UNICODE – ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ဒီရာသီမှာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသလာတဲ့ တိုက်စစ်သမားကို ချိတ်ဆက်နေတယ်လို့ ဘယ်ဂျီယံ သတင်းတွေက ဖော်ပြလာပါတယ်။
ဘယ်ဂျီယံကလပ် ဂျန့်အသင်း တိုက်စစ်သမား ဂျွန်နသန် ဒေးဗစ်ကို ချိတ်ဆက်နေကြခြင်းဖြစ်ပြီး လူငယ် တိုက်စစ်သမားဟာ ဒီရာသီမှာ သွင်းဂိုး ၂၃ ဂိုး သွင်းယူထားသလို ဂိုးထောက်ပံ့မှု ၁၀ ကြိမ် ပြုလုပ်ထားနိုင်သူဖြစ်တယ်။ ကနေဒါ လက်ရွေးစင်ဟာ အခုမှ အသက် ၂၀ အရွယ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။
တရားဝင် ကမ်းလှမ်းမှုတွေ မဟုတ်ပေမယ့် တိုက်စစ်သမားကို ပရီးမီးယားလိဂ်ကလပ်တွေ ချိတ်ဆက်နေကြောင်းကို ကစားသမားရဲ့ အေးဂျင့် Nick Mavromaras က ထုတ်ပြောလာခဲ့ခြင်းဖြစ်တယ်။ သူ့ရဲ့ ပြောဆိုမှု နောက်ဆက်တွဲအဖြစ် ဒီသတင်းကို အင်္ဂလန် သတင်းဌာနတွေကလည်း စတင် ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။
မကြာသေးခင်ကပဲ လူငယ်တိုက်စစ်သမား ဂျွန်နသန် ဒေးဗစ်က ပရီးမီးယားလိဂ်မှာ ကစားဖို့က သူ့ရဲ့ အိပ်မက်ဖြစ်ကြောင်း ထုတ်ပြောထားသေးတာဖြစ်တယ်။ ဒေးဗစ်ဟာ ဘယ်ဂျီယံကလပ် ဂျန့်အသင်းမှာ ကစားနေသူဖြစ်ပြီး နှစ်ရာသီအတွင်း လိဂ်ပွဲပေါင်း ၆၀ မှာ သွင်းဂိုး ၃၀ ရယူထားကာ သူကိုယ်တိုင်ကလည်း ပိုကောင်းတဲ့ အသင်းထံ ပြောင်းလိုပေမယ့် အရန်ခုံမှာ ထိုင်ပြီး တိုးတက်မှုတွေကို ထိခိုက်စေမှာမျိုးကို အလိုမရှိပါဘူး။
ဒေးဗစ်ကတော့ “အရန်ခုံမှာပဲ ထိုင်နေရပြီး ပွဲကစားခွင့်မရတဲ့ အသင်းကိုတော့ မပြောင်းလိုပါဘူး။ ကျနော်က ကမ္ဘာအကောင်းဆုံး တိုက်စစ်သမားတွေထဲက တစ်ဦးဖြစ်လိုတာပါ။ ဒါက ကျနော်ရဲ့ ရည်မှန်းချက်ပါ။ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ အကောင်းဆုံး လိဂ်ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ်လည်းဖြစ်ပြီး အနာဂတ်မှာ ကျနေ်ာ ပြောင်းရွှေ့ကစားဖို့ နှစ်သက်ရတဲ့ နေရာလည်း ဖြစ်ပါတယ် ” လို့ ဆိုထားတာဖြစ်ပါတယ်။
