ဘာစီလိုနာ လူငယ် ဖာတီရဲ့ ငြင်းပယ်မှုကို မယုံနိုင်စရာ တုန့်ပြန်တော့မယ့် ယူနိုက်တက်

ဘာစီလိုနာ လူငယ်တောင်ပံ ကစားသမား အန်ဆု ဖာတီကို ယူနိုက်တက်က ချိတ်ဆက်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ မေးမြန်းရာမှာ ပယ်ချခံခဲ့ရတယ်လို့ သတင်း ထွက်ထားပါတယ်။

ယူနိုက်တက်ဟာ စပိန်လူငယ် လက်ရွေးစင်လေးကို လက်လျှော့ခဲ့ပြီလို့ ထင်ခဲ့ကြပေမယ့် မန်ချက်စတာကလပ်က အံ့အားသင့်ဖွယ် ကမ်းလှမ်းမှု တစ်ခု ထပ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

ဘာစီလိုနာဘက်ကတော့ ဖာတီကို လက်လွှတ်ရမယ် ဆိုရင် ကစားသမားရဲ့ စာချုပ်ပါ ဖျက်သိမ်းကြေး အတိုင်း ယူရို သန်း ၁၇၀ (ပေါင် ၁၅၁.၅ သန်း) ပေးမှ ရမယ်လို့ အကြောင်း ပြန်ထားပါတယ်။ စပိန်ဘက်က သတင်းတွေ အရတော့ ယူနိုက်တက်ဟာ ဖာတီ အပေါ် လက်မလျှော့ဘဲ နောက်ထပ် ကမ်းလှမ်းမှု လုပ်ဖို့ ထပ်မံ ပြင်ဆင်နေပြီး ပြောင်းရွှေ့ကြေးလည်း တိုးမြှင့်မယ်လို့ သိရပါတယ်။

အသက် ၁၇ နှစ်သာ ရှိသေးပေမယ့် အလားအလာကောင်းတွေ ရှိနေတဲ့ တိုက်စစ်သမားလေး အတွက် ဘာစီလိုနာကတော့ ခပ်မာမာ ဈေးကိုင်နေပါတယ်။ ဘာစီလိုနာ အသင်း ဥက္ကဌ ဘာတိုမြူ ကိုယ်တိုင်ကလည်း ဖာတီကို အသင်း အနာဂတ် အစီအစဉ်တွေထဲ အဓိက ကျလာမယ် မျှော်လင့်ထားပါတယ်။

ဖာတီဟာ လူငယ်အသင်းကနေ ဒီရာသီ မှာ ပထမအသင်းကြီးထံ လျင်လျင်မြန်မြန် ပဲ ရောက်ရှိ အခွင့်အရေး ရလာသူပါ။ ဒီရာသီ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ပါဝင် ကစားထားရပါတယ်။

လာမယ့်နွေမှာ တောင်ပံတိုက်စစ်သမား တစ်ဦး ခေါ်ယူဖို့ ဦးစားပေးစီစဉ်နေတဲ့ ယူနိုက်တက်က ဖာတီကို ဆန်ချိုကို မရရင် ခေါ်ယူဖို့ အရန် အနေနဲ့ ချိတ်ဆက် လမ်းကြောင်းထားတာ ဖြစ်ပါတယ်။ ဂျာမန်ကလပ် ဒေါ့မွန်ကလည်း ဆန်ချိုအတွက် ပေါင် သန်း ၁၀၀ ကျော်တဲ့ ကမ်းလှမ်းမှုကိုမှ စဉ်းစားမယ် ဆိုထားပါတယ်။

Zawgyi – ဘာစီလိုနာ လူငယ္ေတာင္ပံ ကစားသမား အန္ဆု ဖာတီကို ယူနိုက္တက္က ခ်ိတ္ဆက္ေနျပီး ျပီးခဲ့တဲ့ ရက္ပိုင္းကပဲ ယူရို သန္း ၁၀၀ နဲ႕ ကမ္းလွမ္းဖို႔ ေမးျမန္းရာမွာ ပယ္ခ်ခံခဲ့ရတယ္လို႔ သတင္း ထြက္ထားပါတယ္။

ယူနိုက္တက္ဟာ စပိန္လူငယ္ လက္ေရြးစင္ေလးကို လက္ေလွ်ာ့ခဲ့ျပီလို႔ ထင္ခဲ့ၾကေပမယ့္ မန္ခ်က္စတာကလပ္က အံ့အားသင့္ဖြယ္ ကမ္းလွမ္းမႈ တစ္ခု ထပ္လုပ္ဖို႔ ျပင္ဆင္ေနပါတယ္။

ဘာစီလိုနာဘက္ကေတာ့ ဖာတီကို လက္လႊတ္ရမယ္ ဆိုရင္ ကစားသမားရဲ႕ စာခ်ဳပ္ပါ ဖ်က္သိမ္းေၾကး အတိုင္း ယူရို သန္း ၁၇၀ (ေပါင္ ၁၅၁.၅ သန္း) ေပးမွ ရမယ္လို႔ အေၾကာင္း ျပန္ထားပါတယ္။ စပိန္ဘက္က သတင္းေတြ အရေတာ့ ယူနိုက္တက္ဟာ ဖာတီ အေပၚ လက္မေလွ်ာ့ဘဲ ေနာက္ထပ္ ကမ္းလွမ္းမႈ လုပ္ဖို႔ ထပ္မံ ျပင္ဆင္ေနျပီး ေျပာင္းေရႊ႕ေၾကးလည္း တိုးျမွင့္မယ္လို႔ သိရပါတယ္။

အသက္ ၁၇ နွစ္သာ ရွိေသးေပမယ့္ အလားအလာေကာင္းေတြ ရွိေနတဲ့ တုိက္စစ္သမားေလး အတြက္ ဘာစီလိုနာကေတာ့ ခပ္မာမာ ေစ်းကိုင္ေနပါတယ္။ ဘာစီလိုနာ အသင္း ဥကၠဌ ဘာတိုျမဴ ကိုယ္တိုင္ကလည္း ဖာတီကို အသင္း အနာဂတ္ အစီအစဥ္ေတြထဲ အဓိက က်လာမယ္ ေမွ်ာ္လင့္ထားပါတယ္။

ဖာတီဟာ လူငယ္အသင္းကေန ဒီရာသီ မွာ ပထမအသင္းၾကီးထံ လ်င္လ်င္ျမန္ျမန္ ပဲ ေရာက္ရွိ အခြင့္အေရး ရလာသူပါ။ ဒီရာသီ ဘာစီလိုနာ အတြက္ ျပိဳင္ပြဲစံု ၂၄ ပြဲ ပါ၀င္ ကစားထားရပါတယ္။

လာမယ့္ေႏြမွာ ေတာင္ပံတိုက္စစ္သမား တစ္ဦး ေခၚယူဖို႔ ဦးစားေပးစီစဥ္ေနတဲ့ ယူနိုက္တက္က ဖာတီကို ဆန္ခ်ိဳကို မရရင္ ေခၚယူဖို႔ အရန္ အေနနဲ႕ ခ်ိတ္ဆက္ လမ္းေၾကာင္းထားတာ ျဖစ္ပါတယ္။ ဂ်ာမန္ကလပ္ ေဒါ့မြန္ကလည္း ဆန္ခ်ိဳအတြက္ ေပါင္ သန္း ၁၀၀ ေက်ာ္တဲ့ ကမ္းလွမ္းမႈကိုမွ စဥ္းစားမယ္ ဆိုထားပါတယ္။