ဗန်ပါစီတုန်းကလို အမှားမျိုး အူဘာနဲ့ ထပ်မလုပ်ဖို့ အာဆင်နယ်အား သတိပေးမှု ထွက်ပေါ်

အာဆင်နယ်ဟာ ၂၀၁၃ တုန်းက တိုက်စစ်မှူး ဗန်ပါစီကို ကိုင်တွယ်သလို အမှားမျိုး လက်ရှိ တိုက်စစ်မှူး အူဘာမီးယန်းမှာလည်း ထပ် မဖြစ်ဖို့ အာဆင်နယ် ကစားသမားဟောင်း ဆဂ်နာက သတိပေးစကား ဆိုလိုက်ပါတယ်။

ထိုစဉ်က အာဆင်နယ်ဟာ ဟော်လန်သားရဲ့ စာချုပ် သက်တမ်းကုန်သွားတာကို စောင့်ကြည့်နေခဲ့သလို ဖြစ်ပြီး ကျေနပ် လောက်မယ့် ငွကြေးလစာ ခံစားခွင့် အတွက် ပြင်ဆင်ခဲ့တာမျိုးလည်း မလုပ်ခဲ့နိုင်ဘဲ ယူနိုက်တက်ထံ လက်လွှတ်ခဲ့ရပါတယ်။ အူဘာမီးယန်းနဲ့လည်း အလားတူ အခြေအနေမျိုး အာဆင်နယ် ရင်ဆိုင်နေရပြီး ဂါဘွန်သားကို သက်တမ်းတိုး စာချုပ် မချုပ်နိုင်သေးဘဲ ရှိပါတယ်။

အာဆင်နယ် တိုက်စစ်မှူး အူဘာမီးယန်းကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ အင်တာမီလန် အသင်းတွေက အသင့် စောင့်ဆိုင်းနေပြီး အာဆင်နယ် အနေနဲ့ အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူးကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်နေပါတယ်။ အာဆင်နယ် ကစားသမားဟောင်း ဆဂ်နာက လက်ရှိ အနေအထားဟာ ဗန်ပါစီတုန်းက နဲ့ ဆင်တူပြီး အရင်လို အမှားမျိုး ရှောင်ရှားနိုင်ဖို့ သတိပေးလိုက်ပါတယ်။

” အူဘာမီးယန်းကို အခု သွားခွင့်ပြုလို့ မဖြစ်ပါဘူး။ အသင်းက အခုမှ ခိုင်ခိုင်မာမာ တစ်စုံတစ်ခု ရဖို့ တည်ဆောက်နေတုန်းပဲ ရှိသေးတယ်။ အာဆင်နယ်က အူဘာကို လက်လွှတ်ခံလို့ ရတဲ့ အနေအထား မရှိပါဘူး။ တကယ်လို့ ငွေပုံပေးရမယ်ဆိုလည်း သူတို့ ပေးသင့်ပါတယ်။ အူဘာမီးယန်းလို ကစားသမားမျိုး ထပ်ခေါ်မယ်ဆိုရင်လည်း ပေါင် သန်း ၁၅၀ ဝန်းကျင်လောက် သုံးရလိမ့်မယ်။

ဒီတော့ ပေါင် သန်း ၁၅၀ လောက် မသုံးနဲ့။ သန်း ၅၀ လောက်ပဲ သုံး အူဘာမီးယန်းကို ပေးလိုက်။ အခုက ဗန်ပါစီတုန်းကလို အနေအထားပဲ။ အရင် ကြုံဖူးတာကနေ သူတို့ သင်ခန်းစာ ယူသင့်ပါပြီ။ နောက်ပြီး အူဘာကလည်း ချီးမြှင့်ဖို့ ထိုက်တန်ပါတယ်။ ကျနေ်ာက ဒါကို သူ ဂိုးနည်းနည်းလောက် ထသွင်းနေလို့ နာမည်ကြီးနေလို့ ပြောနေတာ မဟုတ်ဘူး။ အူဘာမီးယန်းက လိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ဦး ဖြစ်တယ်။ ” လို့ ဆဂ်နာက ပြောကြားခဲ့ပါတယ်။

အူဘာမီးယန်းက ပြီးခဲ့တဲ့ ရာသီ အာဆင်နယ် အတွက် ၃၁ ဂိုး သွင်းယူခဲ့သလို ဒီရာသီမှာလည်း ဂိုး ၂၀ ထိ သွင်းထားပြီး ဖြစ်ပါတယ်။ ဂါဘွန်သားကို အာဆင်နယ်က သက်တမ်းတိုး စာချုပ် အတွက် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က တုန့်ဆိုင်းနေတာကြောင့် စာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးပါဘူး။

Zawgyi – အာဆင္နယ္ဟာ ၂၀၁၃ တုန္းက တိုက္စစ္မွဴး ဗန္ပါစီကို ကိုင္တြယ္သလို အမွားမ်ိဳး လက္ရွိ တုိက္စစ္မွဴး အူဘာမီးယန္းမွာလည္း ထပ္ မျဖစ္ဖို႔ အာဆင္နယ္ ကစားသမားေဟာင္း ဆဂ္နာက သတိေပးစကား ဆိုိုလိုက္ပါတယ္။

