ထိပ်တန်း ကွင်းလယ်လူကို ယူရို ၁၅ သန်းနဲ့တင် လက်လွတ်ရမယ့် ချယ်ဆီး

UNICODE – ချယ်ဆီးအသင်းကနေ အငှားခေါ်ယူထားတဲ့ ကွင်းလယ်လူ ပါဆာလစ်ကို အပြီးသတ် ခေါ်ယူသွားမယ်လို့ အတ္တလန်တာအသင်း အားကစားဒါရိုက်တာ အတည်ပြုလိုက်ပါတယ်။

အားကစားဒါရိုက်တာ Giovanni Sartori က “ ချယ်ဆီးကနေ ပါဆာလစ်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ ကျနေ်ာတို့ လုပ်ဆောင်သွားတော့မှာပါ။ စာချုပ်ပါ ခေါ်ယူခွင့်ကို ကျနေ်ာတို့ အသုံးချမှာ ဖြစ်ပါတယ် ” လို့ ဝန်ခံခဲ့တာဖြစ်တယ်။

အတ္တလန်တာအသင်းဟာ အငှားခေါ်ထားတဲ့ ပါဆာလစ်ကို အပြီးသတ် စာချုပ်ချုပ်ဖို့ အခွင့်အရေး ရှိပါတယ်။ နှစ်နှစ် အငှားနဲ့ ခေါ်ယူခဲ့စဉ်က အပြီးသတ် ခေါ်ယူလိုရင် စာချုပ်ပါကြေး ယူရို ၁၅ သန်းပေးဖို့ ထည့်သွင်းထားပြီး အဆိုပါ ကြေးပေးရင် ဒီနွေမှာ ခရိုအေးရှားသားကို ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

စီးရီအေကလပ် အတ္တလန်တာအသင်းထံ အငှားထွက်ကစားနေတဲ့ အသက် ၂၄ နှစ်အရွယ် ခရိုအေးရှား ကွင်လယ်လူ ပါဆာလစ်ဟာ ဒီရာသီမှာ အထူးတောက်ပနေသူဖြစ်တယ်။ သူဟာ စီးရီးအေကလပ်မှာ အောင်မြင်တဲ့ ကစားသမားဖြစ်နေပြီး ကလပ်ရဲ့ အဓိက ကစားသမားဖြစ်သလို အတ္တလန်တာအသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်မှာလည်း ပွဲထွက်ခွင့်ရ ကစားသမားဖြစ်နေတာပါ။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ရောက်နေတဲ့ အတ္တလန်တာအတွက် ပါဆာလစ်ဟာ တောက်ပတဲ့ခြေစွမ်းတွေကို ပြသနိုင်ခဲ့သလို ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနဲ့ ရင်ဆိုင်ကစားစဉ်မှာ ထူးချွန်းခဲ့သေးတယ်။ သူ့ရဲ့ လက်ရှိခြေစွမ်းတွေကြောင့် လက်ရွေးစင်အသင်းက မိုဒရစ်နဲ့ နှိုင်းယှဉ်ခံထားရပြီး ကွင်းလယ်ပိုင်းအတွက် ထူးချွန်သူတစ်ဦးအဖြစ် နာမည်ရလာနေသူဖြစ်ပါတယ်။

ကစားသမားရဲ့ အလားအလာကို မြင်လာရတဲ့နောက် အတ္တလန်တာဘက်က ကစားသမားကို စာချုပ်ပါအရ သက်သာတဲ့ ဈေးနှုန်းနဲ့ ခေါ်ယူခွင့်ကို လုပ်ဆောင်မှာဖြစ်ကာ ချယ်ဆီးက အရည်အချင်းရှိ ကွင်းလယ်လူတစ်ဦးကို လက်လွတ်ရမှာဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းကေန အငွားေခၚယူထားတဲ့ ကြင္းလယ္လူ ပါဆာလစ္ကို အျပီးသတ္ ေခၚယူသြားမယ္လို႔ အတၱလန္တာအသင္း အားကစားဒါရိုက္တာ အတည္ျပဳလိုက္ပါတယ္။

