လက်ကျန် ဘောလုံးရာသီနဲ့ ပက်သက်ပြီး ယူနိုက်တက် ပရိသတ်တွေကို ကတိပေးတဲ့ ဖာနန်ဒက်စ်

UNICODE – ဘရူနို ဖာနန်ဒက်စ်ကတော့ ပရီးမီးယားလိဂ် ပြန်လည် စတင်လာတဲ့အခါ ဘောလုံးရာသီ မရပ်နားခင်တုန်းကလိုပဲ ပုံစံကောင်းတွေ ဆက်ယူမယ်လို့ ကတိပေးမှု ပြုလုပ်သွားပါတယ်။

ဇန်နဝါရီမှာ ယူနိုက်တက်ကို ရောက်လာတဲ့ ဖာနန်ဒက်စ်ဟာ ကလပ်ရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်လာခဲ့သူပါ။ သူရောက်လာပြီးနောက် ယှဉ်ပြိုင်ကစားတဲ့ပွဲတွေမှာ ကလပ်ဟာ တစ်ပွဲမှ အရေးနိမ့်ခြင်း မရှိပါဘူး။ ဖာနန်ဒက်စ်ကတော့ ဒီပုံကို ဘောလုံးရာသီ ပြန်စချိန်ကနေ ရာသီသိမ်းတဲ့ထိ ဆက်လက် သယ်ဆောင်သွားလိုနေပါတယ်။

ဖာနန်ဒက်စ်က “ ကျနေ်ာတို့ စတင်ခဲ့တဲ့ ပုံစံတွေအတိုင်းပဲ အဆုံးသတ်လိုပါတယ်။ ပိုကောင်းကောင်းတောင် လုပ်နိုင်ကောင်း လုပ်နိုင်ပါလိမ့်မယ်။ ပြန်ကစားရမယ့် ပထမဆုံးပွဲက ကျနေ်ာတို့အတွက် အရေးအကြီးဆုံးပါပဲ။ ဘောလုံးရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ အခွင့်အရေးကောင်းရှိတဲ့ ပွဲတစ်ပွဲလည်း ဖြစ်လာပါမယ် ” လို့ ယူနိုက်တက် ဝဘ်ဆိုဒ်ကနေ ပြောဆိုခဲ့ပါတယ်။

ဘရူနိုဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးတွေမှာလည်း တောက်ပနေသူပါ။ စနေနေ့တုန်းက ကစားတဲ့ နှစ်ဘက်ခွဲကစားမှုတွေမှာ မာတစ်ရဲ့ အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ဘရူနိုကတော့ ခြေစွမ်း ကောင်းဆဲဖြစ်ပါတယ်။ သူဟာ ကွင်းလယ်မှာ မာမာထန်ထန် ကစားနိုင်သလို ခံစစ်ကို လိုက်ကူနှုန်းတွေလည်း မြင့်မားနေတယ်။ အဓိကအားဖြင့် ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားမှာ ဆက်ရှိနေပါတယ်။

ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်မှာ ပထမဆုံးပွဲအဖြစ် ဇွန်လ ၁၉ ရက်နေ့မှာ ယူနိုက်တက်ဟာ စပါးအသင်း အိမ်ကွင်းထံသွားပြီး ယှဉ်ပြိုင်ရမှာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရေး ကြိုးစားနေကြတဲ့ နှစ်သင်းကြားမှာ ရမှတ် ၄ မှတ်ပဲ ကွာဟခြင်းကြောင့် အရေးပါတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာပါမယ်။

ZAWGYI – ဘရူႏို ဖာနန္ဒက္စ္ကေတာ့ ပရီးမီးယားလိဂ္ ျပန္လည္ စတင္လာတဲ့အခါ ေဘာလံုးရာသီ မရပ္နားခင္တုန္းကလိုပဲ ပံုစံေကာင္းေတြ ဆက္ယူမယ္လို႔ ကတိေပးမႈ ျပဳလုပ္သြားပါတယ္။

ဇန္နဝါရီမွာ ယူႏုိက္တက္ကို ေရာက္လာတဲ့ ဖာနန္ဒက္စ္ဟာ ကလပ္ရဲ႕ အေရးပါတဲ့ ကစားသမား ျဖစ္လာခဲ့သူပါ။ သူေရာက္လာျပီးေနာက္ ယွဥ္ျပိဳင္ကစားတဲ့ပြဲေတြမွာ ကလပ္ဟာ တစ္ပြဲမွ အေရးနိမ့္ျခင္း မရွိပါဘူး။ ဖာနန္ဒက္စ္ကေတာ့ ဒီပံုကို ေဘာလံုးရာသီ ျပန္စခ်ိန္ကေန ရာသီသိမ္းတဲ့ထိ ဆက္လက္ သယ္ေဆာင္သြားလိုေနပါတယ္။

ဖာနန္ဒက္စ္က “ က်ေန္ာတို႔ စတင္ခဲ့တဲ့ ပံုစံေတြအတိုင္းပဲ အဆံုးသတ္လိုပါတယ္။ ပိုေကာင္းေကာင္းေတာင္ လုပ္ႏုိင္ေကာင္း လုပ္ႏုိင္ပါလိမ့္မယ္။ ျပန္ကစားရမယ့္ ပထမဆံုးပြဲက က်ေန္ာတုိ႔အတြက္ အေရးအၾကီးဆံုးပါပဲ။ ေဘာလံုးရာသီကို အေကာင္းဆံုး အဆံုးသတ္ႏုိင္ဖို႔ အခြင့္အေရးေကာင္းရွိတဲ့ ပြဲတစ္ပြဲလည္း ျဖစ္လာပါမယ္ ” လို႔ ယူႏုိက္တက္ ဝဘ္ဆိုဒ္ကေန ေျပာဆိုခဲ့ပါတယ္။

ဘရူႏိုဟာ ယူႏုိက္တက္ရဲ႕ ေလ့က်င့္ေရးေတြမွာလည္း ေတာက္ပေနသူပါ။ စေနေန႔တုန္းက ကစားတဲ့ ႏွစ္ဘက္ခြဲကစားမႈေတြမွာ မာတစ္ရဲ႕ အသင္းကို အေရးနိမ့္ခဲ့ေပမယ့္ ဘရူႏိုကေတာ့ ေျခစြမ္း ေကာင္းဆဲျဖစ္ပါတယ္။ သူဟာ ကြင္းလယ္မွာ မာမာထန္ထန္ ကစားႏုိင္သလို ခံစစ္ကို လိုက္ကူႏႈန္းေတြလည္း ျမင့္မားေနတယ္။ အဓိကအားျဖင့္ ၾကံ႕ခိုင္မႈ အေကာင္းဆံုး အေနအထားမွာ ဆက္ရွိေနပါတယ္။

ပရီးမီးယားလိဂ္ ျပန္လည္စတင္ခ်ိန္မွာ ပထမဆံုးပြဲအျဖစ္ ဇြန္လ ၁၉ ရက္ေန႔မွာ ယူႏုိက္တက္ဟာ စပါးအသင္း အိမ္ကြင္းထံသြားျပီး ယွဥ္ျပိဳင္ရမွာပါ။ ခ်န္ပီယံလိဂ္ျပိဳင္ပြဲ ဝင္ခြင့္ရေရး ၾကိဳးစားေနၾကတဲ့ ႏွစ္သင္းၾကားမွာ ရမွတ္ ၄ မွတ္ပဲ ကြာဟျခင္းေၾကာင့္ အေရးပါတဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္လာပါမယ္။