လန်ဒန်ဒါဘီအသင်းမှာ မန်နေဂျာ အပြောင်းအလဲ ဖြစ်လာခြင်းကို မှတ်ချက်ပေးတဲ့ တူချယ်

အင်္ဂလန်ဘောလုံးလောကမှာ နောက်ထပ် နည်းပြ တစ်ဦး ထုတ်ပယ်ခံခဲ့ရတဲ့နောက် ချယ်ဆီးမန်နေဂျာ သောမတ်စ်တူချယ်က သူ့ရဲ့ ကိုယ်တွေ့ကိစ္စဖြင့် ဥပမာပေးပြီး အကောင်းဆုံး ပြန်လာနိုင်ဖို့ မျှော်လင့်ချက် ပေးခဲ့ပါတယ်။

ခရစ္စမတ်အကြိုမှာ ပီအက်စ်ဂျီကနေ ထုတ်ပယ်ခံခဲ့ရတဲ့ တူချယ်ဟာ ၅လ အကြာမှာ ချယ်ဆီးနဲ့အတူ ချန်ပီယံလိဂ် အောင်မြင်ခဲ့ပြီး အခုဆိုရင် ပရီးမီးယားလိဂ် ဇယားထိပ်ဆုံးမှာ ရောက်ရှိနေတာပါ။ ရာထူးကနေ ထုတ်ခံရတာက အရာအားလုံး ပြီးဆုံးသွားတာ မဟုတ်ပဲ ရှေ့ဆက်ရမယ့် ဘဝ ရှိသေးတယ်ဆိုတာအတွက်တော့ ဂျာမန်သားက လေးနက်တဲ့ သက်သေတစ်ခု ဖြစ်ပါတယ်။

စပါးနည်းပြရာထူးကနေ နူနိုဆန်တို ထုတ်ပယ်ခံရတာက သတင်းကောင်း မဟုတ်သလို ကြားရတာ စိတ်မကောင်းဘူးလို့ ပြောဆိုခဲ့တဲ့ တူချယ်က “အခု ချယ်ဆီးဟာာ ပထမဆုံးနေ့ကနေစလို့ ကျွန်တော့်အတွက် လုံးဝ သင့်တော်တဲ့အသင်းပါပဲ။ ဒီကလပ်မှာ ရှိနေပြီး ကလပ်ရဲ့ အစိတ်အပိုင်းဖြစ်ရတာ ကျွန်တော် သိပ်ပျော်တယ်။ ဒါက အဓိကကျတဲ့အရာလို့ ပြောနိုင်ပါတယ်။

မင်းက ပျော်ရွှင်ပြီးတော့ အလုပ်ကို သဘောကျနေရင် အရာအားလုံးက လုံးဝ မှန်မှန်ကန်ကန်နဲ့ နေရာတကျ ဖြစ်လာတယ်။ အဲ့ဒါဆို ရလဒ်ကောင်းတွေ ရယူနိုင်ပါတယ်။ ကျွန်တော် အပို စိတ်ဓာတ်ခွန်အားပေးတာတွေ လိုအပ်ခဲ့လားတော့ မသိဘူး။ ဒါပေမယ့် ခရစ္စမတ်မှာ ထုတ်ပယ်ခံရတာကို ကျွန်တော် မပျော်ရွှင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ မစ်ရှင်က မပြီးခဲ့ဘူးလေ။

ချန်ပီယံလိဂ်ရာသီအတွက် ကျွန်တော့်မှာ ကြီးမားတဲ့ အစီအစဉ်တွေ ရှိခဲ့တယ်။ ပီအက်စ်ဂျီနဲ့ လိဂ်ဖလား ထပ်ယူဖို့ပေါ့။ အဲ့ဒီ့အတွက် ကျွန်တော် စိတ်အားထက်သန်နေခဲ့ပြီး လမ်းကြောင်းမှန်ပေါ်မှာ ရှိနေခဲ့ပါတယ်။ အဲ့လိုအချိန်မှာ ထုတ်ပယ်ခံရတာက ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ရက်သတ္တပတ်အနည်းငယ်အကြာမှာ ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရလာတယ်။ ဒီစွန့်စားခန်းမှာ ပါဝင်ချင်တဲ့စိတ်က ၁၈ လ စာချုပ်အပေါ် ကြောက်ရွံ့စိုးရိမ်မှုတွေကို အနိုင်ယူသွားတယ်။ စွန့်စားခန်းတွေကို လက်ခံဖို့၊ ရဲရင့်ဖို့၊ သတ္တိရှိဖို့ လိုပါတယ်။ ကျွန်တော် ကြီးမားတဲ့ ဆုလာဘ်တစ်ခု ရခဲ့တယ်လို့ ခံစားရတယ်”လို့ ပြောပြခဲ့တာပါ။

တူချယ်ဟာ ကံကောင်းခဲ့သလို သူ့ရဲ့ နည်းဗျူဟာပိုင်း ကျွမ်းကျင်မှု၊ ချယ်ဆီးကို စည်းလုံးတဲ့ အသင်းတစ်သင်းအဖြစ် ပြောင်းလဲပေးခဲ့တဲ့ စီမံခန့်ခွဲမှု အရည်အသွေးတွေအတွက် ချီးကျူးရပါလိမ့်မယ်။ ချယ်ဆီးဟာ အခုဆိုရင် အဓိက ဆုဖလားတွေ အားလုံးမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားမှုတွေနဲ့အတူ သူ့ရဲ့ အရည်အသွေးကို ပြသနေခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – အဂၤလန္ေဘာလံုးေလာကမွာ ေနာက္ထပ္ နည္းျပ တစ္ဦး ထုတ္ပယ္ခံခဲ့ရတဲ့ေနာက္ ခ်ယ္ဆီးမန္ေနဂ်ာ ေသာမတ္စ္တူခ်ယ္က သူ႔ရဲ႕ ကိုယ္ေတြ႔ကိစၥျဖင့္ ဥပမာေပးျပီး အေကာင္းဆံုး ျပန္လာႏုိင္ဖို႔ ေမွ်ာ္လင့္ခ်က္ ေပးခဲ့ပါတယ္။

