လူကာကူတို့ကို ခံစစ်ဆင်းခိုင်းရမလား ဆိုတဲ့ တူချယ်၊ ရူဒီဂါ စာချူပ်သစ်ကိစ္စ၊နဲ့ ချယ်ဆီး သတင်းတိုများ

စာချုပ်သစ် ကိစ္စနဲ့ ပတ်သတ်ပြီး အဆင်မပြေသေးဘူး ဆိုတဲ့ သတင်းတွေ အပေါ် ရူဒီဂါက – ” ဒါတွေ ကျနော့်် ခေါင်းထဲ မရှိသေးဘူး။ ကိုယ်လုပ်ရမှာပဲ ကိုယ် အာရုံစိုက်ထားတယ်။ ဒါကြောင့်ပဲ မနက်တိုင်း ကျနော် နိုးထလာရတာ၊ တူချယ်က ကျနော့်ကို စိတ်သစ်လူသစ်နဲ့ ပြန်စတင်ခွင့်ပေးခဲ့တယ်။ သူက ကျနော့်ကို ခေါင်းဆောင် တစ်ဦးကို ဖြစ်စေချင်တာ။ ” လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးကွင်းလယ်သမား မေဆန်မောင့်ဟာ နယူးကာဆယ်နဲ့ ပွဲမှာ မပါဝင်နိုင်ခဲ့တာက အဖျားကြောင့် ဖြစ်ပြီး ပွဲနေ့ မနက်မှ နေမကောင်း ဖြစ်ခဲ့တာလို့ သိရပါတယ်။ ကံကောင်းစွာပဲ ကိုဗစ် ကူးစက်ခံရတာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ချယ်ဆီးအသင်းမှာ တိုက်စစ်မှုးတွေ မပါနိုင်ပေမယ့် ဂျိမ်းစ်က အစွမ်းပြ ဂိုးသွင်းနေတာကြောင့် လူကာကူနဲ့ ဗာနာ တို့ ပြန်လာရင် အစွန်ခံစစ် ဆင်း ကစားခိုင်းရမလိုပဲ လို့ တူချယ်က ဟာသလုပ်ကာ ပြောဆိုသွားခဲ့ပါတယ်။

ပဲလေ့စ်မှာ အငှား သွားကစားနေတဲ့ ချယ်ဆီး လူငယ်လေး ဂလဲဟားဟာ စနေနေ့ည ကပွဲမှာ မန်စီးတီးဘက် ဒုတိယ အနိုင်ဂိုး သွင်းယူခဲ့ပြီး ချယ်ဆီးကို တဖက်တလမ်းက ကူညီသွားခဲ့ပါတယ်။

ကာရာဘောင်းဖလား ကွာတားဖိုင်နယ် အဆင့် မဲခွဲမှုများ ထွက်ပေါ်ခဲ့ပြီ ဖြစ်ရာ ချယ်ဆီးအသင်း က ဘရန့်ဖို့ဒ်အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲရက်ကတော့ ဒီဇင်ဘာ ၂၀ ဖြစ်ပါတယ်။

နယူးကာဆယ်ဘက်ကို ၂ ဂိုးသွင်းခဲ့တဲ့ ရိစ်ဂျိမ်းစ်က ထိုနှစ်ဂိုးမှာ ပထမဂိုးက သူ အားနည်းတဲ့ ခြေထောက်နဲ့ သွင်းခဲ့တာ ဖြစ်လို့ ပိုကောင်းတဲ့ ဂိုးလို့ ဆိုနိုင်ကြောင်း ပွဲ အပြီးမှာ ဖွင့်ဟခဲ့ပါတယ်။

Zawgyi

စာခ်ဳပ္သစ္ ကိစၥနဲ႕ ပတ္သတ္ျပီး အဆင္မေျပေသးဘူး ဆိုတဲ့ သတင္းေတြ အေပၚ ရူဒီဂါက – ” ဒါေတြ က်ေနာ့္္ ေခါင္းထဲ မရွိေသးဘူး။ ကိုယ္လုပ္ရမွာပဲ ကုိယ္ အာရံုစိုက္ထားတယ္။ ဒါေၾကာင့္ပဲ မနက္တိုင္း က်ေနာ္ နုိးထလာရတာ၊ တူခ်ယ္က က်ေနာ့္ကို စိတ္သစ္လူသစ္နဲ႕ ျပန္စတင္ခြင့္ေပးခဲ့တယ္။ သူက က်ေနာ့္ကို ေခါင္းေဆာင္ တစ္ဦးကို ျဖစ္ေစခ်င္တာ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးကြင္းလယ္သမား ေမဆန္ေမာင့္ဟာ နယူးကာဆယ္နဲ႕ ပြဲမွာ မပါ၀င္နိုင္ခဲ့တာက အဖ်ားေၾကာင့္ ျဖစ္ျပီး ပြဲေန႔ မနက္မွ ေနမေကာင္း ျဖစ္ခဲ့တာလို႔ သိရပါတယ္။ ကံေကာင္းစြာပဲ ကိုဗစ္ ကူးစက္ခံရတာေတာ့ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ခ်ယ္ဆီးအသင္းမွာ တုိုက္စစ္မႈးေတြ မပါနိုင္ေပမယ့္ ဂ်ိမ္းစ္က အစြမ္းျပ ဂိုးသြင္းေနတာေၾကာင့္ လူကာကူနဲ႕ ဗာနာ တို႔ ျပန္လာရင္ အစြန္ခံစစ္ ဆင္း ကစားခိုင္းရမလိုပဲ လို႔ တူခ်ယ္က ဟာသလုပ္ကာ ေျပာဆိုသြားခဲ့ပါတယ္။

ပဲေလ့စ္မွာ အငွား သြားကစားေနတဲ့ ခ်ယ္ဆီး လူငယ္ေလး ဂလဲဟားဟာ စေနေန႔ည ကပြဲမွာ မန္စီးတီးဘက္ ဒုတိယ အနိုင္ဂိုး သြင္းယူခဲ့ျပီး ခ်ယ္ဆီးကို တဖက္တလမ္းက ကူညီသြားခဲ့ပါတယ္။

ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္ အဆင့္ မဲခြဲမႈမ်ား ထြက္ေပၚခဲ့ျပီ ျဖစ္ရာ ခ်ယ္ဆီးအသင္း က ဘရန္႔ဖို႔ဒ္အသင္းကို အေဝးကြင္း သြားေရာက္ ရင္ဆိုင္ရမွာပါ။ ပြဲရက္ကေတာ့ ဒီဇင္ဘာ ၂၀ ျဖစ္ပါတယ္။

နယူးကာဆယ္ဘက္ကို ၂ ဂိုးသြင္းခဲ့တဲ့ ရိစ္ဂ်ိမ္းစ္က ထိုနွစ္ဂိုးမွာ ပထမဂိုးက သူ အားနည္းတဲ့ ေျခေထာက္နဲ႕ သြင္းခဲ့တာ ျဖစ္လို႔ ပိုေကာင္းတဲ့ ဂိုးလို႔ ဆိုနုိင္ေၾကာင္း ပြဲ အျပီးမွာ ဖြင့္ဟခဲ့ပါတယ္။