ကွန်တီဟာ ဂျူဗင်တပ်၊ ချယ်ဆီး၊ အင်တာတို့မှာ ကလပ်အဆင့် အောင်မြင်မှုတွေ ရရှိခဲ့တဲ့နောက် ကြီးမားတဲ့ ဂုဏ်သတင်းနဲ့အတူ စပါးထံ ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကြီးကျယ်တဲ့ အောင်မြင်မှုနဲ့ သူ့ရဲ့ ယခင်အလုပ်တွေကိုပြန်ကြည့်လိုက်ရင် အခု စပါးနဲ့အတူ သူ လက်ခံထားတဲ့ စိန်ခေါ်မှုတစ်ရပ်က သူရင်ဆိုင်ဖူးသမျှထဲ အကြီးမားဆုံး တာဝန်တစ်ခု ဖြစ်နိုင်ပါတယ်။ နည်းပြဘဝ အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာ ကွန်တီက
“ ဒါက အတိတ်က အကြောင်းတွေပါ။ ကျွန်တော်ကတော့ ပစ္စုပ္ပန်မှာပဲ နေထိုင်တယ်။ အင်တာမီလန်နဲ့ နောက်ဆုံး နှစ်နှစ်အတွင်း ကျွန်တော်တို့ ဒုတိယအကောင်းဆုံး တိုက်စစ်နဲ့ အကောင်းဆုံး ခံစစ်ကို ပိုင်ဆိုင်ခဲ့တယ်။ အရင်အသင်းတွေအတွက် ကျွန်တော် လုပ်ပေးခဲ့တဲ့ အတိတ်က အရေးပါပြီး အဲ့အတွက် ကျွန်တော် ဂုဏ်ယူရပါတယ်။
ဒါပေမယ့် ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်က စပါးပဲ။ ဒီကလပ်ကို ကျွန်တော့် နည်းပြဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေချင်တယ်”လို့ ဖြေကြားခဲ့ပါတယ်။
စပါးဟာ ၂၀၀၈ ကတည်းက ဖလားတစ်လုံးမှ မရခဲ့ပဲ လွန်ခဲ့တဲ့ ၂ နှစ်က ပိုချက်တီနိုကို ထုတ်ပယ်ပြီးနောက်ပိုင်း တဖြည်းဖြည်း ကျဆင်းလာခဲ့တာပါ။ ဆန်တိုနဲ့ မော်ရင်ညိုတို့ နှစ်ယောက်လုံးဟာ စပါးအသင်းကို တိုးတက်အောင် လုပ်ပေးဖို့ ကျရှုံးခဲ့ပေမယ့် ကွန်တီက ဒီအလုပ်အတွက် အကောင်းဆုံး၊ အသင့်တော်ဆုံး ဖြစ်တယ်လို့ အများက ထင်မြင်နေကြတာ ဖြစ်ပါတယ်။
“စပါးဆီကနေ နွေရာသီတုန်းက ခေါ်ဆိုမှုတစ်ခု ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က အင်တာမီလန်နဲ့အတူ သိပ်ကိုခက်ခဲတဲ့ ၂ ရာသီကို ရင်ဆိုင်ခဲ့ပြီးခါစဖြစ်တာကြောင့် ရိုးရိုးသားသားပြောရရင် နောက်ထပ် အတွေ့အကြုံတွေ ပြန်စဖို့ သင့်တော်တဲ့ အချိန်မဟုတ်ခဲ့ဘူး။
