တီမိုဝါနာရဲ့ အတည်ပြုသတင်း အခုထိ ချယ်ဆီး ဘာလို့ မထုတ်ပြန်သေးလဲ ဖော်ထုတ်

ချယ်ဆီးအသင်းဟာ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတွေထက် အသာရကာ ခေါ်ယူဖို့ သဘောတူညီမှု ရပြီးပြီ ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၅၀ ဝန်းကျင်ဖြစ်ပြီး တရားဝင် အတည်ပြုသတင်းကို အားလုံးက စောင့်မျှော်နေခဲ့ကြတာပါ။

ဒါပေမယ့် ရက်ပိုင်း ကြာလာသည့်တိုင် ကစားသမားဘက်နဲ့ ချယ်ဆီးအသင်းဘက်က တိကျ ရေရာတဲ့ သတင်း ထုတ်ပြန်မှု မရှိတာကြောင့် ချယ်ဆီး ပရိသတ်တွေကတော့ စိုးရိမ်စိတ်ဝင်နေကြပြီ ဖြစ်ပါတယ်။ တီမိုဝါနာနဲ့ ချယ်ဆီးအသင်းတို့ တရားဝင်အတည်ပြုချက် ကြံ့ကြာနေရတဲ့ အကြောင်းအရင်းကို အင်္ဂလန် The Athletic သတင်းဌာန ကတော့ မေးမြန်း သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

ဝါနာနဲ့ ချယ်ဆီးအသင်းကြား လုပ်ဆောင်ဖို့မှာ ဆေးစစ်ဖို့သာ ကျန်ရှိတာ ဖြစ်ပြီး အပြောင်းအရွှေ့က ပြီးစီးလုနီးပါး အခြေအနေ ရှိတယ်လို့ သိရပါတယ်။ ဘွန်ဒစ်လီဂါက ကိုဗစ် ကာကွယ်ရေး စည်းမျဥ်းတွေကြောင့် ဝါနာက အင်္ဂလန်သို့ လာပြီး ဆေးစစ်မှု ခံယူလို့ မရဘဲ ရှိနေပါတယ်။

တဖက်မှာလည်း ချယ်ဆီးအသင်း ဆရာဝန်တွေက ဂျာမနီသွားပြီး ဆေးစစ်မှှု လုပ်ပေးလို့ မရပါဘူး။ သူတို့လည်း ဂျာမနီမှာ သွားရောက် လုပ်ဆောင်ပြီး ပြန်ရောက်တာနဲ့ ကွာရန်တင်း ၁၄ ရက် ဝင်ရမှာ ဖြစ်လို့ သွားရောက် စစ်ဆေး အတည်ပြုပေးဖို့ အခက်တွေ့နေပါတယ်။

ချယ်ဆီးအသင်း အနေနဲ့ ဒီအနေအထားကို ဖြေရှင်းဖို့မှာ ဂျာမနီ ဘောလုံးအဖွဲ့ချုပ်ထံ အကူအညီတောင်းပြီး အဖွဲ့ချုပ်က ဆရာဝန်တွေနဲ့ စစ်ဆေးမှု ခံယူနိုင်စရာ နည်းလမ်းရှိပြီး နောက်တစ်နည်း အနေနဲ့ ဂျာမန်ပွဲတွေ ပြီးအောင် စောင့်ပြီးမှ ကစားသမားကို ခေါ်ယူဖို့ များနေပါတယ်။ ဒါမှမဟုတ်ရင် ဇွန် ၂၇ နောက်ပိုင်း ဒါမှမဟုတ် အင်္ဂလန်ရဲ့ ကွာရန်တင်း စည်းမျဉ်းတွေ ပြောင်းလဲတာကို စောင့်ဆိုင်းဖို့ ရှိနေပါတယ်။

လမ်းပတ်ရဲ့ ချယ်ဆီးအသင်းကတော့ တီမိုဝါနာ အတွက် စိတ်ရှည်ရှည် စောင့်ဆိုင်းမှာ ဖြစ်ပြီး ချေးဝဲလ်နဲ့ အခြား ပစ်မှတ် ကစားသမားတွေကို ကြိုးပမ်းဖို့ ဆက်လက် အာရုံစိုက်နေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာကို ပရီးမီးယားလိဂ္ ျပိဳင္ဘက္ အသင္းေတြထက္ အသာရကာ ေခၚယူဖို႔ သေဘာတူညီမႈ ရျပီးျပီ ဆိုတဲ့ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚခဲ့ျပီး ျဖစ္ပါတယ္။ ေျပာင္းေရႊ႕ေၾကးက ေပါင္ သန္း ၅၀ ၀န္းက်င္ျဖစ္ျပီး တရား၀င္ အတည္ျပဳသတင္းကို အားလံုးက ေစာင့္ေမွ်ာ္ေနခဲ့ၾကတာပါ။

