စူပါကွန်ပျူတာရဲ့ ရာသီကုန် အမှတ်ပေးဇယားရပ်တည်မှု ခန့်မှန်း ထွက်ပေါ်လာ

ဒီရာသီ ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြီးဆုံးချိန်မှာ ထွက်ပေါ်လာမယ့် အမှတ်ပေးဇယား ကို စူပါကွန်ပျူတာရဲ့ တွက်ချက် ခန့်မှန်းမှု ထွက်ပေါ်လာပါတယ်။ ဒီထဲမှာ အားလုံးစိတ်ဝင်စား စောင့်မျှော်နေတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ထိပ်သီးလေးသင်းလည်း အပါအဝင်ပါ။

ဇွန် ၁၇ ရက် ပွဲတွေ ပြန်စရင် ပရီးမီးယားလိဂ် ပွဲကျန်က တစ်သင်း ၉ ပွဲစီလောက် ကစားဖို့ ကျန်ရှိနေတာပါ။ စူပါကွန်ပျူတာရဲ့ တွက်ချက်ပုံကတော့ ပြီးခဲ့တဲ့ ငါး ရာသီဆက် နောက်ဆုံး ၉ ပွဲ ရမှတ်တွေကို ပြန်စုကာ ပျမ်းမျှယူ တွက်ချက်ကာ ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ ချယ်ဆီးအသင်းက အဆင့် ၄ နေရာ ရှိနေပြီး နောက်မှာ ယူနိုက်တက်က နီးနီးကပ်ကပ် ၃ မှတ် အကွာက လိုက်ပါနေပါတယ်။ စူပါကွန်ပျူတာရဲ့ တွက်ချက်ထားတဲ့ အမှတ်ပေးဇယား နောက်ဆုံး ရပ်တည်မှုက အောက်ပါအတိုင်း ဖြစ်ပါတယ်။

လီဗာပူးက ရမှတ် ၉၉ မှတ်နဲ့ ဗိုလ်စွဲသွားမယ်လို့ ဆိုထားပြီး ကျန်တဲ့ မန်စီးတီး၊ လက်စတာ၊ ချယ်ဆီးတို့ကလည်း အဆင့် ၄ ထိ လက်ရှိ အတိုင်း ဆက်လက် ရပ်တည်နေမှာ ဖြစ်တယ်လို့ စူပါကွန်ပျူတာက ဆိုပါတယ်။ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ကတော့ မျက်နှာသာ ပေးခြင်း မခံရဘဲ အဆင့် ၅ နဲ့ အဆင့် ၇ မှာ ရပ်တည်နေမယ်လို့ ခန့်မှန်းထားပါတယ်။

ယူနိုက်တက်ဟာ မန်စီးတီးသာ ဥရောပဝင်ခွင့် ပိတ်ခံရတဲ့ အယူခံ မအောင်မြင်ပါက အဆင့် ၅ နေရာမှာ ရှိရင်လည်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ဖို့ ရှိနေပါတယ်။ တန်းဆင်း သုံးသင်း အနေနဲ့ အက်စတွန်ဗီလာ၊ နောဝစ်ချ်နဲ့ ဝက်ဖို့ဒ်တို့ ဖြစ်သွားမယ်လို့ ဆိုထားပါတယ်။

Zawgyi – ဒီရာသီ ပရီးမီးယားလိဂ္ ေဘာလံုးရာသီ ျပီးဆံုးခ်ိန္မွာ ထြက္ေပၚလာမယ့္ အမွတ္ေပးဇယား ကို စူပါကြန္ပ်ဴတာရဲ႕ တြက္ခ်က္ ခန္႔မွန္းမႈ ထြက္ေပၚလာပါတယ္။ ဒီထဲမွာ အားလံုးစိတ္၀င္စား ေစာင့္ေမွ်ာ္ေနတဲ့ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ထိပ္သီးေလးသင္းလည္း အပါအ၀င္ပါ။

ဇြန္ ၁၇ ရက္ ပြဲေတြ ျပန္စရင္ ပရီးမီးယားလိဂ္ ပြဲက်န္က တစ္သင္း ၉ ပြဲစီေလာက္ ကစားဖို႔ က်န္ရွိေနတာပါ။ စူပါကြန္ပ်ဴတာရဲ႕ တြက္ခ်က္ပံုကေတာ့ ျပီးခဲ့တဲ့ ငါး ရာသီဆက္ ေနာက္ဆံုး ၉ ပြဲ ရမွတ္ေတြကို ျပန္စုကာ ပ်မ္းမွ်ယူ တြက္ခ်က္ကာ ထည့္သြင္းလိုက္တာ ျဖစ္ပါတယ္။

လက္ရွိ အမွတ္ေပးဇယားမွာ ခ်ယ္ဆီးအသင္းက အဆင့္ ၄ ေနရာ ရွိေနျပီး ေနာက္မွာ ယူနိုက္တက္က နီးနီးကပ္ကပ္ ၃ မွတ္ အကြာက လိုက္ပါေနပါတယ္။ စူပါကြန္ပ်ဴတာရဲ႕ တြက္ခ်က္ထားတဲ့ အမွတ္ေပးဇယား ေနာက္ဆံုး ရပ္တည္မႈက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

လီဗာပူးက ရမွတ္ ၉၉ မွတ္နဲ႕ ဗိုလ္စြဲသြားမယ္လို႔ ဆိုထားျပီး က်န္တဲ့ မန္စီးတီး၊ လက္စတာ၊ ခ်ယ္္ဆီးတို႔ကလည္း အဆင့္ ၄ ထိ လက္ရွိ အတိုင္း ဆက္လက္ ရပ္တည္ေနမွာ ျဖစ္တယ္လို႔ စူပါကြန္ပ်ဴတာက ဆိုပါတယ္။ ယူနိုက္တက္နဲ႕ အာဆင္နယ္တို႔ကေတာ့ မ်က္နွာသာ ေပးျခင္း မခံရဘဲ အဆင့္ ၅ နဲ႕ အဆင့္ ၇ မွာ ရပ္တည္ေနမယ္လို႔ ခန္႔မွန္းထားပါတယ္။

ယူနိုက္တက္ဟာ မန္စီးတီးသာ ဥေရာပ၀င္ခြင့္ ပိတ္ခံရတဲ့ အယူခံ မေအာင္ျမင္ပါက အဆင့္ ၅ ေနရာမွာ ရွိရင္လည္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရရွိနိုင္ဖို႔ ရွိေနပါတယ္။ တန္းဆင္း သံုးသင္း အေနနဲ႕ အက္စတြန္ဗီလာ၊ ေနာ၀စ္ခ်္နဲ႕ ၀က္ဖို႔ဒ္တို႔ ျဖစ္သြားမယ္လို႔ ဆိုထားပါတယ္။