သူတို့ရဲ့ ကစားသမားကို ယူနိုက်တက်ထံ အလွတ်နဲ့ ထွက်ခွင့်မပေးဘူးဆိုတဲ့ လိုက်ဇစ်ဒါရိုက်တာ

UNICODE – လိုက်ဇစ်အသင်း အားကစားဒါရိုက်တာက ခံစစ်မှူး အူပါမီကာနိုကို အလွတ်နဲ့ ထွက်ခွာခွင့် မပေးရဖို့ ကြိုးစားသွားမယ်လို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။

ဂျာမနီသတင်းတွေအရ ပြင်သစ်သား ခံစစ်သမားကို ယူနိုက်တက်က ခေါ်ယူဖို့ ချိတ်ဆက်နေတာပါ။ အူဘာမီကာနိုဟာ လိုက်ဇစ်နဲ့ ၂၀၂၁ ခုနှစ်ထိပဲ စာချုပ်ရှိနေတာဖြစ်ပြီး လာမယ့် ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ့် အနေအထားလည်း ဖြစ်လို့ အာဆင်နယ်ကလည်း ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။

အဆိုပါ ကိစ္စနဲ့ ပက်သက်ပြီး Bild သတင်းနဲ့ အင်တာဗျူးမှာတော့ လိုက်ဇစ် အားကစားဒါရိုက်တာ Oliver Mintzlaf က ပြောရာမှာ ” အူပါက ကျနေ်ာတို့အတွက် အရေးပါလှတဲ့ ကစားသမားဖြစ်ပြီး ဥရောပရဲ့ အရည်အချင်း အရှိဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

သူ့ကို အလွတ်နဲ့ ထွက်ခွင့်ပေးမှာ မဟုတ်ကြောင်းကို သူနဲ့ သူ့အေးဂျင့်တို့ကို ရှင်းရှင်းလင်းလင်း နားလည်အောင် ကျနေ်ာတို့ သေချာ ပြောမှာပါ။ ကလပ်အနေနဲ့ အဲ့လိုမျိုး ဖြစ်ခွင့်ပြုမှာ မဟုတ်ပါဘူး။ သူ့ကို စာချုပ်ချုပ်မလား ထွက်ခွင့်ပေးမလားဆိုတဲ့ ရွေးချယ်စရာ နှစ်ချက် ရှိပါတယ်။ မကြာခင်မှာပဲ ရှေ့ဆက်ရမယ့် ဦးတည်ချက်အတွက် ကျနေ်ာတို့ အဖြေရှာနိုင်မယ်လို့ ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် ခံစစ်သမားရဲ့ စာချုပ်မှာတော့ ပေါင် ၅၂ သန်းပေးမှ ထွက်ခွာခွင့် ပါဝင်ပါတယ်။ ယူနိုက်တက်က ဒီနွေမှာ အူပါမီကာနိုကို ကမ်းလှမ်းမယ့်အစား နောက်ထပ် ၆ လ အကြာမှာ ကစားသမားနဲ့ ညိနှိုင်းမှုလုပ်ကာ နောက်နှစ် နွေမှ အလွတ်နဲ့ ခေါ်ယူဖို့ပါ စဉ်းစားထားတာ ဖြစ်ပါတယ်။

ZAWGYI – လိုက္ဇစ္အသင္း အားကစားဒါရိုက္တာက ခံစစ္မွဴး အူပါမီကာႏိုကို အလြတ္နဲ႔ ထြက္ခြာခြင့္ မေပးရဖို႔ ၾကိဳးစားသြားမယ္လို႔ အတည္ျပဳ ေျပာဆိုလိုက္ပါတယ္။

ဂ်ာမနီသတင္းေတြအရ ျပင္သစ္သား ခံစစ္သမားကို ယူႏုိက္တက္က ေခၚယူဖို႔ ခ်ိတ္ဆက္ေနတာပါ။ အူဘာမီကာႏိုဟာ လိုက္ဇစ္နဲ႔ ၂၀၂၁ ခုႏွစ္ထိပဲ စာခ်ဳပ္ရွိေနတာျဖစ္ျပီး လာမယ့္ ရာသီမွာ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူခြင့္ရမယ့္ အေနအထားလည္း ျဖစ္လို႔ အာဆင္နယ္ကလည္း ပစ္မွတ္ထားေနဆဲ ျဖစ္ပါတယ္။

အဆိုပါ ကိစၥနဲ႔ ပက္သက္ျပီး Bild သတင္းနဲ႔ အင္တာဗ်ဴးမွာေတာ့ လိုက္ဇစ္ အားကစားဒါရိုက္တာ Oliver Mintzlaf က ေျပာရာမွာ ” အူပါက က်ေန္ာတို႔အတြက္ အေရးပါလွတဲ့ ကစားသမားျဖစ္ျပီး ဥေရာပရဲ႕ အရည္အခ်င္း အရွိဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။

သူ႔ကို အလြတ္နဲ႔ ထြက္ခြင့္ေပးမွာ မဟုတ္ေၾကာင္းကို သူနဲ႔ သူ႔ေအးဂ်င့္တို႔ကို ရွင္းရွင္းလင္းလင္း နားလည္ေအာင္ က်ေန္ာတို႔ ေသခ်ာ ေျပာမွာပါ။ ကလပ္အေနနဲ႔ အဲ့လိုမ်ိဳး ျဖစ္ခြင့္ျပဳမွာ မဟုတ္ပါဘူး။ သူ႔ကို စာခ်ဳပ္ခ်ဳပ္မလား ထြက္ခြင့္ေပးမလားဆိုတဲ့ ေရြးခ်ယ္စရာ ႏွစ္ခ်က္ ရွိပါတယ္။ မၾကာခင္မွာပဲ ေရွ႔ဆက္ရမယ့္ ဦးတည္ခ်က္အတြက္ က်ေန္ာတို႔ အေျဖရွာႏုိင္မယ္လို႔ ထင္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာပါ။

အသက္ ၂၁ ႏွစ္အရြယ္ ခံစစ္သမားရဲ႕ စာခ်ဳပ္မွာေတာ့ ေပါင္ ၅၂ သန္းေပးမွ ထြက္ခြာခြင့္ ပါဝင္ပါတယ္။ ယူႏုိက္တက္က ဒီေႏြမွာ အူပါမီကာႏုိကို ကမ္းလွမ္းမယ့္အစား ေနာက္ထပ္ ၆ လ အၾကာမွာ ကစားသမားနဲ႔ ညိႏိႈင္းမႈလုပ္ကာ ေနာက္ႏွစ္ ေႏြမွ အလြတ္နဲ႔ ေခၚယူဖို႔ပါ စဥ္းစားထားတာ ျဖစ္ပါတယ္။