ယူနိုက်တက် နောက်ဆုံးကြိုးစားနေတဲ့ ကွင်းလယ်ပစ်မှတ်ကို သရဲနီဟောင်း ရာဖေး ထောက်ခံ

ယူနိုက်တက် ကစားသမားဟောင်း ဖြစ်တဲ့ ရာဖေးက မန်ချက်စတာ ကလပ် ပစ်မှတ်ထားနေတယ် နောက်ဆုံး သတင်းထွက်ထားတဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမား ကိုရန်တင် တိုလစ်ဆိုဟာ ယူနိုက်တက် အတွက် ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်တယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ပြင်သစ်သားဟာ ဂျာမန်ကလပ်နဲ့ ၂၀၂၂ ထိ စာချုပ် ကျန်ရှိသေးပြီး အသင်းမှာ ပုံမှန် ပွဲကစားခွင့် ရဖို့ ရုန်းကန် နေရတာကြောင့် နွေမှာ အသင်းပြောင်းရွှေ့လိုနေပါတယ်။ ဒီထဲမှာ အိုးထရက်ဖို့ဒ်က တိုလစ်ဆို အတွက် ဖြစ်နိုင်တဲ့ လားရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။

တိုလစ်ဆိုဟာ ၂၀၁၇ မှာ လိုင်ယွန်ကနေ ဘိုင်ယန်ကို ယူရို ၄၁ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ရာဖေးကတော့ တိုလစ်ဆို ကို လုံး၀ မြင့်မြင့်မားမား မှန်းထားပြီး ယူနိုက်တက်အတွက် သင့်တော်တဲ့ ကစားသမား ဖြစ်တယ် ယုံကြည်နေပါတယ်။

” တိုလစ်ဆို က ကျနော် အတူ ကစားဖူးတဲ့ထဲ အကောင်းဆုံး ကွင်းလယ်တွေထဲ ပါပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက် အတွက်တော့ လုံး၀ ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်မှာပါ။ သူ အဲဒီကို သွားနိုင်ဖို့ ကျနော် မျှော်လင့်တယ်။ ” လို့ ရာဖေးက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

တိုလစ်ဆို က ဒီရာသီ ဘိုင်ယန်မြူးနစ် အတွက် ၂၄ ပွဲ ပါဝင် ကစားထားပြီး ၃ ဂိုးသွင်း၊ ၅ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ ၂၄ ပွဲ ကစားရပေမယ့် ပွဲထွက်က ပါဝင်ခဲ့တာ ၁၅ ပွဲ ဖြစ်ပြီး ကျန်ပွဲတွေက လူစားဝင် ကစားရတာ ဖြစ်ပါတယ်။

ဂျာမနီဘက်က သတင်းတွေ အရတော့ ယူနိုက်တက်ဟာ တိုလစ်ဆို ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်ထားပြီး ပြင်သစ်သားကို ယူရို ၃၅ သန်း လောက်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Zawgyi – ယူနိုက္တက္ ကစားသမားေဟာင္း ျဖစ္တဲ့ ရာေဖးက မန္ခ်က္စတာ ကလပ္ ပစ္မွတ္ထားေနတယ္ ေနာက္ဆံုး သတင္းထြက္ထားတဲ့ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္ ကစားသမား ကိုရန္တင္ တိုလစ္ဆိိုဟာ ယူနိုက္တက္ အတြက္ ျပီးျပည့္စံုတဲ့ ကစားသမား ျဖစ္တယ္လို႔ ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

အသက္ ၂၅ နွစ္အရြယ္ ျပင္သစ္သားဟာ ဂ်ာမန္ကလပ္နဲ႕ ၂၀၂၂ ထိ စာခ်ဳပ္ က်န္ရွိေသးျပီး အသင္းမွာ ပံုမွန္ ပြဲကစားခြင့္ ရဖို႔ ရုန္းကန္ ေနရတာေၾကာင့္ ေႏြမွာ အသင္းေျပာင္းေရႊ႕လိုေနပါတယ္။ ဒီထဲမွာ အိုးထရက္ဖို႔ဒ္က တိုလစ္ဆို အတြက္ ျဖစ္နုိင္တဲ့ လားရာ တစ္ခု ျဖစ္လာခဲ့ပါတယ္။

တိုလစ္ဆိုဟာ ၂၀၁၇ မွာ လိုင္ယြန္ကေန ဘိုင္ယန္ကို ယူရို ၄၁ သန္းနဲ႕ ေျပာင္းေရႊ႕ခဲ့တာ ျဖစ္ပါတယ္။ ရာေဖးကေတာ့ တိုလစ္ဆို ကို လံုး၀ ျမင့္ျမင့္မားမား မွန္းထားျပီး ယူနိုက္တက္အတြက္ သင့္ေတာ္တဲ့ ကစားသမား ျဖစ္တယ္ ယံုၾကည္ေနပါတယ္။

” တိုလစ္ဆို က က်ေနာ္ အတူ ကစားဖူးတဲ့ထဲ အေကာင္းဆံုး ကြင္းလယ္ေတြထဲ ပါပါတယ္။ သူက မန္ခ်က္စတာ ယူနုိက္တက္ အတြက္ေတာ့ လံုး၀ ျပီးျပည့္စံုတဲ့ ကစားသမား ျဖစ္မွာပါ။ သူ အဲဒီကို သြားနို္င္ဖို႔ က်ေနာ္ ေမွ်ာ္လင့္တယ္။ ” လို႔ ရာေဖးက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

တိုလစ္ဆို က ဒီရာသီ ဘိုိင္ယန္ျမဴးနစ္ အတြက္ ၂၄ ပြဲ ပါ၀င္ ကစားထားျပီး ၃ ဂိုးသြင္း၊ ၅ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ ၂၄ ပြဲ ကစားရေပမယ့္ ပြဲထြက္က ပါ၀င္ခဲ့တာ ၁၅ ပြဲ ျဖစ္ျပီး က်န္ပြဲေတြက လူစား၀င္ ကစားရတာ ျဖစ္ပါတယ္။

ဂ်ာမနီဘက္က သတင္းေတြ အရေတာ့ ယူနိုက္တက္ဟာ တိုလစ္ဆို ကို ေခၚယူဖို႕ ေဆြးေႏြးမႈေတြ စတင္ထားျပီး ျပင္သစ္သားကို ယူရို ၃၅ သန္း ေလာက္နဲ႕ ေခၚယူနုိင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။