ကော်တင်ညို အတွက် ဈေးလည်းလျှော့၊ အလိုက်ပေးလည်း လက်ခံမယ်လို့ ချယ်ဆီးကို စည်းရုံးနေတဲ့ ဘာကာ

ဘာစီလိုနာ အသင်းဟာ ဖိလစ် ကော်တင်ညို ကို လာမယ့် အပြောင်းအရွှေ့မှာ ရောင်းချလိုတာကို ပေါ်ပေါ်တင်တင် လှုပ်ရှားနေပြီ ဖြစ်ပြီး ချယ်ဆီးအသင်းကို လျှော့ဈေးနဲ့ ယူဖို့ ကမ်းလှမ်း စည်းရုံးမှုတွေပါ ပြုလုပ်နေပါတယ်။

ဒါပေမယ့် အနောက် လန်ဒန်ကလပ်ကတော့ ဘရာဇီးသားကို ခေါ်ယူဖို့ သွေးအေးနေပြီး လီဗာကူဆင် ကြယ်ပွင့် ကိုင်ဟာဗက်ဇ်ကို ပိုမို စိတ်ဝင်စား ချိတ်ဆက်နေပါတယ်။ စပိန်ဘက်က သတင်းတွေ အရတော့ ဘာစီလိုနာက ကော်တင်ညို အတွက် ဈေးလည်းလျှော့ပေး၊ ငွေသားနဲ့ ကစားသမား အလိုက်ပေးမှု လုပ်ရင်လည်း လက်ခံမယ်လို့ ချယ်ဆီးကို စည်းရုံးနေကြောင်း သိရပါတယ်။

ကော်တင်ညိုက ကိုင်ဟာဗက်ဇ်ထက်စာရင် ချယ်ဆီးတို့ သိသိသာသာ ဈေးချိုချိုနဲ့ ရရှိနိုင်မယ့်သူ ဖြစ်ပါတယ်။ လီဗာကူဆင်က သူတို့ရဲ့ ဂျာမန် လူငယ်ကြယ်ပွင့် အတွက် ပေါင် ၇၅ သန်းထက် ပိုတဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံမယ် ဆိုထားပြီး ဘာစီလိုနာကတော့ ကော်တင်ညိုကို ပေါင် ၄၄.၅ သန်းနဲ့ ရောင်းလိုနေပါတယ်။

ဒါဟာ လီဗာပူးအသင်းထံက ကော်တင်ညိုကို ခေါ်ဖို့ ဘာစီလိုနာ သုံးခဲ့တဲ့ ပေါင် ၁၄၂ သန်းထက် ဈေး အလွန်ချထားတဲ့ ပမာဏပဲ ဖြစ်ပါတယ်။ ဘာစီလိုနာက ကစားသမား အလိုက်ပေး လက်ခံရင်လည်း ဗဟိုခံစစ် ဒါမှမဟုတ် ဘယ်စွန် ခံစစ်တစ်ဦး ထည့်သွင်းပေးနိုင်တယ်လို့ ဆိုထားပါတယ်။

ဘာစီလိုနာက ခံစစ်ကို အင်အားဖြည့်လိုနေပြီး ချယ်ဆီးကလည်း အလွန်ဆို ဒါမှမဟုတ် အီမာဆန်ကို လက်လွှတ်ပြီး နောက်ထပ် ဘယ်စွန် တစ်ယောက် ခေါ်ဖို့ လှုပ်ရှားနေတာပါ။ ဒါကြောင့် ဘာစီလိုနာ အလိုရှိတဲ့ အစွန်ခံစစ်တစ်ဦး ထည့်သွင်းပြီး ကော်တင်ညိုကို သက်သက်သာသာ ခေါ်နိုင်ခွင့် ရှိနေပါတယ်။

စပိန်ကလပ် တာဝန်ရှိသူတွေက ချယ်ဆီးအသင်း အပြင် စပါးကိုလည်း ချိတ်ဆက် မေးမြန်းနေ်တယ်လို့ ယူဆရပြီး နယူးကာဆယ်နဲ့ ဆွေးနွေးမှုတွေကတော့ သွေးအေးသွားပြီလို့ သိရပါတယ်။

