ဂျူဗင်တပ်အသင်းဟာ နောက်ဆုံးမှာတော့ ဒိုင်ဘားလားနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေငြာနိုင်တော့မယ် လို့ သိရပါတယ်။ ၎င်းစာချုပ်က နောက်နှစ် နွေမှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဂျူဗင်တပ်က လုပ်ခ ခံစားခွင့် အသစ်တွေနဲ့ သက်တမ်းတိုးဖို့ ကြိုးစားနေတာ တစ်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်ပါတယ်။
စီ ရော်နယ်ဒိုကတော့ ယူနိုက်တက်ရဲ့ လတ်တလော ရလဒ်ဆိုးတွေ အတွက် အသင်းသားတွေမှာလည်း တာဝန်ရှိတယ် လို့ ဆိုလိုက်ပြီး နည်းပြ ဆိုးရှားဘက်က ကာကွယ်ပြောဆိုထားကြောင်း သိရပါတယ်။

ချယ်ဆီးအသင်းဟာ ချာလ်တန်အသင်းမှ အင်္ဂလန်သား လူငယ်ဂိုးသမားလေး ဂျိမ်းစ် ဘီဒယ်ကို ခေါ်ယူပြီး အနာဂတ် နံပါတ် ၁ ဂိုးသမား အဖြစ် အသက်သွင်းဖို့ ရည်ရွယ်နေပါတယ်။
စပါး ကွင်းလယ်ကစားသမား ဟယ်ရီ ဝင့် ကို ခေါ်ယူဖို့ အင်တာမီလန်နဲ့ ရိုးမားတို့ နှစ်သင်းလုံးက စိတ်ဝင်စားနေပါတယ်။ အီတလီက ထိပ်သီးနှစ်သင်းဟာ ဝင့် ကို အငှားနဲ့ ဇန်နဝါရီမှာ ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
နယူးကာဆယ် အသင်းဟာ ဝုဗ် အသင်းခေါင်းဆောင် ကော်နာ ကုတ်ဒီကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။ ဘီလျံနာ ပိုင်ရှင်သစ်တွေ ရထားတဲ့ နယူးကာဆယ်က ဇန်နဝါရီမှာ ကစားသမားသစ်တွေ အားဖြည့်ဖို့ စီစဉ်နေပါတယ်။
အသက် ၃၄ နှစ် အရွယ် တိုက်စစ်မှုး လူးဝစ် ဆွာရက်စ်ဟာ အက်သလက်တီကို မက်ဒရစ်နဲ့ ဇွန် ၂၀၂၂ ထိ စာချုပ် ရှိတာ ဖြစ်ပြီး ထိုကာလထက် သက်တမ်းတိုး လိုနေကြောင်း စပိန်သတင်းဌာန မာကာက ဆိုပါတယ်။
အဲဗာတန်အသင်းဟာ ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်လာနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
အာဆင်နယ် အသင်းဟာ လိုက်ပ်ဇစ် တောင်ပံ တိုက်စစ်သမား Christopher Nkunku ကို ခေါ်ယူဖို့ အလေးအနက် ချိတ်ဆက်နေပါတယ်။ ပြင်သစ်သားကို ၂၀၁၉ တုန်းကလည်း ဂန်းနားတို့ ကြိုးစားခဲ့ဖူးပြီး နောက်နှစ်မှာ ထပ်မံ လှုပ်ရှားဖွယ် ရှိပါတယ်။

Zawgyi
ဂ်ဴဗင္တပ္အသင္းဟာ ေနာက္ဆံုးမွာေတာ့ ဒိုင္ဘားလားနဲ႕ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုနိုင္ျပီ ျဖစ္ေၾကာင္း အတည္ျပဳ ေၾကျငာနိုင္ေတာ့မယ္ လို႔ သိရပါတယ္။ ၄င္းစာခ်ဳပ္က ေနာက္နွစ္ ေႏြမွာ ကုန္ဆံုးမွာ ျဖစ္ျပီး ဂ်ဴဗင္တပ္က လုပ္ခ ခံစားခြင့္ အသစ္ေတြနဲ႕ သက္တမ္းတိုးဖို႔ ၾကိဳးစားေနတာ တစ္နွစ္ေက်ာ္ ၾကာခဲ့ျပီ ျဖစ္ပါတယ္။
စီ ေရာ္နယ္ဒိုကေတာ့ ယူနိုက္တက္ရဲ႕ လတ္တေလာ ရလဒ္ဆိုးေတြ အတြက္ အသင္းသားေတြမွာလည္း တာ၀န္ရွိတယ္ လို႔ ဆိုလိုက္ျပီး နည္းျပ ဆိုးရွားဘက္က ကာကြယ္ေျပာဆိုထားေၾကာင္း သိရပါတယ္။
ခ်ယ္ဆီးအသင္းဟာ ခ်ာလ္တန္အသင္းမွ အဂၤလန္သား လူငယ္ဂိုးသမားေလး ဂ်ိမ္းစ္ ဘီဒယ္ကို ေခၚယူျပီး အနာဂတ္ နံပါတ္ ၁ ဂိုးသမား အျဖစ္ အသက္သြင္းဖို႔ ရည္ရြယ္ေနပါတယ္။
စပါး ကြင္းလယ္ကစားသမား ဟယ္ရီ ၀င့္ ကို ေခၚယူဖို႔ အင္တာမီလန္နဲ႕ ရိုးမားတို႔ နွစ္သင္းလံုးက စိတ္၀င္စားေနပါတယ္။ အီတလီက ထိပ္သီးနွစ္သင္းဟာ ၀င့္ ကို အငွားနဲ႕ ဇန္န၀ါရီမွာ ေခၚယူလိုေနတာ ျဖစ္ပါတယ္။
နယူးကာဆယ္ အသင္းဟာ ၀ုဗ္ အသင္းေခါင္းေဆာင္ ေကာ္နာ ကုတ္ဒီကို ေခၚယူဖို႔ မ်က္စိက်ေနပါတယ္။ ဘီလ်ံနာ ပိုင္ရွင္သစ္ေတြ ရထားတဲ့ နယူးကာဆယ္က ဇန္န၀ါရီမွာ ကစားသမားသစ္ေတြ အားျဖည့္ဖို႔ စီစဥ္ေနပါတယ္။
အသက္ ၃၄ နွစ္ အရြယ္ တိုက္စစ္မႈး လူး၀စ္ ဆြာရက္စ္ဟာ အက္သလက္တီကို မက္ဒရစ္နဲ႕ ဇြန္ ၂၀၂၂ ထိ စာခ်ဳပ္ ရွိတာ ျဖစ္ျပီး ထိုကာလထက္ သက္တမ္းတိုး လိုေနေၾကာင္း စပိန္သတင္းဌာန မာကာက ဆိုပါတယ္။
အဲဗာတန္အသင္းဟာ ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား လင္ဂတ္ကို ေခၚယူနိုင္ဖို႔ အလားအလာ အေကာင္းဆံုး ျဖစ္လာေနတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။
အာဆင္နယ္ အသင္းဟာ လိုက္ပ္ဇစ္ ေတာင္ပံ တိုက္စစ္သမား Christopher Nkunku ကို ေခၚယူဖို႔ အေလးအနက္ ခ်ိတ္ဆက္ေနပါတယ္။ ျပင္သစ္သားကို ၂၀၁၉ တုန္းကလည္း ဂန္းနားတို႔ ၾကိဳးစားခဲ့ဖူးျပီး ေနာက္နွစ္မွာ ထပ္မံ လႈပ္ရွားဖြယ္ ရွိပါတယ္။
