ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် ပွဲကြိုမှာ အတ္တလန္တာနည်းပြ ဂက်စ်ပါရီနီဟာ မနှစ်က ကိုပါအီတာလျံဖိုင်နယ်မှာ ဂျူဗင်တပ်နဲ့အတူ အတ္တလန္တာကို အနိုင်ယူခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ခြိမ်းခြောက်မှုအကြောင်းကို ဆွေးနွေးပေးခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် တကျော့ပြန် ကစာသမားဘဝမှာ တည်ငြိမ်တဲ့ စတင်မှု ရရှိခဲ့ပြီး အတ္တလန္တာနဲ့ပွဲက အနိုင်ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၇ ဂိုး သွင်းယူပေးခဲ့တာပါ။
“သူက ထူးခြားအံ့ဩစရာကောာင်းတဲ့ ဘောလုံးသမား တစ်ယောက်ပါ။ ဒါပေမယ့် လူတိုင်း သူ့ကို သိပါတယ်။ မန်ချက်စတာ ယူနိုက်တက်မှာ သူကောင်းကောင်းလုပ်နေပြီး စီးရီးအေမှာလည်း အများကြီး လုပ်ပြခဲ့ပါတယ်။
ပုဂ္ဂိုလ်ရေးအရတော့ သူ အင်္ဂလန်ကို ပြန်သွားတာကို မြင်ရတာ ကျွန်တော် စိတ်မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ အီတလီမှာ အကောင်းဆုံး ကစားသမားတွေနဲ့ ရင်ဆိုင်ရဖို့ ကျွန်တော် အမြဲတမ်း မျှော်လင့်ထားတာပါ ” လို့ ဂက်စ်ပါရီနီ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့လက လီဗာပူးကို ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့နောက် ထုတ်ပယ်ခံရလုနီးပါး ဖြစ်ခဲ့တဲ့ ယူနိုက်တက်နည်းပြ ဆိုးရှားကိုလည်း ဂက်စ်ပါရီနီက ချီးကျူးခဲ့ပါတယ်။ နော်ဝေသားအနေနဲ့ ယူနိုက်တက်ကို စွန့်ခွာရဖို့ အများက မျှော်လင့်ခဲ့ကြပေမယ့် စပါးကို ၃-၀ နဲ့ အနိုင်ရခဲ့တာက ဆိုးရှားရဲ့ ပုခုံးပေါ်က ဖိအားတွေကို လျော့ပါးသွားစေခဲ့တာ ဖြစ်ပါတယ်။
“ မနှစ်က ဒုတိယနေရာရခဲ့တဲ့ ယူနိုက်တက်အတွက် ဆိုးရှားက တကယ်ကို ကောင်းကောင်းလုပ်ခဲ့တာပါ။ မန်ချက်စတာ ယူနိုက်တက်မှာ ကြီးမားတဲ့ အလားအလာ ရှိပါတယ်။ ဒါပေမယ့် သူတို့က အမြဲတမ်း တည်ငြိမ်တဲ့ပုံစံ ရှိမနေဘူး။ ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ ရည်မှန်းချက်တွေဆီတော့ ရောက်ရှိပါလိမ့်မယ် ” လို့ ဂက်စ်ပါရီနီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္နဲ႔ ခ်န္ပီယံလိဂ္ ပြဲၾကိဳမွာ အတၱလႏၲာနည္းျပ ဂက္စ္ပါရီနီဟာ မႏွစ္က ကိုပါအီတာလ်ံဖိုင္နယ္မွာ ဂ်ဴဗင္တပ္နဲ႔အတူ အတၱလႏၲာကို အႏိုင္ယူခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္ဒိုရဲ႕ ၿခိမ္းေျခာက္မႈအေၾကာင္းကို ေဆြးေႏြးေပးခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ ယူႏိုက္တက္အတြက္ တေက်ာ့ျပန္ ကစာသမားဘဝမွာ တည္ၿငိမ္တဲ့ စတင္မႈ ရရွိခဲ့ၿပီး အတၱလႏၲာနဲ႔ပြဲက အႏိုင္ဂိုး အပါအဝင္ ၿပိဳင္ပြဲစုံ ၁၀ ပြဲမွာ ၇ ဂိုး သြင္းယူေပးခဲ့တာပါ။
“သူက ထူးျခားအံ့ဩစရာေကာာင္းတဲ့ ေဘာလုံးသမား တစ္ေယာက္ပါ။ ဒါေပမယ့္ လူတိုင္း သူ႔ကို သိပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္မွာ သူေကာင္းေကာင္းလုပ္ေနၿပီး စီးရီးေအမွာလည္း အမ်ားႀကီး လုပ္ျပခဲ့ပါတယ္။
ပုဂၢိဳလ္ေရးအရေတာ့ သူ အဂၤလန္ကို ျပန္သြားတာကို ျမင္ရတာ ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး။ ဘာလို႔လဲဆိုေတာ့ အီတလီမွာ အေကာင္းဆုံး ကစားသမားေတြနဲ႔ ရင္ဆိုင္ရဖို႔ ကြၽန္ေတာ္ အၿမဲတမ္း ေမွ်ာ္လင့္ထားတာပါ ” လို႔ ဂက္စ္ပါရီနီ ေျပာဆိုပါတယ္။
ၿပီးခဲ့တဲ့လက လီဗာပူးကို ၅ ဂိုးျပတ္ ရႈံးနိမ့္ခဲ့တဲ့ေနာက္ ထုတ္ပယ္ခံရလုနီးပါး ျဖစ္ခဲ့တဲ့ ယူႏိုက္တက္နည္းျပ ဆိုးရွားကိုလည္း ဂက္စ္ပါရီနီက ခ်ီးက်ဴးခဲ့ပါတယ္။ ေနာ္ေဝသားအေနနဲ႔ ယူႏိုက္တက္ကို စြန႔္ခြာရဖို႔ အမ်ားက ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ စပါးကို ၃-၀ နဲ႔ အႏိုင္ရခဲ့တာက ဆိုးရွားရဲ႕ ပုခုံးေပၚက ဖိအားေတြကို ေလ်ာ့ပါးသြားေစခဲ့တာ ျဖစ္ပါတယ္။
“ မႏွစ္က ဒုတိယေနရာရခဲ့တဲ့ ယူႏိုက္တက္အတြက္ ဆိုးရွားက တကယ္ကို ေကာင္းေကာင္းလုပ္ခဲ့တာပါ။ မန္ခ်က္စတာ ယူႏိုက္တက္မွာ ႀကီးမားတဲ့ အလားအလာ ရွိပါတယ္။ ဒါေပမယ့္ သူတို႔က အၿမဲတမ္း တည္ၿငိမ္တဲ့ပုံစံ ရွိမေနဘူး။ ပရီးမီးယားလိဂ္မွာ သူတို႔ရဲ႕ ရည္မွန္းခ်က္ေတြဆီေတာ့ ေရာက္ရွိပါလိမ့္မယ္ ” လို႔ ဂက္စ္ပါရီနီက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
