ချယ်ဆီးနဲ့ အင်တာမီလန် နည်းပြဟောင်း ကွန်တီဟာ စပါးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်လာတော့မှာ ဖြစ်ပါတယ်။
လာမယ့် နာရီပိုင်းအတွင်း တရားဝင် ကြေညာမှုတွေ လုပ်ပေးမယ်လို့ သိရပြီး လန်ဒန်ကလပ်နဲ့ ဆွေးနွေးမှုတွေက နောက်ဆုံးအဆင့်ကို ရောက်နေခဲ့ပြီဖြစ်ပါတယ်။ စပါးဘက်ကတော့ ကွန်တီကို ၁၈ လ စာချုပ်ဖြင့် ခေါ်ယူမှာဖြစ်ကာ အီတလီသား အလိုရှိတဲ့ အားဖြည့်မှုတွေကို လုပ်ပေးဖို့လည်း ကတိပေးခဲ့ဟန် ရှိပါတယ်။
ကွန်တီဟာ နည်းပြလောကထဲ ပြန်လာချင်နေပြီး ဆိုးရှားကို ရာထူးက ထုတ်ပယ်မယ့် ယူနိုက်တက်ထံ ရောက်လာမယ် သတင်းကြီးခဲ့ပေမယ့် မန်ချက်စတာကလပ်က သူတို့ရဲ့ မန်နေဂျာကို အချိန်ပေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် စပါးရဲ့ ကမ်းလှမ်းမှုကိုပဲ လက်ခံသွားတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဝေဖန်လှောင်ပြောင်ခံခဲ့ရတဲ့ စပါးဟာ ရာသီအစမှာ တောင့်တင်းတဲ့ပုံစံ ရရှိခဲ့ပြီး လိဂ်အဖွင့် ၃ ပွဲကို အနိုင်ရခဲ့တဲ့နောက်မှာ နူနိုက ဩဂုတ်လအတွက် တစ်လတာ အကောင်းဆုံး ပရီးမီးယားလိဂ် နည်းပြဆုကို ရရှိခဲ့တာပါ။
ဒါပေမယ့် အဲ့နောက်ပိုင်းမှာ ရလဒ်တွေက စတင်ဆိုးရွားလာခဲ့ပါတယ်။
အောက်တိုဘာလမှာ ဗီလာနဲ့ နယူးကာဆယ်တို့ကို အနိုင်ရခဲ့ပေမယ့် ချယ်ဆီး၊ အာဆင်နယ်၊ ဝက်စ်ဟမ်း၊ ပဲလေ့စ်တို့ကို ရှုံးခဲ့ပြီး ကွန်ဖရန့်စ်လိဂ်မှာလဲ နယ်သာလန်ကလပ် ဗီတက်စ် အာနန်အသင်းကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ရလဒ်ဆိုးတွေအပြင် သူ့ရဲ့ ကစားပုံနဲ့ ပရိသတ်တွေရဲ့ တုံ့ပြန်မှုတွေကြောင့်ပါ နူနိုကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
နိူနိုဟာ အလွယ်ကူဆုံး အချိန်မှာ ရောက်လာခဲ့တာ မဟုတ်ဘဲ ဟယ်ရီကိန်းရဲ့ နွေအပြောင်းအရွှေ့ ကိစ္စ အပါအဝင် ခက်ခဲတဲ့ အခြေအနေများစွာကို ကိုင်တွယ်ခဲ့ရတာကြောင့် သူ့ကို ရာထူးကနေ ထုတ်ပယ်ခံရချိန်မှာ သူ့အပေါ် စာနာသနားမှုတွေလည်း ရှိနေကြပါတယ်။

