ရွိုင်းအိုလာ စ ခြေရှုပ်နေခြင်းနဲ့ တနင်္လာနေ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

စပိန် သတင်းဌာနတွေ အဆိုအရ အေးဂျင့် ရွိုင်းအိုလာဟာ သူ့ ကစားသမား ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်ထံ နောက်နှစ် နွေမှာ အလွတ်နဲ့ ပြောင်းဖို့ တွန်းအားပေးနေကြောင်း သိရပါတယ်။ ပြင်သစ်သားဟာ တစ်နှစ် လုပ်ခ ပေါင် ၁၂ သန်း နဲ့ ကမ်းလှမ်းခံရဖွယ် ရှိပြီး ဇန်နဝါရီမှာတင် ပြည်ပကလပ်တွေနဲ့ ဆွေးနွေးနိုင်တော့မှာပါ။

လက်စတာနဲ့ ပွဲမှာ ယူနိုက်တက် အတွက် ပြန် ပါဝင်ကစားနိုင်ခဲ့ပြီး ဂိုးလည်း သွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှုး ရက်ဖို့ဒ် အတွက် နည်းပြ ဆိုးရှားက ဝမ်းမြောက်နေပြီး အင်္ဂလန်သား ဆီက ဂိုးတွေ ပိုမြင်ရဖို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။

ဂျူးလက်စ် ကွန်ဒဲလ်က နောက်နှစ်မှာ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး သူ့အေးဂျင့်ကို ယူနိုက်တက်နဲ့ ပြောဆိုထားဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ပြင်သစ်သားကို အသည်းအသန် ခေါ်ချင်ခဲ့ပေမယ့် ဆီဗီလာက ပေါင် ၇၅ သန်းထက် နည်းရင် မရောင်းဘူး ဆိုတာကြောင့် မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ နောက်နှစ်မှာ ယူနိုက်တက် ကွင်းလယ်ကစားသမား နီမန်ဂျာ မာတစ်ကို ခေါ်ယူဖို့ ချိတ်ဆက် ထားကြောင်း သိရပါတယ်။ ဆားဘီးယား ကွင်းလယ်သမားကို ဘာစီလိုနာက ဆာဂျီ ရော်ဘတ်တို နေရာ အစားထိုးဖို့ ဘာစီလိုနာက ရည်ရွယ်ထားပြီး နောက်နှစ်နွေမှာ ပေါင် ၁၀ သန်းလောက်နဲ့ ခေါ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

အာဆင်နယ်နဲ့ ဝက်စ်ဟမ်း ကွင်းလယ်ဟောင်း ဂျက် ဝီရှိုင်းယားက ဒီကလန် ရိုက်စ်ကို ဝက်စ်ဟမ်းမှာပဲ ဆက်နေဖို့ တိုက်တွန်းခဲ့ပါတယ်။ သူက အသင်းခေါင်းဆောင်၊ အဓိကသူ ဖြစ်ပြီး အပတ်စဉ်တိုင်း ပရီးမီးယားလိဂ် ကစားနေရတာ ဖြစ်ကာ အသင်းကလည်း လမ်းကြောင်းမှန်ပေါ် သွားနေတာကြောင့် မပြောင်းသင့်ကြောင်း ဝီရှိုင်းယားက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက် တာဝန်ရှိသူတွေဟာ လာမယ့် တနင်္ဂနွေနေ့ လီဗာပူးနဲ့ ကစားမယ့် ပွဲမှာ ပရိသတ်တွေက အိုးထရက်ဖို့ဒ်ကွင်းမှာ ဆန္ဒပြမှုတွေ လုပ်ဖို့ ရှိကြောင်း သတင်းကြားထားတာကြောင့် မန်ချက်စတာ ရဲအဖွဲ့အား ကြို အကြောင်းကြားထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

