ကွန်တီနဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ခန့်အပ်မယ့် ထူးခြား သတင်းများ

မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ဟာ အိုးထရက်ဖို့ဒ်က ၅ဂိုးပြတ် ရှုံးပွဲကြီး အပြီးမှာ နည်းပြ ဆိုးရှားကို ထောက်ခံဖို့ သဘောထား ပြောင်းလဲသွားကြပြီ ဖြစ်ပြီး နော်ဝေသားကို ထုတ်ပယ်ဖို့ ပြင်ဆင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဆိုးရှားကို စပါးနဲ့ ပွဲ မတိုင်ခင် ထုတ်ပယ်ပြီး နည်းပြသစ် ခန့်ဖို့ လှုပ်ရှားနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ယူနိုက်တက်ဟာ ဆိုးရှားကို အရင် ထုတ်ပယ်ဖြစ်ရင် လက်ရှိ နည်းစနစ် ဒါရိုက်တာ အဖြစ် တာဝန်ယူနေတဲ့ ဒါရင်း ဖလက်ချာ ကို ယာယီ နည်းပြ အဖြစ် တာဝန်ယူစေဖို့ ရည်မှန်းထားပါတယ်။

နည်းပြသစ် နေရာအတွက် ကွန်တီ၊ ဇီဒန်း၊ ဘရန်ဒန်ရော်ဂျာ၊ အဲရစ်တန်ဟက် တို့ လေးဦး စာရင်းထွက်နေပေမယ့် ယူနိုက်တက် အမှန်တကယ် ချိတ်ဆက်ထားတာကတော့ ကွန်တီပဲ ဖြစ်တယ်လို့ သိရပါတယ်။

အင်တာမီလန်နဲ့ ပြီးခဲ့တဲ့ နွေမှာ လမ်းခွဲပြီးတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ ကွန်တီဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြ ရာထူးကို လက်ခံဖို့ စိတ်ဝင်စားမှု ရှိပါတယ်။ ဒါပေမယ့် အဓိက တောင်းဆိုမှု အနေနဲ့ ကစားသမား အဝင်၊ အထွက် ကိစ္စ အပြောင်းအရွှေ့တွေမှာ သူကသာ တာဝန်ရှိသူ၊ ဆုံးဖြတ်သူ ဖြစ်စေချင်တယ် ဆိုတဲ့ အချက် ရှိနေပါတယ်။

ကွန်တီဟာ ယခင်အသင်းဟောင်းတွေ ဖြစ်တဲ့ အင်တာမီလန်နဲ့ ချယ်ဆီးတို့မှာလည်း အပြောင်းအရွှေ့ ကိစ္စတွေမှာ သူ့ တောင်းဆိုမှုကို လက်မခံဘဲ ဘုတ်အဖွဲ့ဝင်တွေရဲ့ စွက်ဖက်၊ လွှမ်းမိုးမှုတွေကြောင့် လမ်းခွဲခဲ့တာချည်း ဖြစ်ပါတယ်။

အခြား နည်းပြလောင်း စာရင်းထဲ ပါဝင်သူ ဖြစ်တဲ့ ဇီဒန်းကို စီရော်နယ်ဒိုက ထောက်ခံချက်ပေးကာ ခန့်အပ်စေချင် နေသော်လည်း ဇီဒန်းက ၂၀၂၂ ကမ္ဘာ့ဖလား အပြီးမှာ ပြင်သစ် လက်ရွေးစင် အသင်းကို နည်းပြချင်နေတာကြောင့် အသင်းသစ် လက်မခံဘဲ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ ဘုတ္အဖြဲ႕ဟာ အိုးထရက္ဖုိ႕ဒ္က ၅ဂိုးျပတ္ ရံႈးပြဲၾကီး အျပီးမွာ နည္းျပ ဆိုးရွားကို ေထာက္ခံဖို႕ သေဘာထား ေျပာင္းလဲသြားၾကျပီ ျဖစ္ျပီး ေနာ္ေ၀သားကို ထုတ္ပယ္ဖို႔ ျပင္ဆင္လာခဲ့ျပီ ျဖစ္ပါတယ္။ ဆိုးရွားကို စပါးနဲ႕ ပြဲ မတိုင္ခင္ ထုတ္ပယ္ျပီး နည္းျပသစ္ ခန္႔ဖို႔ လႈပ္ရွားေနေၾကာင္း သတင္းထြက္ေပၚေနပါတယ္။

ယူနိုက္တက္ဟာ ဆိုးရွားကို အရင္ ထုတ္ပယ္ျဖစ္ရင္ လက္ရွိ နည္းစနစ္ ဒါရိုက္တာ အျဖစ္ တာ၀န္ယူေနတဲ့ ဒါရင္း ဖလက္ခ်ာ ကို ယာယီ နည္းျပ အျဖစ္ တာ၀န္ယူေစဖို႔ ရည္မွန္းထားပါတယ္။

နည္းျပသစ္ ေနရာအတြက္ ကြန္တီ၊ ဇီဒန္း၊ ဘရန္ဒန္ေရာ္ဂ်ာ၊ အဲရစ္တန္ဟက္ တို႔ ေလးဦး စာရင္းထြက္ေနေပမယ့္ ယူနုိက္တက္ အမွန္တကယ္ ခ်ိတ္ဆက္ထားတာကေတာ့ ကြန္တီပဲ ျဖစ္တယ္လို႔ သိရပါတယ္။

အင္တာမီလန္နဲ႕ ျပီးခဲ့တဲ့ ေႏြမွာ လမ္းခြဲျပီးတည္းက အသင္းလက္မဲ့ ျဖစ္ေနတဲ့ ကြန္တီဟာ မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ရာထူးကို လက္ခံဖို႔ စိတ္၀င္စားမႈ ရွိပါတယ္။ ဒါေပမယ့္ အဓိက ေတာင္းဆိုမႈ အေနနဲ႕ ကစားသမား အ၀င္၊ အထြက္ ကိစၥ အေျပာင္းအေရႊ႕ေတြမွာ သူကသာ တာ၀န္ရွိသူ၊ ဆံုးျဖတ္သူ ျဖစ္ေစခ်င္တယ္ ဆိုတဲ့ အခ်က္ ရွိေနပါတယ္။

ကြန္တီဟာ ယခင္အသင္းေဟာင္းေတြ ျဖစ္တဲ့ အင္တာမီလန္နဲ႕ ခ်ယ္ဆီးတို႔မွာလည္း အေျပာင္းအေရႊ႕ ကိစၥေတြမွာ သူ႔ ေတာင္းဆိုမႈကို လက္မခံဘဲ ဘုတ္အဖြဲ႕၀င္ေတြရဲ႕ စြက္ဖက္၊ လႊမ္းမိုးမႈေတြေၾကာင့္ လမ္းခဲြခဲ့တာခ်ည္း ျဖစ္ပါတယ္။

အျခား နည္းျပေလာင္း စာရင္းထဲ ပါ၀င္သူ ျဖစ္တဲ့ ဇီဒန္းကို စီေရာ္နယ္ဒိုက ေထာက္ခံခ်က္ေပးကာ ခန္႔အပ္ေစခ်င္ ေနေသာ္လည္း ဇီဒန္းက ၂၀၂၂ ကမၻာ့ဖလား အျပီးမွာ ျပင္သစ္ လက္ေရြးစင္ အသင္းကို နည္းျပခ်င္ေနတာေၾကာင့္ အသင္းသစ္ လက္မခံဘဲ ေစာင့္ၾကည့္ေနတာ ျဖစ္ပါတယ္။