ZAWGYI – ခ်ယ္ဆီးနဲ႔ အင္တာမီလန္ နည္းျပေဟာင္း ကြန္တီဟာ စပါးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ကို တစ္ေက်ာ့ျပန္လာေတာ့မွာ ျဖစ္ပါတယ္။
လာမယ့္ နာရီပိုင္းအတြင္း တရားဝင္ ေၾကညာမႈေတြ လုပ္ေပးမယ္လို႔ သိရျပီး လန္ဒန္ကလပ္နဲ႔ ေဆြးေႏြးမႈေတြက ေနာက္ဆံုးအဆင့္ကို ေရာက္ေနခဲ့ျပီျဖစ္ပါတယ္။ စပါးဘက္ကေတာ့ ကြန္တီကုိ ၁၈ လ စာခ်ဳပ္ျဖင့္ ေခၚယူမွာျဖစ္ကာ အီတလီသား အလိုရွိတဲ့ အားျဖည့္မႈေတြကို လုပ္ေပးဖို႔လည္း ကတိေပးခဲ့ဟန္ ရွိပါတယ္။
ကြန္တီဟာ နည္းျပေလာကထဲ ျပန္လာခ်င္ေနၿပီး ဆိုးရွားကို ရာထူးက ထုတ္ပယ္မယ့္ ယူႏိုက္တက္ထံ ေရာက္လာမယ္ သတင္းၾကီးခဲ့ေပမယ့္ မန္ခ်က္စတာကလပ္က သူတို႔ရဲ႕ မန္ေနဂ်ာကို အခ်ိန္ေပးဖို႔ ဆံုးျဖတ္ခဲ့တာေၾကာင့္ စပါးရဲ႕ ကမ္းလွမ္းမႈကိုပဲ လက္ခံသြားေတာ့မွာ ျဖစ္ပါတယ္။
ယူႏိုက္တက္ကို အိမ္ကြင္းမွာ ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ေနာက္ ေဝဖန္ေလွာင္ေျပာင္ခံခဲ့ရတဲ့ စပါးဟာ ရာသီအစမွာ ေတာင့္တင္းတဲ့ပုံစံ ရရွိခဲ့ၿပီး လိဂ္အဖြင့္ ၃ ပြဲကို အႏိုင္ရခဲ့တဲ့ေနာက္မွာ ႏူႏိုက ဩဂုတ္လအတြက္ တစ္လတာ အေကာင္းဆုံး ပရီးမီးယားလိဂ္ နည္းျပဆုကို ရရွိခဲ့တာပါ။
ဒါေပမယ့္ အဲ့ေနာက္ပိုင္းမွာ ရလဒ္ေတြက စတင္ဆိုး႐ြားလာခဲ့ပါတယ္။
ေအာက္တိုဘာလမွာ ဗီလာနဲ႔ နယူးကာဆယ္တို႔ကို အႏိုင္ရခဲ့ေပမယ့္ ခ်ယ္ဆီး၊ အာဆင္နယ္၊ ဝက္စ္ဟမ္း၊ ပဲေလ့စ္တို႔ကို ရႈံးခဲ့ၿပီး ကြန္ဖရန႔္စ္လိဂ္မွာလဲ နယ္သာလန္ကလပ္ ဗီတက္စ္ အာနန္အသင္းကို ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ရလဒ္ဆိုးေတြအျပင္ သူ႔ရဲ႕ ကစားပုံနဲ႔ ပရိသတ္ေတြရဲ႕ တုံ႔ျပန္မႈေတြေၾကာင့္ပါ ႏူႏိုကို ထုတ္ပယ္ဖို႔ ဆုံးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။
ႏိူႏိုဟာ အလြယ္ကူဆုံး အခ်ိန္မွာ ေရာက္လာခဲ့တာ မဟုတ္ဘဲ ဟယ္ရီကိန္းရဲ႕ ေႏြအေျပာင္းအေ႐ႊ႕ ကိစၥ အပါအဝင္ ခက္ခဲတဲ့ အေျခအေနမ်ားစြာကို ကိုင္တြယ္ခဲ့ရတာေၾကာင့္ သူ႔ကို ရာထူးကေန ထုတ္ပယ္ခံရခ်ိန္မွာ သူ႔အေပၚ စာနာသနားမႈေတြလည္း ရွိေနၾကပါတယ္။
