စတိဘရုစ်နဲ့ လမ်းခွဲပြီးနောက် နည်းပြသစ် ရှာဖွေနေတဲ့ နယူးကာဆယ် အသင်းဟာ လမ်းပတ် ကို ခေါ်ဖို့လည်း အဆင်မပြေတာကြောင့် ရိုးမား နည်းပြဟောင်း ဖွန်ဆီကာ ကိုသာ ခန့်အပ်ဖို့ များနေပြီလို့ သိရပါတယ်။
လီဗာပူးအသင်းဟာ တိုက်စစ်သမားဟောင်း ရာဟင်း စတားလင်းကို မန်စီးတီးအသင်းထံမှ ပြန်ခေါ်ဖို့ စိတ်ဝင်စားနေကြောင်း ကောလဟာလ ထွက်လာပါတယ်။

လူကာကူ ဟာ ချယ်ဆီးမှာ လစာ ၂ဆ ရမှာ ဖြစ်လို့ ပိုက်ဆံကြောင့်သာ အင်တာမီလန်ကနေ ထွက်ခွာသွားခြင်း ဖြစ်တယ်လို့ အင်တာအမှုဆောင်ချုပ် မော်ရက်တာ က ဆိုပါတယ်။
အတ္တလန္တာနဲ့ ပွဲ ပထမပိုင်း အပြီးမှာ ဘရူနို ဖာနန်ဒက်စ်က နည်းပြ ဆိုးရှားအား ယူနိုက်တက်ရဲ့ နည်းစနစ်တွေ ပြောင်းလဲဖို့ ထုတ်ပြောခဲ့ကြောင်း သတင်းထွက်လာပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ လူကာကူ လက်သစ်လို့ နာမည်ကြီးလာတဲ့ တိုက်စုစ်မှုး မိုဟာမက် ဘာယို ကို ပြင်သစ်ကလပ် ကလာမောင့်ဖုဒ် ထံမှ ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။
ဂျို့စ် မော်ရင်ညိုက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက် ခံစစ်မှုး လင်ဒီလော့ဖ်ကို ရိုးမားသို့ ခေါ်ယူရန် ကြံရွယ်နေပါတယ်။
ဟာလန်းနဲ့ တောက်လျောက် ပြောဆို ဆက်သွယ်မှုတွေ ရှိတယ်လို့ ဆိုခဲ့ပြီး ချယ်ဆီးနဲ့ အပြောင်းအရွှေ့ သတင်းကြီးလာခြင်းဟာ သတင်းသမားတွေ မေးခွန်းကို ဖြေကြားရင်း ထောင်ချောက်မိသွားတာ သက်သက်ပဲ လို့ တူချယ်က ရှင်းပြလိုက်ပါတယ်။

Zawgyi