ZAWGYI – ပရီးမီးယားလိဂ္ကလပ္ ယူႏုိက္တက္နဲ႔ အာဆင္နယ္တို႔ဟာ ဒီရာသီမွာ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသလာတဲ့ တိုက္စစ္သမားကို ခ်ိတ္ဆက္ေနတယ္လို႔ ဘယ္ဂ်ီယံ သတင္းေတြက ေဖာ္ျပလာပါတယ္။
ဘယ္ဂ်ီယံကလပ္ ဂ်န္႔အသင္း တိုက္စစ္သမား ဂၽြန္နသန္ ေဒးဗစ္ကို ခ်ိတ္ဆက္ေနၾကျခင္းျဖစ္ျပီး လူငယ္ တိုက္စစ္သမားဟာ ဒီရာသီမွာ သြင္းဂိုး ၂၃ ဂိုး သြင္းယူထားသလို ဂိုးေထာက္ပံ့မႈ ၁၀ ၾကိမ္ ျပဳလုပ္ထားႏုိင္သူျဖစ္တယ္။ ကေနဒါ လက္ေရြးစင္ဟာ အခုမွ အသက္ ၂၀ အရြယ္ပဲ ရွိေသးတာ ျဖစ္ပါတယ္။
တရားဝင္ ကမ္းလွမ္းမႈေတြ မဟုတ္ေပမယ့္ တိုက္စစ္သမားကို ပရီးမီးယားလိဂ္ကလပ္ေတြ ခ်ိတ္ဆက္ေနေၾကာင္းကို ကစားသမားရဲ႕ ေအးဂ်င့္ Nick Mavromaras က ထုတ္ေျပာလာခဲ့ျခင္းျဖစ္တယ္။ သူ႔ရဲ႕ ေျပာဆိုမႈ ေနာက္ဆက္တြဲအျဖစ္ ဒီသတင္းကို အဂၤလန္ သတင္းဌာနေတြကလည္း စတင္ ေဖာ္ျပလာခဲ့တာ ျဖစ္ပါတယ္။
မၾကာေသးခင္ကပဲ လူငယ္တိုက္စစ္သမား ဂၽြန္နသန္ ေဒးဗစ္က ပရီးမီးယားလိဂ္မွာ ကစားဖို႔က သူ႔ရဲ႕ အိပ္မက္ျဖစ္ေၾကာင္း ထုတ္ေျပာထားေသးတာျဖစ္တယ္။ ေဒးဗစ္ဟာ ဘယ္ဂ်ီယံကလပ္ ဂ်န္႔အသင္းမွာ ကစားေနသူျဖစ္ျပီး ႏွစ္ရာသီအတြင္း လိဂ္ပြဲေပါင္း ၆၀ မွာ သြင္းဂိုး ၃၀ ရယူထားကာ သူကိုယ္တုိင္ကလည္း ပိုေကာင္းတဲ့ အသင္းထံ ေျပာင္းလိုေပမယ့္ အရန္ခံုမွာ ထိုင္ျပီး တိုးတက္မႈေတြကို ထိိခိုက္ေစမွာမ်ိဳးကို အလိုမရွိပါဘူး။
ေဒးဗစ္ကေတာ့ “အရန္ခံုမွာပဲ ထိုင္ေနရျပီး ပြဲကစားခြင့္မရတဲ့ အသင္းကိုေတာ့ မေျပာင္းလိုပါဘူး။ က်ေနာ္က ကမၻာအေကာင္းဆံုး တိုက္စစ္သမားေတြထဲက တစ္ဦးျဖစ္လိုတာပါ။ ဒါက က်ေနာ္ရဲ႕ ရည္မွန္းခ်က္ပါ။ ပရီးမီးယားလိဂ္က ကမၻာေပၚမွာ အေကာင္းဆံုး လိဂ္ျပိဳင္ပြဲတစ္ခု ျဖစ္ပါတယ္။ ျပိဳင္ဆုိင္မႈ အျပင္းထန္ဆံုးလိဂ္လည္းျဖစ္ျပီး အနာဂတ္မွာ က်ေန္ာ ေျပာင္းေရႊ႔ကစားဖို႔ ႏွစ္သက္ရတဲ့ ေနရာလည္း ျဖစ္ပါတယ္ ” လို႔ ဆိုထားတာျဖစ္ပါတယ္။