန်လမှာ အသက်ဝင်မှာ ဖြစ်ပြီး စီးတီးကတော့ အပြောင်းအရွှေ့ ကိစ္စ ပြောဖို့ ရာသီကုန်ထိကို မစောင့်လိုတော့တာ ဖြစ်တယ်လို့ သိရပါတယ်။

The Times သတင်း အဆိုအရ စီးတီးဟာ ဟာလန်းအေးဂျင့် ရွိုင်းအိုလာနဲ့ နယူးရီးယား ကာလလောက်မှာ ပြောဆို ဆွေးနွေးဖို့ ရည်ရွယ်ထားပြီး Puma ရဲ့ အကူအညီနဲ့ တွန်းအားပေးနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

ဟာလန်းကို စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်ကလည်း အလိုရှိပေမယ့် ဟာလန်းကို ခေါ်ယူရေးအပြင် ဘတ်ပီကိုလည်း စိတ်ဝင်စားနေတာကြောင့် ဘဏ္ဍာရေး အခြေအနေကိုလည်း ကြည့်ရဖို့ ရှိနေပါတယ်။

ချယ်ဆီးက လူကာကူ၊ ယူနိုက်တက်က ရော်နယ်ဒို ကို အသီးသီး ခေါ်ယူထားပြီ ဖြစ်တာကြောင့် ဟာလန်းကို ခေါ်ယူရေးမှာ မန်စီးတီးလောက် အလျင်လိုနေခြင်း မရှိပါဘူး။ ဂွာဒီယိုလာနဲ့ စီးတီးကတော့ တိုက်စစ်မှုး ပိုလိုအပ်နေတဲ့ အသင်း ဖြစ်တာကြောင့် လက်ဦးမှု ရယူလိုနေတာ ဖြစ်ပါတယ်။

Zawgyi

မန္စီးတီးအသင္း က ေဒါ့မြန္ၾကယ္ပြင့္ ဟာလန္းကို ေခၚယူေရးမွာ ပရီးမီးယားလိဂ္ ျပိဳင္ဘက္အသငး္ေတြထက္ လက္ဦးမႈ ယူဖို႔ ခုတည္းက အကြက္ေရႊ႕ လႈပ္ရွားဖို႔ ျပင္ဆင္ေနျပီ ျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။

ဟာလန္းကို ေခၚဖို႔ ဇန္န၀ါရီမွာ ေအးဂ်င့္နဲ႕ အေသအခ်ာ ေဆြးေႏြးမွာ ျဖစ္ျပီး မန္စီးတီးဟာ ယူနိုက္တက္၊ ခ်ယ္ဆီးတို႔ထက္ ေျခလွမ္း သြက္ေနပါတယ္။

ျပီးခဲ့တဲ့ေႏြကေတာ့ ေဒါ့မြန္ဟာ ဟာလန္းကို မေရာင္းဘူး ဆိုတဲ့ ဆံုးျဖတ္ခ်က္ အတိုင္း ကမ္းလွမ္းမႈေတြကို အခိုင္အမာ ျငင္းဆိုခဲ့တာပါ။ ေနာ္ေ၀သားဟာ ဒီရာသီ ကလပ္အသင္းနဲ႕ နုိင္ငံအသင္းအတြက္ ၁၁ ပြဲ ကစားျပီးခ်ိန္ သြင္းဂိုး ၁၆ ဂိုးထိ ရွိေနျပီ ျဖစ္ပါတယ္။

မန္စီးတီးက အဂြယ္ရို ေနရာ အစားထိုးနိုင္မယ့္ တိုက္စစ္မႈးေကာင္း အသည္းအသန္ ေခၚယူလိုေနျပီး ကိန္းကို ေခၚယူဖို႔ ၾကိဳးစားမႈေတြလည္း မေအာင္ျမင္ခဲ့တာေၾကာင့္ ဟာလန္းကို အရ ေခၚဖို႔ ဆံုးျဖတ္လာခဲ့တာပါ။ ဟာလန္းရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကး ေပါင္ ၆၄ သန္းဟာ ေနာက္နွစ္ ဇြန္လမွာ အသက္၀င္မွာ ျဖစ္ျပီး စီးတီးကေတာ့ အေျပာင္းအေရႊ႕ ကိစၥ ေျပာဖို႔ ရာသီကုန္ထိကို မေစာင့္လိုေတာ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

The Times သတင္း အဆိုအရ စီးတီးဟာ ဟာလန္းေအးဂ်င့္ ရြိဳင္းအိုလာနဲ႕ နယူးရီးယား ကာလေလာက္မွာ ေျပာဆို ေဆြးေႏြးဖို႔ ရည္ရြယ္ထားျပီး Puma ရဲ႕ အကူအညီနဲ႕ တြန္းအားေပးနုိင္မယ္လို႔ ယံုၾကည္မႈ ရွိေနပါတယ္။

ဟာလန္းကို စပိန္ထိပ္သီး ရီးရဲလ္မက္ဒရစ္ကလည္း အလိုရွိေပမယ့္ ဟာလန္းကို ေခၚယူေရးအျပင္ ဘတ္ပီကိုလည္း စိတ္၀င္စားေနတာေၾကာင့္ ဘ႑ာေရး အေျခအေနကိုလည္း ၾကည့္ရဖို႔ ရွိေနပါတယ္။

ခ်ယ္ဆီးက လူကာကူ၊ ယူနိုက္တက္က ေရာ္နယ္ဒို ကို အသီးသီး ေခၚယူထားျပီ ျဖစ္တာေၾကာင့္ ဟာလန္းကို ေခၚယူေရးမွာ မန္စီးတီးေလာက္ အလ်င္လိုေနျခင္း မရွိပါဘူး။ ဂြာဒီယိုလာနဲ႕ စီးတီးကေတာ့ တိုက္စစ္မႈး ပိုလိုအပ္ေနတဲ့ အသင္း ျဖစ္တာေၾကာင့္ လက္ဦးမႈ ရယူလိုေနတာ ျဖစ္ပါတယ္။