ကမ္ဘာ့အကောင်းဆုံးတွေထဲ ပါဝင်တဲ့ ခရစ္စတန်ဆန်
ချယ်ဆီး ခံစစ်မှုး ခရစ္စတန်ဆန်ဟာ ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်ပြီး ကမ္ဘာ့ အကောင်းဆုံး ခံစစ်မှုးတွေထဲ တစ်ယောက် အဖြစ် ပါဝင်တယ်လို့ ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်က ဒီတစ်ပတ် ပွဲမတိုင်ခင် ချီးကျူးစကား ဆိုလိုက်ပါတယ်။

မီခေးလ်ကို ကူညီခဲ့တဲ့ အက်ဆီယန်
ချယ်ဆီးအသင်းရဲ့ နိုင်ဂျီးရီးယား တိုက်စစ်သမားဟောင်း ဂျွန် အိုဘီ မီခေးလ်က လန်ဒန်ကလပ်မှာ အံဝင် အခြေကျစေအောင် အက်ဆီယန်က အဓိက အကြံပေး ကူညီခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။
မော်ရင်ညိုနဲ့ အဆင်မပြေလို့ ထွက်သွားရတဲ့ ဆာလက်၊ ဒီဘရိုင်း
ချယ်ဆီးအသင်း နည်းပြအဖွဲ့ဝင်ဟောင်း နယူတန်က လက်ရှိ လီဗာပူး၊ မန်စီးတီးတို့မှာ အဓိက အသင်းသားတွေ အဖြစ် ခြေစွမ်းပြနေတဲ့ ဆာလက်နဲ့ ဒီဘရိုင်းတို့ဟာ ချယ်ဆီးအသင်းမှာ ရှိစဉ်က နည်းပြ မော်ရင်ညိုနဲ့ သိပ်ကြီး ဆက်ဆံရေး အဆင်မချောတာကြောင့် ထွက်ခွာသွားခဲ့ရတာ ဖြစ်တယ်လို့ ဖော်ထုတ် ပြောဆိုလိုက်ပါတယ်။
ဗာနာကို ချီးကျူးလိုက်တဲ့ ဟန်ဆီဖလစ်
ဗာနာဟာ ဂျာမနီအသင်းရဲ့ မြောက် မက်ဆီဒိုးနီးယားကို နိုင်တဲ့ ပွဲမှာ ၂ဂိုးသွင်း ခြေစွမ်းပြခဲ့တဲ့ အပေါ် ဂျာမနီ နည်းပြ ဟန်ဆီဖလစ်က ကျေနပ်သဘောကျနေပြီး ပွဲအပြီးမှာ ချီးကျူးစကားတွေ ဆိုခဲ့ပါတယ်။
ရီးရဲလ် ရေဒါထဲ ရောက်နေတဲ့ ရူဒီဂါ
ရာသီကုန်မှာ ချယ်ဆီးနဲ့ စာချုပ် ကုန်ဆုံးတော့မယ့် ခံစစ်မှုး ရူဒီဂါကို စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်က မျက်စိကျနေပြီး ဗာရိန်းကို လက်လွှတ်ရပြီးနောက် အစားထိုး ပြန်ခေါ်ဖို့ ချိန်ရွယ်နေပါတယ်။ ရီးရဲလ်က ရူဒီဂါကို ဇန်နဝါရီတည်းက အကြို သဘောတူညီမှု ယူထားလိုနေပါတယ်။

Zawgyi
ကမၻာ့အေကာင္းဆံုးေတြထဲ ပါ၀င္တဲ့ ခရစၥတန္ဆန္
ခ်ယ္ဆီး ခံစစ္မႈး ခရစၥတန္ဆန္ဟာ ျပီးျပည့္စံုတဲ့ ကစားသမား ျဖစ္ျပီး ကမၻာ့ အေကာင္းဆံုး ခံစစ္မႈးေတြထဲ တစ္ေယာက္ အျဖစ္ ပါ၀င္တယ္လို႔ ဘရန္႔ဖို႕ဒ္ နည္းျပ ေသာမတ္စ္ ဖရန္႔က ဒီတစ္ပတ္ ပြဲမတိုင္ခင္ ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။
မီေခးလ္ကို ကူညီခဲ့တဲ့ အက္ဆီယန္
ခ်ယ္ဆီးအသင္းရဲ႕ နုိင္ဂ်ီးရီးယား တိုက္စစ္သမားေဟာင္း ဂၽြန္ အိုဘီ မီေခးလ္က လန္ဒန္ကလပ္မွာ အံ၀င္ အေျခက်ေစေအာင္ အက္ဆီယန္က အဓိက အၾကံေပး ကူညီခဲ့တယ္လို႔ ဖြင့္ဟလိုက္ပါတယ္။
ေမာ္ရင္ညိဳနဲ႕ အဆင္မေျပလို႔ ထြက္သြားရတဲ့ ဆာလက္၊ ဒီဘရိုင္း
ခ်ယ္ဆီးအသင္း နည္းျပအဖြဲ႕၀င္ေဟာင္း နယူတန္က လက္ရွိ လီဗာပူး၊ မန္စီးတီးတို႔မွာ အဓိက အသင္းသားေတြ အျဖစ္ ေျခစြမ္းျပေနတဲ့ ဆာလက္နဲ႕ ဒီဘရိုင္းတို႔ဟာ ခ်ယ္ဆီးအသင္းမွာ ရွိစဥ္က နည္းျပ ေမာ္ရင္ညိဳနဲ႕ သိပ္ၾကီး ဆက္ဆံေရး အဆင္မေခ်ာတာေၾကာင့္ ထြက္ခြာသြားခဲ့ရတာ ျဖစ္တယ္လို႔ ေဖာ္ထုတ္ ေျပာဆိုလုိက္ပါတယ္။
ဗာနာကို ခ်ီးက်ဴးလိုက္တဲ့ ဟန္ဆီဖလစ္
ဗာနာဟာ ဂ်ာမနီအသင္းရဲ႕ ေျမာက္ မက္ဆီဒိုးနီးယားကို နုိင္တဲ့ ပြဲမွာ ၂ဂိုးသြင္း ေျခစြမ္းျပခဲ့တဲ့ အေပၚ ဂ်ာမနီ နည္းျပ ဟန္ဆီဖလစ္က ေက်နပ္သေဘာက်ေနျပီး ပြဲအျပီးမွာ ခ်ီးက်ဴးစကားေတြ ဆိုခဲ့ပါတယ္။
ရီးရဲလ္ ေရဒါထဲ ေရာက္ေနတဲ့ ရူဒီဂါ
ရာသီကုန္မွာ ခ်ယ္ဆီးနဲ႕ စာခ်ဳပ္ ကုန္ဆံုးေတာ့မယ့္ ခံစစ္မႈး ရူဒီဂါကို စပိန္ထိပ္သီး ရီးရဲလ္မက္ဒရစ္က မ်က္စိက်ေနျပီး ဗာရိန္းကို လက္လႊတ္ရျပီးေနာက္ အစားထိုး ျပန္ေခၚဖို႔ ခ်ိန္ရြယ္ေနပါတယ္။ ရီးရဲလ္က ရူဒီဂါကို ဇန္န၀ါရီတည္းက အၾကိဳ သေဘာတူညီမႈ ယူထားလိုေနပါတယ္။