ကျွန်တော် အချိန်စောင့်ပြီးတော့ မိသားစုနဲ့ ပျော်ပျော်နေဖို့ ရွေးချယ်ခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရလည်း ကျွန်တော်က အင်တာနဲ့ နောက်ဆုံး အတွေ့အကြုံထဲမှာပဲ ဆက်ရှိနေခဲ့တုန်းပါ”လို့ ရှင်းပြခဲ့ပါတယ်။
ပွဲအရေအတွက် တဝက်ကိုသာ အနိုင်ရခဲ့ပြီး ဒီရာသီမှာ ပုံမှန်ခြေစွမ်းအောက် ကျဆင်းမှုတွေကြောင့် အဆင့် ၉ နေရာကို ရောက်နေတဲ့ အသင်းနဲ့အတူ ကွန်တီအနေနဲ့ ချက်ချင်းဆိုသလို ရလဒ်ကောင်းတွေ ရယူပေးနိုင်မလားဆိုတာ အားလုံးက စောင့်ကြည့်နေကြမှာပါ။
သူဟာ ကြာသပတေးနေ့ ယူရိုပါ ကွန်းဖရန့်စ်လိဂ်မှာ ဗိုက်တက်စ် အသင်းနဲ့ပွဲကို စတင်ကိုင်တွယ်မှာ ဖြစ်ပြီး ဒီပြိုင်ပွဲဟာ ကွန်တီရဲ့ ပွဲဦးထွက်ရာသီအတွင်း စပါးတို့ ဖလားအောင်မြင်ဖို့ အကောင်းဆုံး အခွင့်အရေးရှိတဲ့ ပြိုင်ပွဲပဲ ဖြစ်ပါတယ်။
ကွန်တီအနေနဲ့ ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာများစွာ ရှိနေပြီး ‘ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်’ အဖြစ် သူချီးကျူးခဲ့တဲ့ ဟယ်ရီကိန်းရဲ့ အနာဂတ် ကိစ္စကလည်း ဒီထဲမှာ ပါဝင်နေမှာဖြစ်ပါတယ်။

ZAWGYI – ကြန္တီဟာ ဂ်ဴဗင္တပ္၊ ခ်ယ္ဆီး၊ အင္တာတို႔မွာ ကလပ္အဆင့္ ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ေနာက္ ႀကီးမားတဲ့ ဂုဏ္သတင္းနဲ႔အတူ စပါးထံ ေရာက္လာခဲ့ျပီ ျဖစ္ပါတယ္။
ဒါေပမယ့္ ႀကီးက်ယ္တဲ့ ေအာင္ျမင္မႈနဲ႔ သူ႔ရဲ႕ ယခင္အလုပ္ေတြကိုျပန္ၾကည့္လိုက္ရင္ အခု စပါးနဲ႔အတူ သူ လက္ခံထားတဲ့ စိန္ေခၚမႈတစ္ရပ္က သူရင္ဆိုင္ဖူးသမွ်ထဲ အႀကီးမားဆုံး တာဝန္တစ္ခု ျဖစ္ႏိုင္ပါတယ္။ နည္းျပဘဝ ေအာင္ျမင္မႈေတြနဲ႔ ပတ္သက္ၿပီး ေမးျမန္းခဲ့ရာ ကြန္တီက
“ ဒါက အတိတ္က အေၾကာင္းေတြပါ။ ကြၽန္ေတာ္ကေတာ့ ပစၥဳပၸန္မွာပဲ ေနထိုင္တယ္။ အင္တာမီလန္နဲ႔ ေနာက္ဆုံး ႏွစ္ႏွစ္အတြင္း ကြၽန္ေတာ္တို႔ ဒုတိယအေကာင္းဆုံး တိုက္စစ္နဲ႔ အေကာင္းဆုံး ခံစစ္ကို ပိုင္ဆိုင္ခဲ့တယ္။ အရင္အသင္းေတြအတြက္ ကြၽန္ေတာ္ လုပ္ေပးခဲ့တဲ့ အတိတ္က အေရးပါၿပီး အဲ့အတြက္ ကြၽန္ေတာ္ ဂုဏ္ယူရပါတယ္။
