ပါရီဆစ်ကို ပစ်မှတ်ထားနေတဲ့ ပရီးမီးယားလိဂ် ကလပ်များနဲ့ ယနေ့ည အပြောင်းအရွှေ့ သတင်းတိုများ

အာဆင်နယ် နည်းပြ အာတီတာဟာ လက်ရှိ အငှားလွှတ်ထားတဲ့ ဂွမ်ဒူဇီနဲ့ ကွန်စတန်တီနို တို့ နှစ်ဦးလုံးကို လာမယ့်နွေမှာ အငှားကလပ်တွေထံကိုပဲ အပြီးသတ် ရောင်းချပြီး ပေါင် ၁၂ သန်း ရဖို့ ရည်ရွယ်ထားကြောင်း လန်ဒန် အခြေစိုက် သတင်းဌာနက ဆိုပါတယ်။

ပေါ့ဘာနဲ့ မန်ချက်စတာ ယူနိုက်တက်ကြား သက်တမ်းတိုး စာချုပ် ဆွေးနွေးမှုကို အေးဂျင့် ရွိုင်းအိုလာက ဧပြီလထိ ဆိုင်းငံ့ထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ စပိန်ဘက်က သတင်းတွေ အရ ရီးရဲလ်မက်ဒရစ်ဟာ ဒီအခြေအနေ ကို အခွင့်ကောင်းယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နောဝစ်ချ်နဲ့ ပွဲမှာ အသေးစား ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ချယ်ဆီး ကွင်းလယ်ကစားသမား ကန်တေဟာ ကြားရက် ဆောက်သမ်တန်နဲ့ ကာရာဘောင်းဖလား ပွဲမှာ ပြန် ပါဝင်နိုင်ခြေ ရှိနေပါတယ်။

အဲဗာတန်နဲ့ ဝက်စ်ဟမ်း အသင်းတို့ဟာ အင်တာမီလန်မှ ခရိုအေးရှားသား တောင်ပံ တိုက်စစ်သမား ပါရီဆစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အန်တိုနီယို ကွန်တီက မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ထိ ရည်မှန်းထားရင်တော့ အသင်း မန်နေဂျာ အဖြစ် လက်ခံဖို့ လမ်းဖွင့်ထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။

ဒေးဗစ် ဘက်ခမ်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပွဲအတွက် ကာတာ သံတမန် အဖြစ် လုပ်ဆောင်ဖို့ ပေါင် သန်း ၁၅၀ နဲ့ စာချုပ် ချုပ်ဆိုခဲ့ပြီး အမ်းမရိတ် ကိုယ်စားလှယ် အဖြစ်ပါ လုပ်ဆောင်မှာ ဖြစ်လို့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် အနေနဲ့ ထိုသို့ လုပ်ရပါ့မလား ဆိုပြီး ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။

ချယ်ဆီးအသင်းမှာ ဦးစားပေး ဂိုးသမားနေရာကို လက်လွှတ်ထားရတဲ့ ကီပါကို အီတလီ အင်အားကြီးကလပ် ဂျူဗင်တပ်က ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

Zawgyi

အာဆင္နယ္ နည္းျပ အာတီတာဟာ လက္ရွိ အငွားလႊတ္ထားတဲ့ ဂြမ္ဒူဇီနဲ႕ ကြန္စတန္တီနို တို႔ နွစ္ဦးလံုးကို လာမယ့္ေႏြမွာ အငွားကလပ္ေတြထံကိုပဲ အျပီးသတ္ ေရာင္းခ်ျပီး ေပါင္ ၁၂ သန္း ရဖို႔ ရည္ရြယ္ထားေၾကာင္း လန္ဒန္ အေျခစိုက္ သတင္းဌာနက ဆိုပါတယ္။

ေပါ့ဘာနဲ႕ မန္ခ်က္စတာ ယူနိုက္တက္ၾကား သက္တမ္းတိုး စာခ်ဳပ္ ေဆြးေႏြးမႈကို ေအးဂ်င့္ ရြိဳင္းအိုလာက ဧျပီလထိ ဆိုင္းငံ့ထားတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။ စပိန္ဘက္က သတင္းေတြ အရ ရီးရဲလ္မက္ဒရစ္ဟာ ဒီအေျခအေန ကို အခြင့္ေကာင္းယူဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

ျပီးခဲ့တဲ့ ေနာ၀စ္ခ်္နဲ႕ ပြဲမွာ အေသးစား ဒဏ္ရာေၾကာင့္ မပါ၀င္နိုင္ခဲ့တဲ့ ခ်ယ္ဆီး ကြင္းလယ္ကစားသမား ကန္ေတဟာ ၾကားရက္ ေဆာက္သမ္တန္နဲ႕ ကာရာေဘာင္းဖလား ပြဲမွာ ျပန္ ပါ၀င္နိုင္ေျခ ရွိေနပါတယ္။

အဲဗာတန္နဲ႕ ၀က္စ္ဟမ္း အသင္းတို႔ဟာ အင္တာမီလန္မွ ခရိုေအးရွားသား ေတာင္ပံ တိုက္စစ္သမား ပါရီဆစ္ ကို ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

အန္တိုနီယို ကြန္တီက မန္ခ်က္စတာ ယူနိုက္တက္ဟာ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔ထိ ရည္မွန္းထားရင္ေတာ့ အသင္း မန္ေနဂ်ာ အျဖစ္ လက္ခံဖို႔ လမ္းဖြင့္ထားေၾကာင္း သတင္းထြက္ေပၚလာပါတယ္။

ေဒးဗစ္ ဘက္ခမ္းဟာ ၂၀၂၂ ကမၻာ့ဖလား ပြဲအတြက္ ကာတာ သံတမန္ အျဖစ္ လုပ္ေဆာင္ဖို႔ ေပါင္ သန္း ၁၅၀ နဲ႕ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျပီး အမ္းမရိတ္ ကိုယ္စားလွယ္ အျဖစ္ပါ လုပ္ေဆာင္မွာ ျဖစ္လို႔ မန္ခ်က္စတာ ယူနိုက္တက္ ဂႏၱ၀င္ အေနနဲ႕ ထိုသို႔ လုပ္ရပါ့မလား ဆိုျပီး ေ၀ဖန္မႈေတြ ျပင္းထန္ေနပါတယ္။

ခ်ယ္ဆီးအသင္းမွာ ဦးစားေပး ဂိုးသမားေနရာကို လက္လႊတ္ထားရတဲ့ ကီပါကို အီတလီ အင္အားၾကီးကလပ္ ဂ်ဴဗင္တပ္က ေခၚယူဖို႔ မ်က္စိက်ေနပါတယ္။