ထိုစဥ္က အာဆင္နယ္ဟာ ေဟာ္လန္သားရဲ႕ စာခ်ဳပ္ သက္တမ္းကုန္သြားတာကို ေစာင့္ၾကည့္ေနခဲ့သလို ျဖစ္ျပီး ေက်နပ္ ေလာက္မယ့္ ငြေၾကးလစာ ခံစားခြင့္ အတြက္ ျပင္ဆင္ခဲ့တာမ်ိဳးလည္း မလုပ္ခဲ့နိုင္ဘဲ ယူနိုက္တက္ထံ လက္လႊတ္ခဲ့ရပါတယ္။ အူဘာမီးယန္းနဲ႕လည္း အလားတူ အေျခအေနမ်ိဳး အာဆင္နယ္ ရင္ဆိုင္ေနရျပီး ဂါဘြန္သားကို သက္တမ္းတိုး စာခ်ဳပ္ မခ်ဳပ္နုိင္ေသးဘဲ ရွိပါတယ္။

အာဆင္နယ္ တိုက္စစ္မွဴး အူဘာမီးယန္းကို ေခၚယူဖို႔ ဘာစီလိုနာနဲ႕ အင္တာမီလန္ အသင္းေတြက အသင့္ ေစာင့္ဆိုင္းေနျပီး အာဆင္နယ္ အေနနဲ႕ အသင္းရဲ႕ အားထားရတဲ့ တိုက္စစ္မွဴးကို ဆက္ထိန္းထားနုိင္ဖို႔ လိုအပ္ေနပါတယ္။ အာဆင္နယ္ ကစားသမားေဟာင္း ဆဂ္နာက လက္ရွိ အေနအထားဟာ ဗန္ပါစီတုန္းက နဲ႕ ဆင္တူျပီး အရင္လို အမွားမ်ိဳး ေရွာင္ရွားနုိင္ဖို႔ သတိေပးလိုက္ပါတယ္။

” အူဘာမီးယန္းကို အခု သြားခြင့္ျပဳလို႔ မျဖစ္ပါဘူး။ အသင္းက အခုမွ ခိုင္ခိုင္မာမာ တစ္စံုတစ္္ခု ရဖို႔ တည္ေဆာက္ေနတုန္းပဲ ရွိေသးတယ္။ အာဆင္နယ္က အူဘာကို လက္လႊတ္ခံလို႔ ရတဲ့ အေနအထား မရွိပါဘူး။ တကယ္လို႔ ေငြပံုေပးရမယ္ဆိုလည္း သူတို႔ ေပးသင့္ပါတယ္။ အူဘာမီးယန္းလို ကစားသမားမ်ိဳး ထပ္ေခၚမယ္ဆိုရင္လည္း ေပါင္ သန္း ၁၅၀ ၀န္းက်င္ေလာက္ သံုးရလိမ့္မယ္။

ဒီေတာ့ ေပါင္ သန္း ၁၅၀ ေလာက္ မသံုးနဲ႕။ သန္း ၅၀ ေလာက္ပဲ သံုး အူဘာမီးယန္းကို ေပးလိုက္။ အခုက ဗန္ပါစီတုန္းကလို အေနအထားပဲ။ အရင္ ၾကံဳဖူးတာကေန သူတို႔ သင္္ခန္းစာ ယူသင့္ပါျပီ။ ေနာက္ျပီး အူဘာကလည္း ခ်ီးျမွင့္ဖို႔ ထိုက္တန္ပါတယ္။ က်ေန္ာက ဒါကို သူ ဂိုးနည္းနည္းေလာက္ ထသြင္းေနလို႔ နာမည္ၾကီးေနလို႔ ေျပာေနတာ မဟုတ္ဘူး။ အူဘာမီးယန္းက လိဂ္ရဲ႕ အေကာင္းဆံုး တိုက္စစ္မွဴး တစ္ဦး ျဖစ္တယ္။ ” လို႔ ဆဂ္နာက ေျပာၾကားခဲ့ပါတယ္။

အူဘာမီးယန္းက ျပီးခဲ့တဲ့ ရာသီ အာဆင္နယ္ အတြက္ ၃၁ ဂိုး သြင္းယူခဲ့သလို ဒီရာသီမွာလည္း ဂိုး ၂၀ ထိ သြင္းထားျပီး ျဖစ္ပါတယ္။ ဂါဘြန္သားကို အာဆင္နယ္က သက္တမ္းတိုး စာခ်ဳပ္ အတြက္ ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားဘက္က တုန္႔ဆိုင္းေနတာေၾကာင့္ စာခ်ဳပ္ ခ်ဳပ္ဆိုနိုင္ျခင္း မရွိေသးပါဘူး။