ဒါေပမယ့္ ရက္ပိုင္း ၾကာလာသည့္တိုင္ ကစားသမားဘက္နဲ႕ ခ်ယ္ဆီးအသင္းဘက္က တိက် ေရရာတဲ့ သတင္း ထုတ္ျပန္မႈ မရွိတာေၾကာင့္ ခ်ယ္ဆီး ပရိသတ္ေတြကေတာ့ စိုးရိမ္စိတ္၀င္ေနၾကျပီ ျဖစ္ပါတယ္။ တီမို၀ါနာနဲ႕ ခ်ယ္ဆီးအသင္းတို႔ တရား၀င္အတည္ျပဳခ်က္ ၾကံ႕ၾကာေနရတဲ့ အေၾကာင္းအရင္းကို အဂၤလန္ The Athletic သတင္းဌာန ကေတာ့ ေမးျမန္း သတင္းထုတ္ျပန္ေပးခဲ့ပါတယ္။

၀ါနာနဲ႕ ခ်ယ္ဆီးအသင္းၾကား လုပ္ေဆာင္ဖို႔မွာ ေဆးစစ္ဖို႔သာ က်န္ရွိတာ ျဖစ္ျပီး အေျပာင္းအေရႊ႕က ျပီးစီးလုနီးပါး အေျခအေန ရွိတယ္လို႔ သိရပါတယ္။ ဘြန္ဒစ္လီဂါက ကိုဗစ္ ကာကြယ္ေရး စည္းမ်ဥး္ေတြေၾကာင့္ ၀ါနာက အဂၤလန္သို႔ လာျပီး ေဆးစစ္မႈ ခံယူလို႔ မရဘဲ ရွိေနပါတယ္။

တဖက္မွာလည္း ခ်ယ္ဆီးအသင္း ဆရာ၀န္ေတြက ဂ်ာမနီသြားျပီး ေဆးစစ္မွႈ လုပ္ေပးလို႔ မရပါဘူး။ သူတို႔လည္း ဂ်ာမနီမွာ သြားေရာက္ လုပ္ေဆာင္ျပီး ျပန္ေရာက္တာနဲ႕ ကြာရန္တင္း ၁၄ ရက္ ၀င္ရမွာ ျဖစ္လို႔ သြားေရာက္ စစ္ေဆး အတည္ျပဳေပးဖို႕ အခက္ေတြ႔ေနပါတယ္။

ခ်ယ္ဆီးအသင္း အေနနဲ႕ ဒီအေနအထားကို ေျဖရွင္းဖို႔မွာ ဂ်ာမနီ ေဘာလံုးအဖြဲ႕ခ်ဳပ္ထံ အကူအညီေတာင္းျပီး အဖြဲ႕ခ်ဳပ္က ဆရာ၀န္ေတြနဲ႕ စစ္ေဆးမႈ ခံယူနိုင္စရာ နည္းလမ္းရွိျပီး ေနာက္တစ္နည္း အေနနဲ႕ ဂ်ာမန္ပြဲေတြ ျပီးေအာင္ ေစာင့္ျပီးမွ ကစားသမားကို ေခၚယူဖို႔ မ်ားေနပါတယ္။ ဒါမွမဟုတ္ရင္ ဇြန္ ၂၇ ေနာက္ပိုင္း ဒါမွမဟုတ္ အဂၤလန္ရဲ႕ ကြာရန္တင္း စည္းမ်ဥ္းေတြ ေျပာင္းလဲတာကို ေစာင့္ဆိုင္းဖို႔ ရွိေနပါတယ္။

လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းကေတာ့ တီမို၀ါနာ အတြက္ စိတ္ရွည္ရွည္ ေစာင့္ဆိုင္းမွာ ျဖစ္ျပီး ေခ်း၀ဲလ္နဲ႕ အျခား ပစ္မွတ္ ကစားသမားေတြကို ၾကိဳးပမ္းဖို႔ ဆက္လက္ အာရံုစိုက္ေနပါတယ္။