မန်ချက်စတာယူနိုက်တက်ဟာ ဘာစီလိုနာ တောင်ပံလူငယ် ဖာတီ အတွက် ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ ချဉ်းကပ်မှု မအောင်မြင်ခဲ့ သော်လည်း နောက်မဆုတ်ဘဲ ထပ်မံ ကမ်းလှမ်းရန် ပြင်ဆင်နေတယ်လို့ စပိန်သတင်းတွေက ဖော်ပြနေပါတယ်။
ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကတော့ ဘောလုံးပွဲတွေ ပြန်စရင် ခြေစွမ်းကောင်းတွေနဲ့ ကစားဖို့ အားခဲထားပြီး ၎င်းဟာ ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ်မှူးတွေထဲ ပါဝင်တယ်ဆိုတာ သက်သေပြသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် အသင်းသားတွေထဲမှာ တိုက်စစ်မှူး ရက်ဖို့ဒ်လည်း တစ်နေ့မှာ ဘလွန်းဒီအော ဆု ရရှိနိုင်တဲ့ ကစားသမား ဖြစ်ကြောင်း အသင်းဖော် လုခ်ရှောက ချီးကျူးလိုက်ပါတယ်။
အင်္ဂလန်တိုက်စစ် ကြယ်ပွင့် ဆန်ချိုဟာ လော့ဒေါင်း ကာလအတွင်း ဆံသဆရာ အိမ်ခေါ်ကာ ဆံပင်ညှပ်ဖို့ လုပ်ခဲ့လို့ ဂျာမန်လိဂ်က ဒဏ်ရိုက်ခဲ့တာကို ဒေါသဖြစ်စွာ တုံ့ပြန်ခဲ့ပြီး ဒေါ့မွန်ကလည်း သူတို့ ကစားသမားအပေါ် စိတ်ပျက်နေပါတယ်။ ဒါက ဆန်ချိုကို ပစ်မှတ်ထား ချိတ်ဆက်နေတဲ့ ယူနိုက်တက် အတွက် အခွင့်ကောင်း ဖြစ်လာဖွယ် ရှိပါတယ်။
ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်ကတော့ ပရီးမီးယားလိဂ် ပြန်လည် စတင်လာတဲ့အခါ ဘောလုံးရာသီ မရပ်နားခင်တုန်းကလိုပဲ ပုံစံကောင်းတွေ ဆက်ယူမယ်လို့ ကတိပေးမှု ပြုလုပ်သွားပါတယ်။
ပြီးခဲ့တဲ့ စနေက ဖာနန်ဒက်စ် အဖွဲ့နဲ့ ပေါ့ဘာ အဖွဲ့တို့ လေ့ကျင့်ရေး ပွဲ ကစားခဲ့ရာ ပရိသတ်အများအပြား အခြေအနေကို သိလိုခဲ့ကြပြီး ခံစစ်မှူး လုခ်ရှောကတော့ ထိုပွဲဟာ ၄-၄ ရလဒ်နဲ့ အဆုံးသတ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ယူနိုက်တက် ကစားသမားဟောင်း ဖြစ်တဲ့ ရာဖေးက မန်ချက်စတာ ကလပ် ပစ်မှတ်ထားနေတဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ် ကစားသမား ကိုရန်တင် တိုလစ်ဆိုဟာ ယူနိုက်တက် အတွက် ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်တယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။
Zawgyi – မန္ခ်က္စတာယူနုိုက္တက္ဟာ ဘာစီလိုနာ ေတာင္ပံလူငယ္ ဖာတီ အတြက္ ယူရို သန္း ၁၀၀ နဲ႕ ကမ္းလွမ္းဖို႔ ခ်ဥ္းကပ္မႈ မေအာင္ျမင္ခဲ့ ေသာ္လည္း ေနာက္မဆုတ္ဘဲ ထပ္မံ ကမ္းလွမ္းရန္ ျပင္ဆင္ေနတယ္လို႔ စပိန္သတင္းေတြက ေဖာ္ျပေနပါတယ္။
ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္ကေတာ့ ေဘာလံုးပြဲေတြ ျပန္စရင္ ေျခစြမ္းေကာင္းေတြနဲ႕ ကစားဖို႔ အားခဲထားျပီး ၄င္းဟာ ပရီးမီးယားလိဂ္ အေကာင္းဆံုး တိုက္စစ္မွဴးေတြထဲ ပါ၀င္တယ္ဆိုတာ သက္ေသျပသြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ယူနိုက္တက္ အသင္းသားေတြထဲမွာ တိုက္စစ္မွဴး ရက္ဖို႔ဒ္လည္း တစ္ေန႔မွာ ဘလြန္းဒီေအာ ဆု ရရွိနုိင္တဲ့ ကစားသမား ျဖစ္ေၾကာင္း အသင္းေဖာ္ လုခ္ေရွာက ခ်ီးက်ဴးလိုက္ပါတယ္။
အဂၤလန္တိုက္စစ္ ၾကယ္ပြင့္ ဆန္ခ်ိဳဟာ ေလာ့ေဒါင္း ကာလအတြင္း ဆံသဆရာ အိမ္ေခၚကာ ဆံပင္ညႇပ္ဖို႔ လုပ္ခဲ့လို႔ ဂ်ာမန္လိဂ္က ဒဏ္႐ိုက္ခဲ့တာကို ေဒါသျဖစ္စြာ တုံ႔ျပန္ခဲ့ၿပီး ေဒါ့မြန္ကလည္း သူတို႔ ကစားသမားအေပၚ စိတ္ပ်က္ေနပါတယ္။ ဒါက ဆန္ခ်ိဳကို ပစ္မွတ္ထား ခ်ိတ္ဆက္ေနတဲ့ ယူနိုက္တက္ အတြက္ အခြင့္ေကာင္း ျဖစ္လာဖြယ္ ရွိပါတယ္။
ယူနိုက္တက္ ကြင္းလယ္တိုုက္စစ္သမား ဘရူႏို ဖာနန္ဒက္စ္ကေတာ့ ပရီးမီးယားလိဂ္ ျပန္လည္ စတင္လာတဲ့အခါ ေဘာလံုးရာသီ မရပ္နားခင္တုန္းကလိုပဲ ပံုစံေကာင္းေတြ ဆက္ယူမယ္လို႔ ကတိေပးမႈ ျပဳလုပ္သြားပါတယ္။
ျပီးခဲ့တဲ့ စေနက ဖာနန္ဒက္စ္ အဖြဲ႕နဲ႕ ေပါ့ဘာ အဖြဲ႕တို႔ ေလ့က်င့္ေရး ပြဲ ကစားခဲ့ရာ ပရိသတ္အမ်ားအျပား အေျခအေနကို သိလိုခဲ့ၾကျပီး ခံစစ္မွဴး လုခ္ေရွာကေတာ့ ထိုပြဲဟာ ၄-၄ ရလဒ္နဲ႕ အဆံုးသတ္ခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
ယူနိုက္တက္ ကစားသမားေဟာင္း ျဖစ္တဲ့ ရာေဖးက မန္ခ်က္စတာ ကလပ္ ပစ္မွတ္ထားေနတဲ့ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္ ကစားသမား ကိုရန္တင္ တိုလစ္ဆိိုဟာ ယူနိုက္တက္ အတြက္ ျပီးျပည့္စံုတဲ့ ကစားသမား ျဖစ္တယ္လို႔ ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။