အင်တာမီလန်အသင်းဟာ အဲရစ်ဆန်နဲ့ အေဂျက် ဂိုးသမား အိုနာနာ တို့ကို အလဲအထပ် ပြုလုပ်လိုနေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။
အဲရစ်ဆန် က နှလုံးစက် တပ်လိုက်တာကြောင့် စီးရီးအေးမှာ ဆက် ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ အိုနာနာ ကို အင်တာက စိတ်ဝင်စားနေတာကြောင့် အဲရစ်ဆန် အပြင် ပြောင်းရွှေ့ကြေး အလိုက်ပေးကာ ကမ်းလှမ်းလိုနေပါတယ်။
နည်းပြသစ် ကွန်တီ ရောက်လာပြီးတဲ့နောက် တိုက်စစ်မှုး ကိန်းဟာ တော့တင်ဟမ် စပါးအသင်းမှာပဲ ဆက်လက် ကစားလိုနေကြောင်း သိရပါတယ်။ အင်္ဂလန်သားဟာ နည်းပြ နူနို ရှိစဉ် ပြီးခဲ့တဲ့နွေက အသင်းပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။
ဘာစီလိုနာ အသင်းဟာ ဇာဗီကို ပြန်ခေါ်ဖို့ ကာတာသို့သွားရောက် ညှိနှိုင်းနေရာ အပြီးသတ်နိုင်တော့မယ်လို့ သိရပါတယ်။ ဇာဗီကို ၂ နှစ် ခွဲ စာချုပ်နဲ့ ဘာစီလိုနာက ခေါ်ယူတော့မှာ ဖြစ်ပါတယ်။

ဝက်စ်ဘရွန်းအသင်းဟာ လူငယ် တိုက်စစ်မှုး လူဝီ ဘယ်ရီ အတွက် ဘာစီလိုနာ အသင်းထံမှ လျော်ကြေး ရတော့မှာ မဟုတ်ဘူးလို့ The Athletic က ဆိုပါတယ်။ ဝက်စ်ဘရွန်းဟာ စပိန်သို့ ၂၀၁၉ မှာ ထွက်သွားတဲ့ လူငယ် တိုက်စစ်မှုး အတွက် ရရမယ့် အကယ်ဒမီ လျော်ကြေး တောင်းဆိုခဲ့တာ ဖြစ်ပေမယ့် ဖီဖာက ဘာစီလိုနာဘက် လိုက်သွားခဲ့တာ ဖြစ်ပါတယ်။
ကွန်တီက စပါးအသင်းမှာ ၎င်းရဲ့ ပထမဆုံး ခေါ်ယူမှု အဖြစ် အေစီမီလန် ကွင်းလယ်သမား ဖရက် ကက်စီ ကို ပစ်မှတ်ထားနေကြေငာ်း သိရပါတယ်။ ကက်စီ ကို အင်တာမှာ ရှိစဉ်တည်းက ကွန်တီ မျက်စိကျခဲ့တာ ဖြစ်ပါတယ်။
ဗီလာရီးရဲလ် နည်းပြ အူနိုင်း အမ်မရီ က နယူးကာဆယ် ရဲ့ ချဉ်းကပ်မှု ရထားပြီး နိုး လို့ အပြတ် မငြင်းရသေးကြောင်း ဝန်ခံစကား ဆိုလာပါတယ်။
ဇာဗီသာ ဘာစီလိုနာ နည်းပြ ဖြစ်လာရင် အရင်ဆုံး ခေါ်ယူချင်တဲ့ ပစ်မှတ် ၄ ဦးထဲမှာ ပေါ့ဘာ ပါဝင်နေကြောင်း သိရပါတယ်။ ပေါ့ဘာနဲ့ ယူနိုက်တက် စာချုပ်ကလည်း ရာသီကုန် ရင် ကုန်ဆုံးမှာ ဖြစ်တာကြောင့် ဇာဗီက ပြင်သစ်သားကို ကြိုးစားလိုနေပါတယ်။
ပေါ့ဘာ အပြင် ဇာဗီရဲ့ ပစ်မှတ်တွေကတော့ ဒေါ့မွန် ကြယ်ပွင့် ဟာလန်း၊ ဒန်နီ အိုလ်မိုနဲ့ ဂျူးလက်စ် ကွန်ဒဲလ်တို့ ဖြစ်ကြပါတယ်။