Zawgyi

စပိန္ သတင္းဌာနေတြ အဆိုအရ ေအးဂ်င့္ ရြိဳင္းအိုလာဟာ သူ႔ ကစားသမား ေပါ့ဘာကို ရီးရဲလ္မက္ဒရစ္ထံ ေနာက္နွစ္ ေႏြမွာ အလြတ္နဲ႕ ေျပာင္းဖို႔ တြန္းအားေပးေနေၾကာင္း သိရပါတယ္။ ျပင္သစ္သားဟာ တစ္နွစ္ လုပ္ခ ေပါင္ ၁၂ သန္း နဲ႕ ကမ္းလွမ္းခံရဖြယ္ ရွိျပီး ဇန္န၀ါရီမွာတင္ ျပည္ပကလပ္ေတြနဲ႕ ေဆြးေႏြးနိုင္ေတာ့မွာပါ။

လက္စတာနဲ႕ ပြဲမွာ ယူနိုက္တက္ အတြက္ ျပန္ ပါ၀င္ကစားနုိင္ခဲ့ျပီး ဂိုးလည္း သြင္းနုိင္ခဲ့တဲ့ တိုက္စစ္မႈး ရက္ဖို႔ဒ္ အတြက္ နည္းျပ ဆိုးရွားက ၀မ္းေျမာက္ေနျပီး အဂၤလန္သား ဆီက ဂိုးေတြ ပိုျမင္ရဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုထားပါတယ္။

ဂ်ဴးလက္စ္ ကြန္ဒဲလ္က ေနာက္နွစ္မွာ မန္ခ်က္စတာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕ဖို႔ စိတ္၀င္စားေနျပီး သူ႔ေအးဂ်င့္ကို ယူနိုက္တက္နဲ႕ ေျပာဆိုထားဖို႔ ညႊန္ၾကားထားေၾကာင္း သိရပါတယ္။ ယူနိုက္တက္ဟာ ျပင္သစ္သားကို အသည္းအသန္ ေခၚခ်င္ခဲ့ေပမယ့္ ဆီဗီလာက ေပါင္ ၇၅ သန္းထက္ နည္းရင္ မေရာင္းဘူး ဆိုတာေၾကာင့္ မေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာဟာ ေနာက္နွစ္မွာ ယူနိုက္တက္ ကြင္းလယ္ကစားသမား နီမန္ဂ်ာ မာတစ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ ထားေၾကာင္း သိရပါတယ္။ ဆားဘီးယား ကြင္းလယ္သမားကို ဘာစီလိုနာက ဆာဂ်ီ ေရာ္ဘတ္တို ေနရာ အစားထိုးဖို႔ ဘာစီလိုနာက ရည္ရြယ္ထားျပီး ေနာက္နွစ္ေႏြမွာ ေပါင္ ၁၀ သန္းေလာက္နဲ႕ ေခၚနုိင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။

အာဆင္နယ္နဲ႕ ၀က္စ္ဟမ္း ကြင္းလယ္ေဟာင္း ဂ်က္ ၀ီရွိဳင္းယားက ဒီကလန္ ရိုက္စ္ကို ၀က္စ္ဟမ္းမွာပဲ ဆက္ေနဖို႔ တိုက္တြန္းခဲ့ပါတယ္။ သူက အသင္းေခါင္းေဆာင္၊ အဓိကသူ ျဖစ္ျပီး အပတ္စဥ္တိုင္း ပရီးမီးယားလိဂ္ ကစားေနရတာ ျဖစ္ကာ အသင္းကလည္း လမ္းေၾကာင္းမွန္ေပၚ သြားေနတာေၾကာင့္ မေျပာင္းသင့္ေၾကာင္း ၀ီရွိဳင္းယားက ဆိုပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ တာ၀န္ရွိသူေတြဟာ လာမယ့္ တနဂၤေႏြေန႔ လီဗာပူးနဲ႕ ကစားမယ့္ ပြဲမွာ ပရိသတ္ေတြက အိုးထရက္ဖို႔ဒ္ကြင္းမွာ ဆႏၵျပမႈေတြ လုပ္ဖို႔ ရွိေၾကာင္း သတင္းၾကားထားတာေၾကာင့္ မန္ခ်က္စတာ ရဲအဖြဲ႕အား ၾကိဳ အေၾကာင္းၾကားထားတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။