ဘာစီလိုနာအသင်းဟာ ရော်နယ် ကိုးမန်းကို နည်းပြ အဖြစ်က ထုတ်ပယ်လိုက်ပြီးနောက် အစားထိုး ခန့်အပ်ဖို့ ဇာဗီ ကို အဓိက ကြိုးစားနေပါတယ်။ အခြားနည်းပြလောင်းများလည်း ရှိပေမယ့် ဇာဗီကိုသာ ခန့်အပ်လိုနေတာပါ။ ဘာစီလိုနာ အသင်းဟာ အဖွင့်ပွဲ လိဂ်ပွဲ ၁၀ ပွဲမှာ ၄ ပွဲသာ နိုင်ထားပြီး အဆင့် ၉ နေရာမှာ ရှိနေပါတယ်။
ပေါ့ဘာကို စာချုပ် သက်တမ်း တိုးဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ မန်ချက်စတာ ကလပ်ဘက်က လက်ခံလိုက်ပြီ ဖြစ်ပြီး ပြင်သစ်သားကို နောက်နှစ် နွေမှာ အလွတ်နဲ့ ထွက်ခွာခွင့် ပြုရတော့မှာ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ဆီဗီလာ ခံစစ်မှုး ကွန်ဒဲလ်ရော ဂျူဗင်တပ်စ် မှ ဒီလစ်ကိုရောပါ ခေါ်ယူဖို့ ထည့်သွင်း စဉ်းစားနေပြီး သူတို့ ခံစစ်အင်အားကို တိုးမြှင့်လိုနေပါတယ်။

ဘရာဇီးသား တောင်ပံတိုက်စစ်သမား ရာဖင်ဟာ ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ထဲမှာ ပီအက်စ်ဂျီ အသင်းလည်း ပါဝင်လာပါတယ်။ ၎င်းက လိဒ်ယူနိုက်တက်မှာ အထင်ကြီးဖွယ် အစွမ်းပြနေပါတယ်။
လီဗာပူးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အတူ လိဒ်ယူနိုက်တက်မှ ကယ်ဗင် ဖိလစ်ကို ခေါ်ယူရေး ပါဝင် စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။
တစ်ပွဲ လူစားလဲမှု ၅ ခု ထိ ပြုလုပ်ဖို့ ကိုဗစ် ကာလမှာ ခေတ္တခွင့်ပြုပေးခဲ့ပေမယ့် ထိုစည်းမျဉ်းကို အတည် အဖြစ် သတ်မှတ်ဖို့ ဖိအားပေးမှုတွေ ပရီးမီးယားလိဂ်မှာ ရှိလာနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ခုနေမှာ ဆိုးရှားကို နည်းပြ အဖြစ်ကနေ ထုတ်ပယ်မယ် ဆိုရင် လျော်ကြေး ပေါင် ၇.၅သန်း ပေးရဖို့ ရှိနေကြောင်း သိရပါတယ်။

Zawgyi
ဘာစီလိုနာအသင္းဟာ ေရာ္နယ္ ကိုးမန္းကို နည္းျပ အျဖစ္က ထုတ္ပယ္လိုက္ျပီးေနာက္ အစားထိုး ခန္႔အပ္ဖို႔ ဇာဗီ ကို အဓိက ၾကိဳးစားေနပါတယ္။ အျခားနည္းျပေလာင္းမ်ားလည္း ရွိေပမယ့္ ဇာဗီကိုသာ ခန္႔အပ္လိုေနတာပါ။ ဘာစီလိုနာ အသင္းဟာ အဖြင့္ပြဲ လိဂ္ပြဲ ၁၀ ပြဲမွာ ၄ ပြဲသာ နုိင္ထားျပီး အဆင့္ ၉ ေနရာမွာ ရွိေနပါတယ္။
ေပါ့ဘာကို စာခ်ဳပ္ သက္တမ္း တိုးဖို႔ ဆိုတာ မျဖစ္နုိင္ေတာ့ဘူးလို႔ မန္ခ်က္စတာ ကလပ္ဘက္က လက္ခံလိုက္ျပီ ျဖစ္ျပီး ျပင္သစ္သားကို ေနာက္နွစ္ ေႏြမွာ အလြတ္နဲ႕ ထြက္ခြာခြင့္ ျပဳရေတာ့မွာ ျဖစ္ပါတယ္။
ခ်ယ္ဆီးအသင္းဟာ ဆီဗီလာ ခံစစ္မႈး ကြန္ဒဲလ္ေရာ ဂ်ဴဗင္တပ္စ္ မွ ဒီလစ္ကိုေရာပါ ေခၚယူဖို႔ ထည့္သြင္း စဥ္းစားေနျပီး သူတို႔ ခံစစ္အင္အားကို တိုးျမွင့္လိုေနပါတယ္။
ဘရာဇီးသား ေတာင္ပံတိုက္စစ္သမား ရာဖင္ဟာ ကို ေခၚယူဖို႔ ၾကိဳးစားေနတဲ့ထဲမွာ ပီအက္စ္ဂ်ီ အသင္းလည္း ပါ၀င္လာပါတယ္။ ၄င္းက လိဒ္ယူနိုက္တက္မွာ အထင္ၾကီးဖြယ္ အစြမ္းျပေနပါတယ္။
လီဗာပူးအသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ အတူ လိဒ္ယူနိုက္တက္မွ ကယ္ဗင္ ဖိလစ္ကို ေခၚယူေရး ပါ၀င္ စိတ္၀င္စားလာတယ္လို႔ သိရပါတယ္။
တစ္ပြဲ လူစားလဲမႈ ၅ ခု ထိ ျပဳလုပ္ဖို႔ ကိုဗစ္ ကာလမွာ ေခတၱခြင့္ျပဳေပးခဲ့ေပမယ့္ ထိုစည္းမ်ဥ္းကို အတည္ အျဖစ္ သတ္မွတ္ဖို႔ ဖိအားေပးမႈေတြ ပရီးမီးယားလိဂ္မွာ ရွိလာေနပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ခုေနမွာ ဆိုးရွားကို နည္းျပ အျဖစ္ကေန ထုတ္ပယ္မယ္ ဆိုရင္ ေလ်ာ္ေၾကး ေပါင္ ၇.၅သန္း ေပးရဖို႔ ရွိေနေၾကာင္း သိရပါတယ္။
