ယနေ့ နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (12/06/20)

ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ရင့်ကျက်တဲ့ ပြောင်းလဲလာမှုတွေနဲ့ အတူ ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်လာနေပြီး အနာဂတ် ယူနိုက်တက် အသင်းခေါင်းဆောင် တစ်ဦးလို့ သရဲနီဟောင်း ဆာဟာက ထောက်ခံ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ဒီရာသီမှာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသလာတဲ့ ဘယ်ဂျီယံကလပ် ဂျန့်အသင်း တိုက်စစ်သမား ဂျွန်နသန် ဒေးဗစ်ကို ချိတ်ဆက်နေကြပါတယ်။ အသက် ၂၀ အရွယ် ကနေဒါ လူငယ် တိုက်စစ်သမားဟာ ဒီရာသီမှာ သွင်းဂိုး ၂၃ ဂိုး သွင်းယူထားသလို ဂိုးထောက်ပံ့မှု ၁၀ ကြိမ် ပြုလုပ်ထားပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အကြပ်အတည်း ကာလဖြစ်နေပေမယ့် မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ ဆိုးရှားကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သုံးစွဲဖို့ အတွက် အပြောင်းအရွှေ့ ယူရို သန်း ၃၀၀ အထိ စီစဉ်ပေးထားတယ်လို့ သိရှိရပါတယ်။

လိုက်ဇစ်အသင်း အားကစားဒါရိုက်တာက ယူနိုက်တက်နဲ့ ထိပ်သီးအသင်း တော်တော်များများ ချိတ်ဆက်နေတဲ့ ခံစစ်မှူး အူပါမီကာနိုကို အလွတ်နဲ့ ထွက်ခွာခွင့် မပေးရဖို့ ကြိုးစားသွားမယ်လို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် ချိတ်ဆက်ထားတဲ့ ဘာမင်ဂမ်စီးတီး အသင်း လူငယ် ကြယ်ပွင့် ကစားသမား ဘယ်လင်ဟန် ဟာ ဘွန်ဒစ်လီဂါမှ ဒေါ့မွန် အသင်းထံကို ပြောင်းရွှေ့ဖို့ကို ပိုမို စိတ်အားထက်သန်နေတာကြောင့် ယူနိုက်တက် ကို ငြင်းဆန်လိုက်ပြီလို့ သိရပါတယ်။

ယူနိုက်တက် တိုက်စစ်သမား ဒန်နီရယ် ဂျိမ်းစ်ဟာ ရှားပါး ထူးခြားတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး မန်ချက်စတာ ကလပ်အတွက် မတူညီတဲ့ လက်နက်တစ်မျိုး ဖြစ်ကြောင်း ၎င်းရဲ့ ဆွမ်ဆီးအသင်းဖော်ဟောင်း ဘရန်ဒန်ကူးပါက ထောက်ခံ ပြောဆိုလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ဟာ ရင့္က်က္တဲ့ ေျပာင္းလဲလာမႈေတြနဲ႕ အတူ ေခါင္းေဆာင္ေကာင္း တစ္ဦး ျဖစ္လာေနျပီး အနာဂတ္ ယူနိုက္တက္ အသင္းေခါင္းေဆာင္ တစ္ဦးလို႔ သရဲနီေဟာင္း ဆာဟာက ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။

ယူႏုိက္တက္နဲ႔ အာဆင္နယ္တို႔ဟာ ဒီရာသီမွာ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသလာတဲ့ ဘယ္ဂ်ီယံကလပ္ ဂ်န္႔အသင္း တိုက္စစ္သမား ဂၽြန္နသန္ ေဒးဗစ္ကို ခ်ိတ္ဆက္ေနၾကပါတယ္။ အသက္ ၂၀ အရြယ္ ကေနဒါ လူငယ္ တိုက္စစ္သမားဟာ ဒီရာသီမွာ သြင္းဂိုး ၂၃ ဂိုး သြင္းယူထားသလို ဂိုးေထာက္ပံ့မႈ ၁၀ ၾကိမ္ ျပဳလုပ္ထားပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ အၾကပ္အတည္း ကာလျဖစ္ေနေပမယ့္ မန္ခ်က္စတာယူနိုက္တက္ဟာ နည္းျပ ဆိုးရွားကို လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ သုံးစြဲဖို႔ အတြက္ အေျပာင္းအေ႐ႊ႕ ယူ႐ို သန္း ၃၀၀ အထိ စီစဥ္ေပးထားတယ္လို႔ သိရွိရပါတယ္။

လိုက္ဇစ္အသင္း အားကစားဒါရိုက္တာက ယူနိုက္တက္နဲ႕ ထိပ္သီးအသင္း ေတာ္ေတာ္မ်ားမ်ား ခ်ိတ္ဆက္ေနတဲ့ ခံစစ္မွဴး အူပါမီကာႏိုကို အလြတ္နဲ႔ ထြက္ခြာခြင့္ မေပးရဖို႔ ၾကိဳးစားသြားမယ္လို႔ အတည္ျပဳ ေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ ခ်ိတ္ဆက္ထားတဲ့ ဘာမင္ဂမ္စီးတီး အသင္း လူငယ္ ၾကယ္ပြင့္ ကစားသမား ဘယ္လင္ဟန္ ဟာ ဘြန္ဒစ္လီဂါမွ ေဒါ့မြန္ အသင္းထံကို ေျပာင္းေ႐ႊ႕ဖို႔ကို ပိုမို စိတ္အားထက္သန္ေနတာေၾကာင့္ ယူနိုက္တက္ ကို ျငင္းဆန္လိုက္ၿပီလို႔ သိရပါတယ္။

ယူနိုက္တက္ တိုက္စစ္သမား ဒန္နီရယ္ ဂ်ိမ္းစ္ဟာ ရွားပါး ထူးျခားတဲ့ ကစားသမား တစ္ဦး ျဖစ္ျပီး မန္ခ်က္စတာ ကလပ္အတြက္ မတူညီတဲ့ လက္နက္တစ္မ်ိဳး ျဖစ္ေၾကာင္း ၄င္းရဲ႕ ဆြမ္ဆီးအသင္းေဖာ္ေဟာင္း ဘရန္ဒန္ကူးပါက ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။