Zawgyi – ဘာစီလိုနာ အသင္းဟာ ဖိလစ္ ေကာ္တင္ညိဳ ကို လာမယ့္ အေျပာင္းအေရႊ႕မွာ ေရာင္းခ်လိုတာကို ေပၚေပၚတင္တင္ လႈပ္ရွားေနျပီ ျဖစ္ျပီး ခ်ယ္ဆီးအသင္းကို ေလွ်ာ့ေစ်းနဲ႕ ယူဖို႔ ကမ္းလွမ္း စည္းရံုးမႈေတြပါ ျပဳလုပ္ေနပါတယ္။

ဒါေပမယ့္ အေနာက္ လန္ဒန္ကလပ္ကေတာ့ ဘရာဇီးသားကို ေခၚယူဖို႔ ေသြးေအးေနျပီး လီဗာကူဆင္ ၾကယ္ပြင့္ ကိုင္ဟာဗက္ဇ္ကို ပိုမို စိတ္၀င္စား ခ်ိတ္ဆက္ေနပါတယ္။ စပိန္ဘက္က သတင္းေတြ အရေတာ့ ဘာစီလိုနာက ေကာ္တင္ညိဳ အတြက္ ေစ်းလည္းေလွ်ာ့ေပး၊ ေငြသားနဲ႕ ကစားသမား အလုိက္ေပးမႈ လုပ္ရင္လည္း လက္ခံမယ္လို႔ ခ်ယ္ဆီးကို စည္းရံုးေနေၾကာင္း သိရပါတယ္။

ေကာ္တင္ညိဳက ကိုင္ဟာဗက္ဇ္ထက္စာရင္ ခ်ယ္ဆီးတို႔ သိသိသာသာ ေစ်းခ်ိဳခ်ိဳနဲ႕ ရရွိနိုင္မယ့္သူ ျဖစ္ပါတယ္။ လီဗာကူဆင္က သူတို႔ရဲ႕ ဂ်ာမန္ လူငယ္ၾကယ္ပြင့္ အတြက္ ေပါင္ ၇၅ သန္းထက္ ပိုတဲ့ ကမ္းလွမ္းမႈကိုသာ လက္ခံမယ္ ဆိုထားျပီး ဘာစီလိုနာကေတာ့ ေကာ္တင္ညိဳကို ေပါင္ ၄၄.၅ သန္းနဲ႕ ေရာင္းလိုေနပါတယ္။

ဒါဟာ လီဗာပူးအသင္းထံက ေကာ္တင္ညိဳကို ေခၚဖို႔ ဘာစီလိုနာ သံုးခဲ့တဲ့ ေပါင္ ၁၄၂ သန္းထက္ ေစ်း အလြန္ခ်ထားတဲ့ ပမာဏပဲ ျဖစ္ပါတယ္။ ဘာစီလိုနာက ကစားသမား အလိုက္ေပး လက္ခံရင္လည္း ဗဟိုခံစစ္ ဒါမွမဟုတ္ ဘယ္စြန္ ခံစစ္တစ္ဦး ထည့္သြင္းေပးနိုင္တယ္လို႔ ဆိုထားပါတယ္။

ဘာစီလိုနာက ခံစစ္ကို အင္အားျဖည့္လိုေနျပီး ခ်ယ္ဆီးကလည္း အလြန္ဆို ဒါမွမဟုတ္ အီမာဆန္ကို လက္လႊတ္ျပီး ေနာက္ထပ္ ဘယ္စြန္ တစ္ေယာက္ ေခၚဖုိ႕ လႈပ္ရွားေနတာပါ။ ဒါေၾကာင့္ ဘာစီလိုနာ အလိုရွိတဲ့ အစြန္ခံစစ္တစ္ဦး ထည့္သြင္းျပီး ေကာ္တင္ညိဳကို သက္သက္သာသာ ေခၚနုိင္ခြင့္ ရွိေနပါတယ္။

စပိန္ကလပ္ တာ၀န္ရွိသူေတြက ခ်ယ္ဆီးအသင္း အျပင္ စပါးကိုလည္း ခ်ိတ္ဆက္ ေမးျမန္းေန္တယ္လို႔ ယူဆရျပီး နယူးကာဆယ္နဲ႕ ေဆြးေႏြးမႈေတြကေတာ့ ေသြးေအးသြားျပီလို႔ သိရပါတယ္။