ကွန်တီကို အရင်ဖြတ်လုတော့မယ့် စပါး၊ ရော်နယ်ဒိုရဲ့ အမှာစကားနဲ့ မန်ယူနိုက်တက် သတင်းတိုများ

စပါးအသင်းဟာ နည်းပြ နူနို အက်စ်ပရက်တို ဆန်တိုကို နည်းပြ ကနေ ထုတ်ပယ်လိုက်ပြီး ဖြစ်ကာ ကွန်တီကို အစားထိုး ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။ ယူနိုက်တက်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်က ကွန်တီကို ခန့်လိုပေမယ့် ဆိုးရှားကို ပွဲအနည်းငယ် စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဘာစီလိုနာအသင်းဟာ ဇန်နဝါရီမှာ ယူနိုက်တက် ကွင်းလယ်သမား ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။ စပိန် ထိပ်သီးကလပ်ဟာ နယ်သာလန်သား ယူနိုက်တက်မှာ အဆင်မပြေ ဖြစ်နေတာကို စောင့်ကြည့်နေပါတယ်။

ပြောင်းရွှေ့ကြေးကြီး ပေးပြီး နွေမှာ ခေါ်ခဲ့ပေမယ့် အခုထိ အရန်ခုံမှာပဲ ရှိနေသေးတဲ့ ဆန်ချိုဟာ သူ့အရင် မန်ချက်စတာ ရောက်နေတဲ့ ဗန်ဒီဘိခ်လိုပဲ ကစားခွင့်မရဘဲ မှေးမှိန်သွားမှာ စိုးရိမ်ရကြောင်း ဂယ်ရီနဗီးလ်က ပြောဆိုလိုက်ပါတယ်။

စပါးနဲ့ ပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒိုက ယူနိုက်တက်အတွက် ဂိုးသွင်းယူပြီးတဲ့နောက် အသင်းဖော်တွေကို ခေါင်းအေးအေးထားပြီး သေချာ ဆက်ကစားကြဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အေဂျက် နည်းပြ တန်ဟက်ကို ချိန်ရွယ်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် သတင်းကောင်း ရှိနေကြောင်း နောက်ဆုံး သတင်းတွေမှာ ဖော်ပြလာကြပါတယ်။

ဘီဘီစီက ရွေးချယ်တဲ့ ဒီတပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ၁၁ ယောက် အသင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းသား ၃ ဦး ပါဝင်နေပါတယ်။ ၎င်းတို့ကတော့ စီရော်နယ်ဒို၊ ကာဗာနီနဲ့ ဗာရိန်းတို့ ဖြစ်ပါတယ်။

Zawgyi

စပါးအသင္းဟာ နည္းျပ နူနို အက္စ္ပရက္တို ဆန္တိုကို နည္းျပ ကေန ထုတ္ပယ္လိုက္ျပီး ျဖစ္ကာ ကြန္တီကို အစားထိုး ခန္႔အပ္ဖို႔ ၾကိဳးစားေနပါတယ္။ ယူနိုက္တက္ကလည္း ျပီးခဲ့တဲ့ သီတင္းပတ္က ကြန္တီကို ခန္႔လိုေပမယ့္ ဆိုးရွားကို ပြဲအနည္းငယ္ ေစာင့္ၾကည့္ဖို႔ ဆံုးျဖတ္ခဲ့တာပါ။

ဘာစီလိုနာအသင္းဟာ ဇန္နဝါရီမွာ ယူနိုက္တက္ ကြင္းလယ္သမား ဗန္ဒီဘိခ္ကို ေခၚယူဖို႔ ၾကံရြယ္ေနပါတယ္။ စပိန္ ထိပ္သီးကလပ္ဟာ နယ္သာလန္သား ယူနိုက္တက္မွာ အဆင္မေျပ ျဖစ္ေနတာကို ေစာင့္ၾကည့္ေနပါတယ္။

ေျပာင္းေရႊ႕ေၾကးၾကီး ေပးျပီး ေႏြမွာ ေခၚခဲ့ေပမယ့္ အခုထိ အရန္ခံုမွာပဲ ရွိေနေသးတဲ့ ဆန္ခ်ိဳဟာ သူ႔အရင္ မန္ခ်က္စတာ ေရာက္ေနတဲ့ ဗန္ဒီဘိခ္လိုပဲ ကစားခြင့္မရဘဲ ေမွးမွိန္သြားမွာ စိုးရိမ္ရေၾကာင္း ဂယ္ရီနဗီးလ္က ေျပာဆိုလိုက္ပါတယ္။

စပါးနဲ႕ ပြဲမွာ ခရစၥတီယာနို ေရာ္နယ္ဒိုက ယူနိုက္တက္အတြက္ ဂိုးသြင္းယူျပီးတဲ့ေနာက္ အသင္းေဖာ္ေတြကို ေခါင္းေအးေအးထားျပီး ေသခ်ာ ဆက္ကစားၾကဖို႔ တုိက္တြန္းေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။

ေအဂ်က္ နည္းျပ တန္ဟက္ကို ခ်ိန္ရြယ္ေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ အတြက္ သတင္းေကာင္း ရွိေနေၾကာင္း ေနာက္ဆံုး သတင္းေတြမွာ ေဖာ္ျပလာၾကပါတယ္။

ဘီဘီစီက ေရြးခ်ယ္တဲ့ ဒီတပတ္ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ၁၁ ေယာက္ အသင္းမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းသား ၃ ဦး ပါ၀င္ေနပါတယ္။ ၄င္းတို႔ကေတာ့့ စီေရာ္နယ္ဒို၊ ကာဗာနီနဲ႕ ဗာရိန္းတို႔ ျဖစ္ပါတယ္။