အာဆင်နယ် နည်းစနစ် ဒါရိုက်တာ အီဒူးဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် စဖွင့်တာနဲ့ အလုပ်ရှုပ်ဖို့ ရှိနေပြီး ရာသီကုန်မှာ အာတီတာရဲ့ အသင်းက တောင့်တင်းစွာ ရာသီသိမ်းနိုင်အောင် ဖြည့်ဆည်းပေးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
လက်စတာနဲ့ ပွဲမှာ အာဆင်နယ် ဂိုးသမား ရမ်စ်ဒယ်က လက်ခုပ်သံတွေကို သိမ်းပိုက် သွားခဲ့ပေမယ့် ဂန်းနားတို့ ဗဟိုခံစစ်မှာ ဂါဘရီရယ်က ထူးချွန်စွာ အစွမ်းပြခဲ့ပါတယ်။

ရာသီအစကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့် ဂါဘရီရယ် ပြန်လာပြီးနောက် အာဆင်နယ် ပရီးမီးယားလိဂ် ၇ ပွဲ မရှုံးသလို ပေးဂိုးမရှိ ၄ ပွဲ ရထားတာက တိုက်ဆိုင်မှု တော့ မဟုတ်ကြောင်း လန်ဒန် သတင်းဌာနက ဖော်ပြထားပါတယ်။
တိုက်စစ်မှုး လာကာဇက်ဟာ ရာသီကုန် အာဆင်နယ်နဲ့ စာချုပ် သက်တမ်းကုန်ရင် အလွတ်နဲ့ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် နောက်နှစ် အာဆင်နယ်မှာ ဆက်ရှိနေမလား အမေးကို ပြင်သစ်သားက ‘ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ‘ လို့ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။
ဖီအိုရင်တီးနားမှာ အစွမ်းပြနေတဲ့ တိုက်စစ်မှုး ဒူဆန် ဗလာဟိုဗစ်ဟာ တနင်္ဂနွေနေ့က ပွဲမှာလည်း ဟက်ထရစ် သွင်းယူခဲ့ပြီး ဆားဘီးယားသားကို အာဆင်နယ်နဲ့ စပါး ပရိသတ်တွေက အလိုရှိနေကြပါတယ်။ အသက် ၂၁ နှစ် အရွယ် တိုက်စစ်မှုးဟာ စာချုပ် သက်တမ်းတိုးမှာ မဟုတ်ကြောင်း ဖီအိုရင်တီးနားကလည်း ဝန်ခံထားပါတယ်။
အာဆင်နယ်က နောက်နှစ်မှာ လာကာဇက်ကို လက်လွှတ်ရဖွယ် ရှိသလို စပါးကလည်း ကိန်းနေရာ အတွက် ရှာဖွေရမှာ ဖြစ်လို့ လန်ဒန် ပရိသတ်တွေက ဗလာဟိုဗစ် ကို ခေါ်ယူစေလိုနေကြပါတယ်။

Zawgyi
အာဆင္နယ္ နည္းစနစ္ ဒါရုိက္တာ အီဒူးဟာ ဇန္နဝါရီ အေျပာင္းအေရႊ႕ ေစ်းကြက္ စဖြင့္တာနဲ႕ အလုပ္ရႈပ္ဖို႔ ရွိေနျပီး ရာသီကုန္မွာ အာတီတာရဲ႕ အသင္းက ေတာင့္တင္းစြာ ရာသီသိမ္းနုိင္ေအာင္ ျဖည့္ဆည္းေပးဖို႔ စီစဥ္ေနျပီ ျဖစ္ပါတယ္။
လက္စတာနဲ႕ ပြဲမွာ အာဆင္နယ္ ဂိုးသမား ရမ္စ္ဒယ္က လက္ခုပ္သံေတြကို သိမ္းပိုက္ သြားခဲ့ေပမယ့္ ဂန္းနားတို႔ ဗဟိုခံစစ္မွာ ဂါဘရီရယ္က ထူးခၽြန္စြာ အစြမ္းျပခဲ့ပါတယ္။
ရာသီအစကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ေပမယ့္ ဂါဘရီရယ္ ျပန္လာျပီးေနာက္ အာဆင္နယ္ ပရီးမီးယားလိဂ္ ၇ ပြဲ မရံႈးသလို ေပးဂိုးမရွိ ၄ ပြဲ ရထားတာက တိုက္ဆုိင္မႈ ေတာ့ မဟုတ္ေၾကာင္း လန္ဒန္ သတင္းဌာနက ေဖာ္ျပထားပါတယ္။
တိုက္စစ္မႈး လာကာဇက္ဟာ ရာသီကုန္ အာဆင္နယ္နဲ႕ စာခ်ဳပ္ သက္တမ္းကုန္ရင္ အလြတ္နဲ႕ ထြက္ခြာသြားဖြယ္ ရွိေနပါတယ္။ ဒါေပမယ့္ ေနာက္နွစ္ အာဆင္နယ္မွာ ဆက္ရွိေနမလား အေမးကို ျပင္သစ္သားက ‘ ဘာမဆို ျဖစ္သြားနုိင္ပါတယ္။ ‘ လို႔ တုန္႔ျပန္ ေျပာဆိုခဲ့ပါတယ္။
ဖီအိုရင္တီးနားမွာ အစြမ္းျပေနတဲ့ တိုက္စစ္မႈး ဒူဆန္ ဗလာဟိုဗစ္ဟာ တနဂၤေႏြေန႔က ပြဲမွာလည္း ဟက္ထရစ္ သြင္းယူခဲ့ျပီး ဆားဘီးယားသားကို အာဆင္နယ္နဲ႕ စပါး ပရိသတ္ေတြက အလိုရွိေနၾကပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ တိုက္စစ္မႈးဟာ စာခ်ဳပ္ သက္တမ္းတိုးမွာ မဟုတ္ေၾကာင္း ဖီအိုရင္တီးနားကလည္း ဝန္ခံထားပါတယ္။
အာဆင္နယ္က ေနာက္နွစ္မွာ လာကာဇက္ကို လက္လႊတ္ရဖြယ္ ရွိသလို စပါးကလည္း ကိန္းေနရာ အတြက္ ရွာေဖြရမွာ ျဖစ္လို႔ လန္ဒန္ ပရိသတ္ေတြက ဗလာဟိုဗစ္ ကို ေခၚယူေစလိုေနၾကပါတယ္။
