UNICODE – ယူနိုက်တက်ဟာ ချန်ပီယံရှစ်ကလပ် စတုတ်အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ပြင်ဆင်ထားခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ စတုတ်မန်နေဂျာ မိုင်ကယ် အိုနေး ကိုဗစ်ပိုးတွေ့ကြောင့် သိရတာကြောင့် အရေးပေါ် ဖျက်သိမ်းခဲ့ရပါတယ်။
ဒါပေမယ့် ဒီကနေ့မှာတော့ အိုထရတ်ဖိုဒ့်မှာ ချန်ပီယံရှစ် ဦးဆောင်သူ ဝက်ဘရွန်းနဲ့ ၂ နာရီကြာ ချစ်ကြည်ရေးပွဲကို ကစားသွားမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ စပါးနဲ့ပွဲ မတိုင်ခင်မှာ ကြံ့ခိုင်မှု စစ်ဆေးဖို့အတွက် ချစ်ကြည်ရေးပွဲ တစ်ပွဲကို ကစားလိုခဲ့တာဖြစ်ပြီး ဝက်ဘရွန်းပွဲက အဆိုပါအတွက်ပဲ ဖြစ်ပါတယ်။
ဝက်ဘရွန်းနဲ့ပွဲကိုတော့ မန်နေဂျာဆိုးရှားက ကစားသမား အများအပြားကို ပွဲထိတွေ့ခွင့် ပေးချင်တာကြောင့် ပုံမှန် မိနစ် ၉၀ အစား မိနစ် ၁၂၀ ပွဲ ကစားဖို့ သဘောတူညီခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက် စီနီယာတွေတင် မကပဲ လူငယ် ကစားသမားတွေကိုပါ နေရာပေးသွားဖို့ ရှိပါတယ်။
ဒီပွဲရဲ့ အစောပိုင်း မိနစ် ၆၀ မှာတော့ ယူနိုက်တက် ကွင်းလယ်အတွဲသစ်ဖြစ်မယ့် ပေါ့ဘာနဲ့ ဖာနန်ဒက်စ် အတွဲကို ထုတ်သုံးသွားမှာ ဖြစ်ကြောင်း မန်ချက်စတာ အခြေစိုက် သတင်းက အတည်ပြုပါတယ်။ နောက်ပြီး ဒီပွဲမှာ တိုက်စစ်သမား ရပ်ဖိုဒ့်လည်း ပါဝင်ကစားခွင့် ရရှိပါမယ်။ လူငယ်တွေကို ခေါ်ထားတယ်လို့ သိရပေမယ့် အမည်စာရင်းတွေတော့ မသိရပါဘူး။
ဝက်ဘရွန်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရဖို့ ချန်ပီယံရှစ်ကို ဦးဆောင်ထားတဲ့ အသင်းဖြစ်တယ်။ ဒီပွဲဟာ အင်အားကောင်းတဲ့ အသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူနိုက်တက် ကစားသမားတွေအတွက် အကျိတ်အနယ် ကစားရတဲ့ ခြေစမ်းပွဲဖြစ်ဖို့ မျှော်လင့်ထားပါတယ်။
ပွဲအတွင်း ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင်တွေ ပါဝင်သွားမှာ မဟုတ်ပါဘူး။ ကလပ် နည်းပြတွေကပဲ ကွင်းထဲမှာ ကြီးကြပ်မှုတွေ လုပ်သွားကြမယ်လို့ သိရပါတယ်။
ZAWGYI – ယူႏုိက္တက္ဟာ ခ်န္ပီယံရွစ္ကလပ္ စတုတ္အသင္းနဲ႔ ေျခစမ္းပြဲ ကစားဖို႔ ျပင္ဆင္ထားခ့ဲေပမယ့္ ေနာက္ဆံုးမိနစ္မွာ စတုတ္မန္ေနဂ်ာ မိုင္ကယ္ အိုေနး ကိုဗစ္ပိုးေတြ႔ေၾကာင့္ သိရတာေၾကာင့္ အေရးေပၚ ဖ်က္သိမ္းခဲ့ရပါတယ္။
ဒါေပမယ့္ ဒီကေန႔မွာေတာ့ အိုထရတ္ဖိုဒ့္မွာ ခ်န္ပီယံရွစ္ ဦးေဆာင္သူ ဝက္ဘရြန္းနဲ႔ ၂ နာရီၾကာ ခ်စ္ၾကည္ေရးပြဲကို ကစားသြားမွာ ျဖစ္ပါတယ္။ ယူႏုိက္တက္ဟာ စပါးနဲ႔ပြဲ မတိုင္ခင္မွာ ၾကံ႕ခိုင္မႈ စစ္ေဆးဖို႔အတြက္ ခ်စ္ၾကည္ေရးပြဲ တစ္ပြဲကို ကစားလိုခဲ့တာျဖစ္ျပီး ဝက္ဘရြန္းပြဲက အဆိုပါအတြက္ပဲ ျဖစ္ပါတယ္။
ဝက္ဘရြန္းနဲ႔ပြဲကိုေတာ့ မန္ေနဂ်ာဆိုးရွားက ကစားသမား အမ်ားအျပားကို ပြဲထိေတြ႔ခြင့္ ေပးခ်င္တာေၾကာင့္ ပံုမွန္ မိနစ္ ၉၀ အစား မိနစ္ ၁၂၀ ပြဲ ကစားဖို႔ သေဘာတူညီခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ ယူႏုိက္တက္ စီနီယာေတြတင္ မကပဲ လူငယ္ ကစားသမားေတြကိုပါ ေနရာေပးသြားဖို႔ ရွိပါတယ္။
ဒီပြဲရဲ႕ အေစာပိုင္း မိနစ္ ၆၀ မွာေတာ့ ယူႏုိက္တက္ ကြင္းလယ္အတြဲသစ္ျဖစ္မယ့္ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္ အတြဲကို ထုတ္သံုးသြားမွာ ျဖစ္ေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းက အတည္ျပဳပါတယ္။ ေနာက္ျပီး ဒီပြဲမွာ တိုက္စစ္သမား ရပ္ဖိုဒ့္လည္း ပါဝင္ကစားခြင့္ ရရွိပါမယ္။ လူငယ္ေတြကို ေခၚထားတယ္လို႔ သိရေပမယ့္ အမည္စာရင္းေတြေတာ့ မသိရပါဘူး။
ဝက္ဘရြန္းဟာ ပရီးမီးယားလိဂ္ကို တန္းတက္ခြင့္ရဖို႔ ခ်န္ပီယံရွစ္ကို ဦးေဆာင္ထားတဲ့ အသင္းျဖစ္တယ္။ ဒီပြဲဟာ အင္အားေကာင္းတဲ့ အသင္းတစ္သင္းနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ယူႏုိက္တက္ ကစားသမားေတြအတြက္ အက်ိတ္အနယ္ ကစားရတဲ့ ေျခစမ္းပြဲျဖစ္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။
ပြဲအတြင္း ကြင္းလယ္ဒိုင္နဲ႔ စည္းၾကပ္ဒိုင္ေတြ ပါဝင္သြားမွာ မဟုတ္ပါဘူး။ ကလပ္ နည္းျပေတြကပဲ ကြင္းထဲမွာ ၾကီးၾကပ္မႈေတြ လုပ္သြားၾကမယ္လို႔ သိရပါတယ္။