လိုင်ယွန်မှာ ခြေစွမ်းပြ ကစားနေတဲ့ သရဲနီဟောင်း ဒီပေးကို ပရီးမီးယားလိဂ် ကလပ် အဲဗာတန် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒီပေးက လိုင်ယွန်နဲ့ ၂၀၂၁ မှာ စာချုပ်ကုန်ဆုံးတော့မှာပါ။
မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးရှားကတော့ တိုက်စစ်မှူး မာရှယ်က ဒီရာသီဟာ ပြင်သစ်သားရဲ့ ယူနိုက်တက် ကစားသမား ဘ၀ ကစားပြီးသမျှမှာ အကောင်းဆုံး ဘောလုံးရာသီ ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။
ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကတော့ ခံစစ်ပိုင်းမှာ နာမည်ကျော်နေတဲ့ ညာအစွန် ခံစစ်မှူး ဘစ်ဆာကာကို ကာရင်တန်က လေ့ကျင့်ရေးမှာ ခံစစ်စကေးတွေ ပြသသွားပါတယ်။
ပရီးမီးယားလိဂ် ပွဲတွေ ပြန်စရင် နည်းပြ ဆိုးရှားက ကွင်းလယ် ကစားသမား ပေါ့ဘာကို တိုက်စစ် လိုက်ပါဖန်တီးမယ့် နံပါတ် ၁၀ နေရာ ဝင် ကစားစေဖို့ ရည်ရွယ်နေပါတယ်။
ယူနိုက်တက်ရဲ့ လက်ရှိ ကွင်းလယ်မှာ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ ဖရက်၊ မာတစ်၊ တော်မီနေးတို့ ရှိနေပြီး ခိုင်မာနေတာကြောင့် ဂရေးလစ်ချ်၊ ဆောနီဂွက်ဇ်တို့လို ကစားသမားတွေ ပစ်မှတ်ထား ခေါ်ယူဖို့ မလိုသေးကြောင်း ဘာဘာတော့က သုံးသပ် ထောက်ပြခဲ့ပါတယ်။
ယူနိုက်တက်ဟာ အင်္ဂါနေ့မှာ ချန်ပီယံရှစ်ကလပ် စတုတ်အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ပြင်ဆင်ထားခဲ့ပေမယ့် စတုတ်မန်နေဂျာ မိုင်ကယ် အိုနေး ကိုဗစ်ပိုးတွေ့ကြောင့် သိရတာကြောင့် အရေးပေါ် ဖျက်သိမ်းခဲ့ရပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ငယ်ရွယ်ပြီး နောက်ထပ် ဆယ်စုနှစ် တစ်ခုကြာ အသင်းနဲ့ အတူ ကစားမယ့် ဝိန်းရွန်နီလက်သစ် တိုက်စစ်မှူးမျိုး လိုအပ်နေကြောင်း အိုဝင်က သုံးသပ်လိုက်ပြီး ဂရင်းဝုဒ်က ထိုသို့ တိုက်စစ်မှူးမျိုး ဖြစ်လာနိုင်ကြောင်း ထောက်ခံလိုက်ပါတယ်။
Zawgyi – လိုင္ယြန္မွာ ေျခစြမ္းျပ ကစားေနတဲ့ သရဲနီေဟာင္း ဒီေပးကို ပရီးမီးယားလိဂ္ ကလပ္ အဲဗာတန္ အသင္းက ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။ ဒီေပးက လိုင္ယြန္နဲ႕ ၂၀၂၁ မွာ စာခ်ဳပ္ကုန္ဆံုးေတာ့မွာပါ။
မန္ခ်က္စတာယူနုိက္တက္ နည္းျပ ဆိုးရွားကေတာ့ တိုက္စစ္မွဴး မာရွယ္က ဒီရာသီဟာ ျပင္သစ္သားရဲ႕ ယူနုိက္တက္ ကစားသမား ဘ၀ ကစားျပီးသမွ်မွာ အေကာင္းဆံုး ေဘာလံုးရာသီ ျဖစ္လာမယ္လို႔ ယံုၾကည္ေနပါတယ္။
ကြင္းလယ္ကစားသမား ဘရူနို ဖာနန္ဒက္စ္ကေတာ့ ခံစစ္ပိုင္းမွာ နာမည္ေက်ာ္ေနတဲ့ ညာအစြန္ ခံစစ္မွဴး ဘစ္ဆာကာကို ကာရင္တန္က ေလ့က်င့္ေရးမွာ ခံစစ္စေကးေတြ ျပသသြားပါတယ္။
ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စရင္ နည္းျပ ဆိုးရွားက ကြင္းလယ္ ကစားသမား ေပါ့ဘာကို တိုက္စစ္ လိုက္ပါဖန္တီးမယ့္ နံပါတ္ ၁၀ ေနရာ ၀င္ ကစားေစဖို႔ ရည္ရြယ္ေနပါတယ္။
ယူနိုက္တက္ရဲ႕ လက္ရွိ ကြင္းလယ္မွာ ေပါ့ဘာ၊ ဖာနန္ဒက္စ္၊ ဖရက္၊ မာတစ္၊ ေတာ္မီေနးတို႔ ရွိေနျပီး ခိုင္မာေနတာေၾကာင့္ ဂေရးလစ္ခ်္၊ ေဆာနီဂြက္ဇ္တို႕လို ကစားသမားေတြ ပစ္မွတ္ထား ေခၚယူဖို႔ မလိုေသးေၾကာင္း ဘာဘာေတာ့က သံုးသပ္ ေထာက္ျပခဲ့ပါတယ္။
ယူႏုိက္တက္ဟာ အဂၤါေန႔မွာ ခ်န္ပီယံရွစ္ကလပ္ စတုတ္အသင္းနဲ႔ ေျခစမ္းပြဲ ကစားဖို႔ ျပင္ဆင္ထားခ့ဲေပမယ့္ စတုတ္မန္ေနဂ်ာ မိုင္ကယ္ အိုေနး ကိုဗစ္ပိုးေတြ႔ေၾကာင့္ သိရတာေၾကာင့္ အေရးေပၚ ဖ်က္သိမ္းခဲ့ရပါတယ္။
မန္ခ်က္စတာ ယူနုိက္တက္ဟာ ငယ္ရြယ္ျပီး ေနာက္ထပ္ ဆယ္စုနွစ္ တစ္ခုၾကာ အသင္းနဲ႕ အတူ ကစားမယ့္ ၀ိန္းရြန္နီလက္သစ္ တိုက္စစ္မွဴးမ်ိဳး လိုအပ္ေနေၾကာင္း အို၀င္က သံုးသပ္လိုက္ျပီး ဂရင္း၀ုဒ္က ထိုသို႔ တိုက္စစ္မွဴးမ်ိဳး ျဖစ္လာနုိင္ေၾကာင္း ေထာက္ခံလိုက္ပါတယ္။