Zawgyi
အင္တာမီလန္အသင္းဟာ အဲရစ္ဆန္နဲ႕ ေအဂ်က္ ဂိုးသမား အိုနာနာ တို႔ကို အလဲအထပ္ ျပဳလုပ္လိုေနေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။
အဲရစ္ဆန္ က နွလံုးစက္ တပ္လိုက္တာေၾကာင့္ စီးရီးေအးမွာ ဆက္ ကစားဖို႔ မျဖစ္နိုင္ေတာ့ပါဘူး။ အိုနာနာ ကို အင္တာက စိတ္ဝင္စားေနတာေၾကာင့္ အဲရစ္ဆန္ အျပင္ ေျပာင္းေရႊ႕ေၾကး အလိုက္ေပးကာ ကမ္းလွမ္းလိုေနပါတယ္။
နည္းျပသစ္ ကြန္တီ ေရာက္လာျပီးတဲ့ေနာက္ တိုက္စစ္မႈး ကိန္းဟာ ေတာ့တင္ဟမ္ စပါးအသင္းမွာပဲ ဆက္လက္ ကစားလိုေနေၾကာင္း သိရပါတယ္။ အဂၤလန္သားဟာ နည္းျပ ႏူနို ရွိစဥ္ ျပီးခဲ့တဲ့ေႏြက အသင္းေျပာင္းဖို႔ ၾကိဳးစားခဲ့ပါတယ္။
ဘာစီလိုနာ အသင္းဟာ ဇာဗီကို ျပန္ေခၚဖို႔ ကာတာသို႔သြားေရာက္ ညွိနိႈင္းေနရာ အျပီးသတ္နုိင္ေတာ့မယ္လို႔ သိရပါတယ္။ ဇာဗီကို ၂ နွစ္ ခြဲ စာခ်ဳပ္နဲ႕ ဘာစီလိုနာက ေခၚယူေတာ့မွာ ျဖစ္ပါတယ္။
ဝက္စ္ဘရြန္းအသင္းဟာ လူငယ္ တိုက္စစ္မႈး လူဝီ ဘယ္ရီ အတြက္ ဘာစီလိုနာ အသင္းထံမွ ေလ်ာ္ေၾကး ရေတာ့မွာ မဟုတ္ဘူးလို႔ The Athletic က ဆိုပါတယ္။ ဝက္စ္ဘရြန္းဟာ စပိန္သို႔ ၂၀၁၉ မွာ ထြက္သြားတဲ့ လူငယ္ တိုက္စစ္မႈး အတြက္ ရရမယ့္ အကယ္ဒမီ ေလ်ာ္ေၾကး ေတာင္းဆိုခဲ့တာ ျဖစ္ေပမယ့္ ဖီဖာက ဘာစီလိုနာဘက္ လိုက္သြားခဲ့တာ ျဖစ္ပါတယ္။
ကြန္တီက စပါးအသင္းမွာ ၄င္းရဲ႕ ပထမဆံုး ေခၚယူမႈ အျဖစ္ ေအစီမီလန္ ကြင္းလယ္သမား ဖရက္ ကက္စီ ကို ပစ္မွတ္ထားေနေၾကငာ္း သိရပါတယ္။ ကက္စီ ကို အင္တာမွာ ရွိစဥ္တည္းက ကြန္တီ မ်က္စိက်ခဲ့တာ ျဖစ္ပါတယ္။
ဗီလာရီးရဲလ္ နည္းျပ အူနိုင္း အမ္မရီ က နယူးကာဆယ္ ရဲ႕ ခ်ဥ္းကပ္မႈ ရထားျပီး နိုး လို႔ အျပတ္ မျငင္းရေသးေၾကာင္း ဝန္ခံစကား ဆိုလာပါတယ္။
ဇာဗီသာ ဘာစီလိုနာ နည္းျပ ျဖစ္လာရင္ အရင္ဆံုး ေခၚယူခ်င္တဲ့ ပစ္မွတ္ ၄ ဦးထဲမွာ ေပါ့ဘာ ပါဝင္ေနေၾကာင္း သိရပါတယ္။ ေပါ့ဘာနဲ႕ ယူနိုက္တက္ စာခ်ဳပ္ကလည္း ရာသီကုန္ ရင္ ကုန္ဆံုးမွာ ျဖစ္တာေၾကာင့္ ဇာဗီက ျပင္သစ္သားကို ၾကိဳးစားလိုေနပါတယ္။
ေပါ့ဘာ အျပင္ ဇာဗီရဲ႕ ပစ္မွတ္ေတြကေတာ့ ေဒါ့မြန္ ၾကယ္ပြင့္ ဟာလန္း၊ ဒန္နီ အိုလ္မိုနဲ႕ ဂ်ဴးလက္စ္ ကြန္ဒဲလ္တို႔ ျဖစ္ၾကပါတယ္။