ဒါေပမယ့္ ကြၽန္ေတာ့္အတြက္ စိန္ေခၚမႈအသစ္က စပါးပဲ။ ဒီကလပ္ကို ကြၽန္ေတာ့္ နည္းျပဘဝရဲ႕ အေရးပါတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္လာေစခ်င္တယ္”လို႔ ေျဖၾကားခဲ့ပါတယ္။
စပါးဟာ ၂၀၀၈ ကတည္းက ဖလားတစ္လုံးမွ မရခဲ့ပဲ လြန္ခဲ့တဲ့ ၂ ႏွစ္က ပိုခ်က္တီႏိုကို ထုတ္ပယ္ၿပီးေနာက္ပိုင္း တျဖည္းျဖည္း က်ဆင္းလာခဲ့တာပါ။ ဆန္တိုနဲ႔ ေမာ္ရင္ညိဳတို႔ ႏွစ္ေယာက္လုံးဟာ စပါးအသင္းကို တိုးတက္ေအာင္ လုပ္ေပးဖို႔ က်ရႈံးခဲ့ေပမယ့္ ကြန္တီက ဒီအလုပ္အတြက္ အေကာင္းဆုံး၊ အသင့္ေတာ္ဆုံး ျဖစ္တယ္လို႔ အမ်ားက ထင္ျမင္ေနၾကတာ ျဖစ္ပါတယ္။
“စပါးဆီကေန ေႏြရာသီတုန္းက ေခၚဆိုမႈတစ္ခု ရွိခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က အင္တာမီလန္နဲ႔အတူ သိပ္ကိုခက္ခဲတဲ့ ၂ ရာသီကို ရင္ဆိုင္ခဲ့ၿပီးခါစျဖစ္တာေၾကာင့္ ႐ိုး႐ိုးသားသားေျပာရရင္ ေနာက္ထပ္ အေတြ႕အႀကဳံေတြ ျပန္စဖို႔ သင့္ေတာ္တဲ့ အခ်ိန္မဟုတ္ခဲ့ဘူး။
ကြၽန္ေတာ္ အခ်ိန္ေစာင့္ၿပီးေတာ့ မိသားစုနဲ႔ ေပ်ာ္ေပ်ာ္ေနဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။ စိတ္ပိုင္းဆိုင္ရာအရလည္း ကြၽန္ေတာ္က အင္တာနဲ႔ ေနာက္ဆုံး အေတြ႕အႀကဳံထဲမွာပဲ ဆက္ရွိေနခဲ့တုန္းပါ”လို႔ ရွင္းျပခဲ့ပါတယ္။
ပြဲအေရအတြက္ တဝက္ကိုသာ အႏိုင္ရခဲ့ၿပီး ဒီရာသီမွာ ပုံမွန္ေျခစြမ္းေအာက္ က်ဆင္းမႈေတြေၾကာင့္ အဆင့္ ၉ ေနရာကို ေရာက္ေနတဲ့ အသင္းနဲ႔အတူ ကြန္တီအေနနဲ႔ ခ်က္ခ်င္းဆိုသလို ရလဒ္ေကာင္းေတြ ရယူေပးႏိုင္မလားဆိုတာ အားလုံးက ေစာင့္ၾကည့္ေနၾကမွာပါ။
သူဟာ ၾကာသပေတးေန႔ ယူ႐ိုပါ ကြန္းဖရန႔္စ္လိဂ္မွာ ဗိုက္တက္စ္ အသင္းနဲ႔ပြဲကို စတင္ကိုင္တြယ္မွာ ျဖစ္ၿပီး ဒီၿပိဳင္ပြဲဟာ ကြန္တီရဲ႕ ပြဲဦးထြက္ရာသီအတြင္း စပါးတို႔ ဖလားေအာင္ျမင္ဖို႔ အေကာင္းဆုံး အခြင့္အေရးရွိတဲ့ ၿပိဳင္ပြဲပဲ ျဖစ္ပါတယ္။
ကြန္တီအေနနဲ႔ ကိုင္တြယ္ေျဖရွင္းရမယ့္ ျပႆနာမ်ားစြာ ရွိေနၿပီး ‘ကမာၻ႔အေကာင္းဆုံး ကစားသမားတစ္ေယာက္’ အျဖစ္ သူခ်ီးက်ဴးခဲ့တဲ့ ဟယ္ရီကိန္းရဲ႕ အနာဂတ္ ကိစၥကလည္း ဒီထဲမွာ ပါဝင္ေနမွာျဖစ္ပါတယ္။