အားကစားဒါရိုက္တာ Giovanni Sartori က “ ခ်ယ္ဆီးကေန ပါဆာလစ္ကို အျပီးသတ္ ေခၚယူႏုိင္ဖို႔ က်ေန္ာတို႔ လုပ္ေဆာင္သြားေတာ့မွာပါ။ စာခ်ဳပ္ပါ ေခၚယူခြင့္ကို က်ေန္ာတို႔ အသံုးခ်မွာ ျဖစ္ပါတယ္ ” လို႔ ဝန္ခံခဲ့တာျဖစ္တယ္။

အတၱလန္တာအသင္းဟာ အငွားေခၚထားတဲ့ ပါဆာလစ္ကို အျပီးသတ္ စာခ်ဳပ္ခ်ဳပ္ဖို႔ အခြင့္အေရး ရွိပါတယ္။ ႏွစ္ႏွစ္ အငွားနဲ႔ ေခၚယူခဲ့စဥ္က အျပီးသတ္ ေခၚယူလိုရင္ စာခ်ဳပ္ပါေၾကး ယူရို ၁၅ သန္းေပးဖို႔ ထည့္သြင္းထားျပီး အဆိုပါ ေၾကးေပးရင္ ဒီေႏြမွာ ခရိုေအးရွားသားကို ေခၚယူႏုိင္မွာ ျဖစ္ပါတယ္။

စီးရီေအကလပ္ အတၱလန္တာအသင္းထံ အငွားထြက္ကစားေနတဲ့ အသက္ ၂၄ ႏွစ္အရြယ္ ခရိုေအးရွား ကြင္လယ္လူ ပါဆာလစ္ဟာ ဒီရာသိီမွာ အထူးေတာက္ပေနသူျဖစ္တယ္။ သူဟာ စီးရီးေအကလပ္မွာ ေအာင္ျမင္တဲ့ ကစားသမားျဖစ္ေနျပီး ကလပ္ရဲ႕ အဓိက ကစားသမားျဖစ္သလို အတၱလန္တာအသင္းသမိုင္းမွာ ပထမဆံုးအၾကိမ္ ပါဝင္ယွဥ္ျပိဳင္တဲ့ ခ်န္ပီယံလိဂ္မွာလည္း ပြဲထြက္ခြင့္ရ ကစားသမားျဖစ္ေနတာပါ။

ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကို ေရာက္ေနတဲ့ အတၱလန္တာအတြက္ ပါဆာလစ္ဟာ ေတာက္ပတဲ့ေျခစြမ္းေတြကို ျပသႏုိင္ခဲ့သလို ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးနဲ႔ ရင္ဆိုင္ကစားစဥ္မွာ ထူးခၽြန္းခဲ့ေသးတယ္။ သူ႔ရဲ႕ လက္ရွိေျခစြမ္းေတြေၾကာင့္ လက္ေရြးစင္အသင္းက မိုဒရစ္နဲ႔ ႏိႈင္းယွဥ္ခံထားရျပီး ကြင္းလယ္ပိုင္းအတြက္ ထူးခၽြန္သူတစ္ဦးအျဖစ္ နာမည္ရလာေနသူျဖစ္ပါတယ္။

ကစားသမားရဲ႕ အလားအလာကို ျမင္လာရတဲ့ေနာက္ အတၱလန္တာဘက္က ကစားသမားကို စာခ်ဳပ္ပါအရ သက္သာတဲ့ ေစ်းႏႈန္းနဲ႔ ေခၚယူခြင့္ကို လုပ္ေဆာင္မွာျဖစ္ကာ ခ်ယ္ဆီးက အရည္အခ်င္းရွိ ကြင္းလယ္လူတစ္ဦးကို လက္လြတ္ရမွာျဖစ္ပါတယ္။