ခရစၥမတ္အႀကိဳမွာ ပီအက္စ္ဂ်ီကေန ထုတ္ပယ္ခံခဲ့ရတဲ့ တူခ်ယ္ဟာ ၅လ အၾကာမွာ ခ်ယ္ဆီးနဲ႔အတူ ခ်န္ပီယံလိဂ္ ေအာင္ျမင္ခဲ့ၿပီး အခုဆိုရင္ ပရီးမီးယားလိဂ္ ဇယားထိပ္ဆုံးမွာ ေရာက္ရွိေနတာပါ။ ရာထူးကေန ထုတ္ခံရတာက အရာအားလုံး ၿပီးဆုံးသြားတာ မဟုတ္ပဲ ေရွ႕ဆက္ရမယ့္ ဘဝ ရွိေသးတယ္ဆိုတာအတြက္ေတာ့ ဂ်ာမန္သားက ေလးနက္တဲ့ သက္ေသတစ္ခု ျဖစ္ပါတယ္။

စပါးနည္းျပရာထူးကေန ႏူႏိုဆန္တို ထုတ္ပယ္ခံရတာက သတင္းေကာင္း မဟုတ္သလို ၾကားရတာ စိတ္မေကာင္းဘူးလို႔ ေျပာဆိုခဲ့တဲ့ တူခ်ယ္က “အခု ခ်ယ္ဆီးဟာာ ပထမဆုံးေန႔ကေနစလို႔ ကြၽန္ေတာ့္အတြက္ လုံးဝ သင့္ေတာ္တဲ့အသင္းပါပဲ။ ဒီကလပ္မွာ ရွိေနၿပီး ကလပ္ရဲ႕ အစိတ္အပိုင္းျဖစ္ရတာ ကြၽန္ေတာ္ သိပ္ေပ်ာ္တယ္။ ဒါက အဓိကက်တဲ့အရာလို႔ ေျပာႏိုင္ပါတယ္။

မင္းက ေပ်ာ္႐ႊင္ၿပီးေတာ့ အလုပ္ကို သေဘာက်ေနရင္ အရာအားလုံးက လုံးဝ မွန္မွန္ကန္ကန္နဲ႔ ေနရာတက် ျဖစ္လာတယ္။ အဲ့ဒါဆို ရလဒ္ေကာင္းေတြ ရယူႏိုင္ပါတယ္။ ကြၽန္ေတာ္ အပို စိတ္ဓာတ္ခြန္အားေပးတာေတြ လိုအပ္ခဲ့လားေတာ့ မသိဘူး။ ဒါေပမယ့္ ခရစၥမတ္မွာ ထုတ္ပယ္ခံရတာကို ကြၽန္ေတာ္ မေပ်ာ္႐ႊင္ခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္ရဲ႕ မစ္ရွင္က မၿပီးခဲ့ဘူးေလ။

ခ်န္ပီယံလိဂ္ရာသီအတြက္ ကြၽန္ေတာ့္မွာ ႀကီးမားတဲ့ အစီအစဥ္ေတြ ရွိခဲ့တယ္။ ပီအက္စ္ဂ်ီနဲ႔ လိဂ္ဖလား ထပ္ယူဖို႔ေပါ့။ အဲ့ဒီ့အတြက္ ကြၽန္ေတာ္ စိတ္အားထက္သန္ေနခဲ့ၿပီး လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနခဲ့ပါတယ္။ အဲ့လိုအခ်ိန္မွာ ထုတ္ပယ္ခံရတာက ႀကီးမားတဲ့ အေႏွာင့္အယွက္ ျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ ရက္သတၱပတ္အနည္းငယ္အၾကာမွာ ႀကီးမားတဲ့ အခြင့္အေရးတစ္ခု ရလာတယ္။ ဒီစြန႔္စားခန္းမွာ ပါဝင္ခ်င္တဲ့စိတ္က ၁၈ လ စာခ်ဳပ္အေပၚ ေၾကာက္႐ြံ႕စိုးရိမ္မႈေတြကို အႏိုင္ယူသြားတယ္။ စြန႔္စားခန္းေတြကို လက္ခံဖို႔၊ ရဲရင့္ဖို႔၊ သတၱိရွိဖို႔ လိုပါတယ္။ ကြၽန္ေတာ္ ႀကီးမားတဲ့ ဆုလာဘ္တစ္ခု ရခဲ့တယ္လို႔ ခံစားရတယ္”လို႔ ေျပာျပခဲ့တာပါ။

တူခ်ယ္ဟာ ကံေကာင္းခဲ့သလို သူ႔ရဲ႕ နည္းဗ်ဴဟာပိုင္း ကြၽမ္းက်င္မႈ၊ ခ်ယ္ဆီးကို စည္းလုံးတဲ့ အသင္းတစ္သင္းအျဖစ္ ေျပာင္းလဲေပးခဲ့တဲ့ စီမံခန႔္ခြဲမႈ အရည္အေသြးေတြအတြက္ ခ်ီးက်ဴးရပါလိမ့္မယ္။ ခ်ယ္ဆီးဟာ အခုဆိုရင္ အဓိက ဆုဖလားေတြ အားလံုးမွာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားမႈေတြနဲ႔အတူ သူ႔ရဲ႕ အရည္အေသြးကို ျပသေနခဲ့တာ ျဖစ္ပါတယ္။