ဘေးလ်၊ အဂွယ်ရို၊ အိုင်ကာဒီ တို့နဲ့ တနင်္လာနေ့ ညပိုင်း ဥရောပတခွင်မှ အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးအသင်းဟာ ဇန်နဝါရီမှာ ကွင်းလယ်လူ ဘာကလေကို ဘန်လေအသင်းထံ ရောင်းထုတ်ပြီး နော့ဝစ်အသင်းမှ ကွင်းလယ်လူ ဂေလ်းမားကို ပြန်လည် ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ အငှားချထားတဲ့ ဂေလ်းမာရဲ့ တိုးတက်မှုကို ချယ်ဆီးဘက်က အားမရနိုင် ဖြစ်နေပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဘာပေးနေရာ အစားထိုးဖို့ ဒေါ့မွန်တိုက်စစ်သမား ဟာလန်းကို ခေါ်ယူနိုင်ခြင်း မရှိပါက ဘိုင်ယန်မြူးနစ်မှ တိုက်စစ်သမား လီဝမ်ဒေါစကီးကို ခေါ်ယူလိုနေပါတယ်။

ဘာစီလိုနာဟာ ဖာတီအတွက် သက်တမ်းတိုးစာချုပ်သစ် ပေးလိုပေမယ့် ကလပ်ဘက်က ထည့်သွင်းထားတဲ့ ယူရို ၁ ဘီလျံဖြင့် ကမ်းလှမ်းလာမှ အသင်းပြောင်းခွင့်ကို ကစားသမားရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်က သဘောမတူခဲ့ပါဘူး။

လီဗာပူးအသင်း အားကစားဒါရိုက်တာ မိုက်ကယ်အပ်ဒ်ဝပ်ကို ခေါ်ယူဖို့အတွက် နယူးကာဆယ်နဲ့ အပြိုင် ရီးရဲလ်မက်ဒရစ် ကလည်း စိတ်ဝင်စားနေပါတယ်။

စပါးအသင်းနဲ့ လီဗာပူးအသင်းတို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ဆန်းချက်စ်ကို ဇန်နဝါရီမှာ ရောင်းထုတ်သွားမယ်လို့ လိုင်လီဘက်က တံခါးဖွင့်ပေးလာပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ရာ ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား ဘေးလ် ကို အငှားစာချုပ်ဖြင့် ခေါ်ယူလိုနေဆဲ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ချယ်ဆီးပစ်မှတ်ဖြစ်တဲ့ မိုနာကို လူငယ်ကွင်းလယ်လူ ချူဝါမီနီကို ခေါ်ယူဖို့ လီဗာပူးဘက်ကလည်း စိတ်ဝင်စားလာနေပါပြီ။

ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာ တိုက်စစ်မှူး အဂွယ်ရိုနဲ့ အိုင်ကာဒီကြား အလဲအထပ် လုပ်ဖို့ကို စိတ်ဝင်စား နေပါတယ်။ မက်ဆီက အဂွယ်ရိုနဲ့ ပြင်သစ်ကလပ်မှာ တွဲဖက် ကစားလိုနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရမယ်ဆိုရင်တောင် ခေါ်ယူမှာ မဟုတ်ပါဘူး။ ကစားသမားအတွက် ပေးရမယ့် လုပ်ခပိုင်းက မြင့်မားလွန်းတာကြောင့်လို့ စပိန်သတင်းဌာနက ဖော်ပြပါတယ်။


Zawgyi

ခ်ယ္ဆီးအသင္းဟာ ဇန္နဝါရီမွာ ကြင္းလယ္လူ ဘာကေလကို ဘန္ေလအသင္းထံ ေရာင္းထုတ္ျပီး ေနာ့ဝစ္အသင္းမွ ကြင္းလယ္လူ ေဂလ္းမားကို ျပန္လည္ ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။ အငွားခ်ထားတဲ့ ေဂလ္းမာရဲ႕ တိုးတက္မႈကို ခ်ယ္ဆီးဘက္က အားမရႏုိင္ ျဖစ္ေနပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ဘာေပးေနရာ အစားထိုးဖို႔ ေဒါ့မြန္တိုက္စစ္သမား ဟာလန္းကို ေခၚယူႏုိင္ျခင္း မရွိပါက ဘိုင္ယန္ျမဴးနစ္မွ တိုက္စစ္သမား လီဝမ္ေဒါစကီးကို ေခၚယူလိုေနပါတယ္။

ဘာစီလိုနာဟာ ဖာတီအတြက္ သက္တမ္းတိုးစာခ်ဳပ္သစ္ ေပးလိုေပမယ့္ ကလပ္ဘက္က ထည့္သြင္းထားတဲ့ ယူရို ၁ ဘီလ်ံျဖင့္ ကမ္းလွမ္းလာမွ အသင္းေျပာင္းခြင့္ကို ကစားသမားရဲ႕ ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္က သေဘာမတူခဲ့ပါဘူး။

လီဗာပူးအသင္း အားကစားဒါရိုက္တာ မိုက္ကယ္အပ္ဒ္ဝပ္ကို ေခၚယူဖို႔အတြက္ နယူးကာဆယ္နဲ႔ အျပိဳင္ ရီးရဲလ္မက္ဒရစ္ ကလည္း စိတ္ဝင္စားေနပါတယ္။

စပါးအသင္းနဲ႔ လီဗာပူးအသင္းတို႔ စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ ဆန္းခ်က္စ္ကို ဇန္နဝါရီမွာ ေရာင္းထုတ္သြားမယ္လို႔ လိုင္လီဘက္က တံခါးဖြင့္ေပးလာပါတယ္။

အာဆင္နယ္ဟာ တိုက္စစ္ပိုင္း အင္အားျဖည့္ဖို႔ရာ ရီးရဲလ္မက္ဒရစ္ တိုက္စစ္သမား ေဘးလ္ ကို အငွားစာခ်ဳပ္ျဖင့္ ေခၚယူလိုေနဆဲ ျဖစ္ပါတယ္။

ယူႏုိက္တက္နဲ႔ ခ်ယ္ဆီးပစ္မွတ္ျဖစ္တဲ့ မိုနာကို လူငယ္ကြင္းလယ္လူ ခ်ဴဝါမီနီကို ေခၚယူဖို႔ လီဗာပူးဘက္ကလည္း စိတ္ဝင္စားလာေနပါျပီ။

ပီအက္စ္ဂ်ီအသင္းဟာ ဘာစီလိုနာ တိုက္စစ္မွဴး အဂြယ္ရိုနဲ႔ အိုင္ကာဒီၾကား အလဲအထပ္ လုပ္ဖို႔ကို စိတ္ဝင္စား ေနပါတယ္။ မက္ဆီက အဂြယ္ရိုနဲ႔ ျပင္သစ္ကလပ္မွာ တြဲဖက္ ကစားလိုေနတာ ျဖစ္ပါတယ္။

ဘာစီလိုနာဟာ ယူႏုိက္တက္ ကြင္းလယ္လူ ေပါ့ဘာကို အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ရမယ္ဆိုရင္ေတာင္ ေခၚယူမွာ မဟုတ္ပါဘူး။ ကစားသမားအတြက္ ေပးရမယ့္ လုပ္ခပိုင္းက ျမင့္မားလြန္းတာေၾကာင့္လို႔ စပိန္သတင္းဌာနက ေဖာ္ျပပါတယ္။