ဒီလစ်ကို စောင့်ကြည့်နေခြင်းနဲ့ ယနေ့ နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ

ချယ်ဆီး ရေဒါထဲ ရှိနေတဲ့ ဒီလစ်

ချယ်ဆီးအသင်းဟာ နယ်သာလန်သား ခံစစ်မှုး ဒီလစ်ကို စိတ်ဝင်စားလို့ ဂျူဗင်တပ်နဲ့ ချိတ်ဆက်ထားတဲ့ အသင်းတွေထဲ တစ်သင်း အဖြစ် ပါဝင်နေပါတယ်။

အသက် ၂၂ နှစ်အရွယ် ကစားသမားကို ဒီရာသီကုန်မှာ ခေါ်ယူလိုတဲ့ ဥရောပ ထိပ်သီး ကလပ်အသင်းတွေ အများအပြား ရှိနေပြီး အေးဂျင့် ရွိုင်းအိုလာ ကလည်း သူ့ ကစားသမားကို ပြန်ခေါ်မယ်လို့ ဂျူဗင်တပ်ကို ခြိမ်းခြောက်ထားကြောင်း သတင်းထွက်နေပါတယ်။

ပဲလေ့စ်မှာ တောက်ပနေတဲ့ ဂလဲဟား

ခရစ္စတယ်ပဲလေ့စ်မှာ အငှား သွားရောက် ကစားနေတဲ့ ချယ်ဆီး ကွင်းလယ်ကစားသမားလေး ကော်နာ ဂလဲဟား ဟာ ခြေစွမ်းတွေ ဆက်လက် တောက်ပနေပြီး အာဆင်နယ်ကို ၂-၂ နဲ့ သရေကျခဲ့တဲ့ ပွဲမှာလည်း ထူးချွန်မှုတွေ ပြသခဲ့ပါတယ်။

အသက် ၂၁ နှစ် အရွယ် ကွင်းလယ်လေးဟာ ဗီအဲရာ အထင်ကြီးလောက်အောင် စွမ်းဆောင်ပြနေပြီး ဒီရာသီ ၂ဂိုး သွင်း၊ ၁ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပြီ ဖြစ်ပါတယ်။

ချယ်ဆီးရဲ့ အကောင်းဆုံး ခေါ်ယူမှု

ချယ်ဆီး တိုက်စစ်မှုးဟောင်းကြီး တိုနီ ကပ်စကာရီနိုကတော့ အသင်းရဲ့ အကောင်းဆုံး ခေါ်ယူမှု တစ်ခုဟာ ဂိုးသမား မန်ဒီပဲ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒီတစ်ပတ် ဘရန့်ဖို့ဒ်နဲ့ ပွဲက မန်ဒီရဲ့ ပြောင်မြောက်တဲ့ ကာကွယ်မှုတွေ ကို မြင်ရ အပြီးမှာ ကပ်စကာရီနိုက ထိုသို့ ထုတ်ဖော် ပြောလာခဲ့တာ ဖြစ်ပါတယ်။

Zawgyi

ခ်ယ္ဆီး ေရဒါထဲ ရွိေနတဲ့ ဒီလစ္

ခ်ယ္ဆီးအသင္းဟာ နယ္သာလန္သား ခံစစ္မႈး ဒီလစ္ကို စိတ္၀င္စားလို႔ ဂ်ဴဗင္တပ္နဲ႕ ခ်ိတ္ဆက္ထားတဲ့ အသင္းေတြထဲ တစ္သင္း အျဖစ္ ပါ၀င္ေနပါတယ္။

အသက္ ၂၂ နွစ္အရြယ္ ကစားသမားကို ဒီရာသီကုန္မွာ ေခၚယူလိုတဲ့ ဥေရာပ ထိပ္သီး ကလပ္အသင္းေတြ အမ်ားအျပား ရွိေနျပီး ေအးဂ်င့္ ရြိဳင္းအိုလာ ကလည္း သူ႔ ကစားသမားကို ျပန္ေခၚမယ္လို႔ ဂ်ဴဗင္တပ္ကို ျခိမ္းေျခာက္ထားေၾကာင္း သတင္းထြက္ေနပါတယ္။

ခ်ယ္ဆီးရဲ႕ အေကာင္းဆံုး ေခၚယူမႈ

ခ်ယ္ဆီး တိုက္စစ္မႈးေဟာင္းၾကီး တိုနီ ကပ္စကာရီနိုကေတာ့ အသင္းရဲ႕ အေကာငး္ဆံုး ေခၚယူမႈ တစ္ခုဟာ ဂိုးသမား မန္ဒီပဲ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ ဒီတစ္ပတ္ ဘရန္႔ဖို႔ဒ္နဲ႕ ပြဲက မန္ဒီရဲ႕ ေျပာင္ေျမာက္တဲ့ ကာကြယ္မႈေတြ ကို ျမင္ရ အျပီးမွာ ကပ္စကာရီနိုက ထိုသို႔ ထုတ္ေဖာ္ ေျပာလာခဲ့တာ ျဖစ္ပါတယ္။

ပဲေလ့စ္မွာ ေတာက္ပေနတဲ့ ဂလဲဟား

ခရစၥတယ္ပဲေလ့စ္မွာ အငွား သြားေရာက္ ကစားေနတဲ့ ခ်ယ္ဆီး ကြင္းလယ္ကစားသမားေလး ေကာ္နာ ဂလဲဟား ဟာ ေျခစြမ္းေတြ ဆက္လက္ ေတာက္ပေနျပီး အာဆင္နယ္ကို ၂-၂ နဲ႕ သေရက်ခဲ့တဲ့ ပြဲမွာလည္း ထူးခၽြန္မႈေတြ ျပသခဲ့ပါတယ္။

အသက္ ၂၁ နွစ္ အရြယ္ ကြင္းလယ္ေလးဟာ ဗီအဲရာ အထင္ၾကီးေလာက္ေအာင္ စြမ္းေဆာင္ျပေနျပီး ဒီရာသီ ၂ဂိုး သြင္း၊ ၁ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားျပီ ျဖစ္ပါတယ္။