UNICODE – နော်ဝေသား ဟာလန်းရဲ့ ဆရာဟောင်းဖြစ်သူ Jan Age Fjortoft က ထုတ်ပြောမှုအရ လူငယ် တိုက်စစ်သမားလေးဟာ အင်္ဂလန်ကို ပြောင်းလိုပေမယ့် ယူနိုက်တက်ကိုတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဇန်နဝါရီကမှ ဂျာမနီကလပ် ဒေါ့မွန်ကို ပြောင်းရွှေ့သွားတဲ့ ဟာလန်းဟာ အသက် ၁၉ နှစ်ပဲ ရှိသေးတာဖြစ်ပြီး သူဟာ တစ်ရက်မှာ ဖခင်ဖြစ်သူ ကစားခဲ့ရာ အင်္ဂလန်ကို ပြောင်းလာဖို့ ရည်ရွယ်ချက်ရှိထားပါတယ်။ သူ ပြောင်းလိုတဲ့ အသင်းက သတင်းတွေ ကြီးထားသလို ယူနိုက်တက် မဟုတ်ဘဲ ပြိုင်ဘက်ဟောင်းကြီးဖြစ်တဲ့ လိဒ်အသင်းကိုသာ ဖြစ်တယ်လို့ Fjortoft က ပြောပါတယ်။
Fjortoft က ပြောရာမှာ ‘ ဟားလန်း စကားထဲ ထည့်ပြောတဲ့ ယူနိုက်တက်ဆိုတာ လဒ်ယူနိုက်တက်ပဲ ရှိပါတယ်။ သင့်လျော်တဲ့ အသက်အရွယ်ရောက်ရင် သူက အင်္ဂလန်ကို ပြောင်းမှာပါ။
ဒါပေမယ့် အသက် ၁၉ နှစ်ပဲ ရှိသေးပြီး ဂိုးမသွင်းနိုင်တာ ၅ ပွဲရှိလာတဲ့ အနေအထားကိုပဲ အရင်ဆုံး ကြိုးစားရမှာပါ။ သူက အချိန်တစ်ခုကို စောင့်သင့်ပြီး ဘာလုပ်နိုင်သလဲ ကြည့်ရမှာပေါ့။ အခုချိန်မှာတော့ သူက နေရာမှာမှာ ရှိနေတာပါ။ ‘ လို့ ဆိုခဲ့တာဖြစ်တယ်။
ဟာလန်းဟာ ဖခင်ဖြစ်သူ လိဒ်အသင်းအတွက် ကစားပေးနေစဉ်မှာပဲ သူ့ကို အင်္ဂလန်က ယော့ရှိုင်းယား ဒေသမှာ မွေးဖွားခဲ့တာပါ။ သူ့ရဲ့ အိပ်မက်က တစ်ရက်မှာ လိဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ ကစားဖို့ဖြစ်တယ်။ အပြောင်းအရွှေ့ သတင်းတွေအဖြစ် ယူနိုက်တက်နဲ့ သတင်းထွက်ခဲ့ခြင်းတွေမှာ ဟာလန်းကတော့ လိဒ်ယူနိုက်တက်မှာ ကစားလိုကြောင်း တစ်ကြိမ် ပြောခဲ့ဖူးပါတယ်။
ယူနိုက်တက်နဲ့ လိဒ်တို့ဟာ အတိတ်က ခါးသီးပြိုင်ဘက်တွေဖြစ်ပြီး ယော့ရှိုင်းယားသားတွေက မန်ချက်စတာကလပ်နဲ့ ပြင်းထန်တဲ့ ဆက်ဆံရေးမျိုးတွေ ရှိထားခဲ့တာဖြစ်ပါတယ်။
ZAWGYI – ေနာ္ေဝသား ဟာလန္းရဲ႕ ဆရာေဟာင္းျဖစ္သူ Jan Age Fjortoft က ထုတ္ေျပာမႈအရ လူငယ္ တိုက္စစ္သမားေလးဟာ အဂၤလန္ကို ေျပာင္းလိုေပမယ့္ ယူႏုိက္တက္ကိုေတာ့ မဟုတ္ဘူးလို႔ ဆိုပါတယ္။
ဇန္နဝါရီကမွ ဂ်ာမနီကလပ္ ေဒါ့မြန္ကို ေျပာင္းေရႊ႔သြားတဲ့ ဟာလန္းဟာ အသက္ ၁၉ ႏွစ္ပဲ ရွိေသးတာျဖစ္ျပီး သူဟာ တစ္ရက္မွာ ဖခင္ျဖစ္သူ ကစားခဲ့ရာ အဂၤလန္ကို ေျပာင္းလာဖို႔ ရည္ရြယ္ခ်က္ရွိထားပါတယ္။ သူ ေျပာင္းလိုတဲ့ အသင္းက သတင္းေတြ ၾကီးထားသလို ယူႏုိက္တက္ မဟုတ္ဘဲ ျပိဳင္ဘက္ေဟာင္းၾကီးျဖစ္တဲ့ လိဒ္အသင္းကိုသာ ျဖစ္တယ္လို႔ Fjortoft က ေျပာပါတယ္။
Fjortoft က ေျပာရာမွာ ‘ ဟားလန္း စကားထဲ ထည့္ေျပာတဲ့ ယူႏုိက္တက္ဆိုတာ လဒ္ယူႏုိက္တက္ပဲ ရွိပါတယ္။ သင့္ေလ်ာ္တဲ့ အသက္အရြယ္ေရာက္ရင္ သူက အဂၤလန္ကို ေျပာင္းမွာပါ။
ဒါေပမယ့္ အသက္ ၁၉ ႏွစ္ပဲ ရွိေသးျပီး ဂိုးမသြင္းႏုိင္တာ ၅ ပြဲရွိလာတဲ့ အေနအထားကိုပဲ အရင္ဆံုး ၾကိဳးစားရမွာပါ။ သူက အခ်ိန္တစ္ခုကို ေစာင့္သင့္ျပီး ဘာလုပ္ႏုိင္သလဲ ၾကည့္ရမွာေပါ့။ အခုခ်ိန္မွာေတာ့ သူက ေနရာမွာမွာ ရွိေနတာပါ။ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။
ဟာလန္းဟာ ဖခင္ျဖစ္သူ လိဒ္အသင္းအတြက္ ကစားေပးေနစဥ္မွာပဲ သူ႔ကို အဂၤလန္က ေယာ့ရိႈင္းယား ေဒသမွာ ေမြးဖြားခဲ့တာပါ။ သူ႔ရဲ႕ အိပ္မက္က တစ္ရက္မွာ လိဒ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႔ ကစားဖို႔ျဖစ္တယ္။ အေျပာင္းအေရႊ႔ သတင္းေတြအျဖစ္ ယူႏုိက္တက္နဲ႔ သတင္းထြက္ခဲ့ျခင္းေတြမွာ ဟာလန္းကေတာ့ လိဒ္ယူႏုိက္တက္မွာ ကစားလိုေၾကာင္း တစ္ၾကိမ္ ေျပာခဲ့ဖူးပါတယ္။
ယူႏုိက္တက္နဲ႔ လိဒ္တို႔ဟာ အတိတ္က ခါးသီးျပိဳင္ဘက္ေတြျဖစ္ျပီး ေယာ့ရိႈင္းယားသားေတြက မန္ခ်က္စတာကလပ္နဲ႔ ျပင္းထန္တဲ့ ဆက္ဆံေရးမ်ိဳးေတြ ရွိထားခဲ့တာျဖစ္ပါတယ္။