အန်တိုနီယို ကွန်တီအတွက် အင်္ဂလန်မှာ အလုပ်လုပ်ခွင့် ဗီဇာက ခွင့်ပြုချက်ရသွားပြီး ဖြစ်ကြောင်း လန်ဒန် သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါကြောင့် ကွန်တီဟာ ကြာသပတေးနေ့ညက ယူရိုပါကွန်ဖရန့်ပွဲမှာ အသင်း နည်းပြ အဖြစ် တာဝန်ယူနိုင်ပြီ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဟာ ကွင်းလယ်တိုက်စစ်သမား ဖိလစ် ကော်တင်ညို ကို ရှင်းထုတ်ချင်နေဆဲ ဖြစ်ပြီး ဇန်နဝါရီမှာ နယူးကာဆယ် အသင်းထံ ရောင်းချဖို့ ရည်ရွယ်နေပါတယ်။ ကော်တင်ညိုကို အပြီး ဝယ်ယူခွင့်ပါတဲ့ ကနဦး အငှားနဲ့ ဆိုရင်လည်း ဘာစီလိုနာက လက်ခံလိုနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဇန်နဝါရီမှာ အီဒင်ဟာဇက်ကို ခေါ်ယူဖို့ အခွင့် ရှိခဲ့ပေမယ့် ငြင်းပယ်ခဲ့ကြောင်း စပိန် သတင်းတွေက ဖော်ပြလာပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘယ်လ်ဂျီယံသားကို ရောင်းချလိုနေပြီ ဖြစ်ပါတယ်။

ဗီလာရီးရဲလ်အသင်းဟာ နယူးကာဆယ်ရဲ့ ချိတ်ဆက်မှု ရှိနေတဲ့ နည်းပြ အူနိုင်း အမ်မရီကို လက်လွှတ်ရရင် အစားထိုးဖို့ ဘာစီလိုနာ နည်းပြဟောင်း ဗယ်ဗာဒီကို အလိုရှိနေပါတယ်။
အင်တာမီလန် ကွင်းလယ်ကစားသမား နီကို ဘာရယ်လာဟာ စီးရီးအေကလပ်နဲ့ပဲ သက်တမ်းတိုး စာချုပ် ချုပ်ဆိုတော့မှာ ဖြစ်တယ်လို့ သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။
လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ဂုရု မိုက်ကယ်အက်ဝပ်ကို လိုက်ပ်ဇစ် အသင်းက အားကစား ဒါရိုက်တာ အဖြစ် ခန့်အပ်ဖို့ ချဉ်းကပ်နေပေမယ့် အက်ဝပ်က လက်မခံထားဘူးလို့ သိရပါတယ်။ ၎င်းက ရာသီကုန်မှာ လီဗာပူးနဲ့ စာချုပ် ကုန်ဆုံးတော့မှာပါ။
ယူနိုက်တက် တိုက်စစ်မှုး ကာဗာနီကို ၂၀၂၂ နွေမှာ ဘိုကာဂျူနီယာက ခေါ်ယူဖို့ ရည်ရွယ်ထားပေမယ့် ဥရုဂွေးသားကို ဘာစီလိုနာကလည်း ခေါ်ယူချင်နေတာကြောင့် ပြိုင်ဘက် ရှိလာပြီ ဖြစ်ပါတယ်။
တော့တင်ဟမ်စပါးအသင်းဟာ ဖီအိုရင်တီးနား ကြယ်ပွင့် ဗလာဟိုဗစ် ကို ခေါ်ယူရေးမှာ အခွင့်သာနေကြောင်း သိရပါတယ်။ ၎င်းကို ဂျူဗင်တပ်ကလည်း အလိုရှိခဲ့ပေမယ့် နောက်ဆုတ်သွားခဲ့တာပါ။

Zawgyi
အန္တိုနီယို ကြန္တီအတြက္ အဂၤလန္မွာ အလုပ္လုပ္ခြင့္ ဗီဇာက ခြင့္ျပဳခ်က္ရသြားျပီး ျဖစ္ေၾကာင္း လန္ဒန္ သတင္းဌာနက ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ ကြန္တီဟာ ၾကာသပေတးေန႔ညက ယူရိုပါကြန္ဖရန္႔ပြဲမွာ အသင္း နည္းျပ အျဖစ္ တာဝန္ယူနိုင္ျပီ ျဖစ္ပါတယ္။
ဘာစီလိုနာ အသင္းဟာ ကြင္းလယ္တိုက္စစ္သမား ဖိလစ္ ေကာ္တင္ညိဳ ကို ရွင္းထုတ္ခ်င္ေနဆဲ ျဖစ္ျပီး ဇန္နဝါရီမွာ နယူးကာဆယ္ အသင္းထံ ေရာင္းခ်ဖို႔ ရည္ရြယ္ေနပါတယ္။ ေကာ္တင္ညိဳကို အျပီး ဝယ္ယူခြင့္ပါတဲ့ ကနဦး အငွားနဲ႕ ဆိုရင္လည္း ဘာစီလိုနာက လက္ခံလိုေနပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဇန္နဝါရီမွာ အီဒင္ဟာဇက္ကို ေခၚယူဖို႔ အခြင့္ ရွိခဲ့ေပမယ့္ ျငင္းပယ္ခဲ့ေၾကာင္း စပိန္ သတင္းေတြက ေဖာ္ျပလာပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ဘယ္လ္ဂ်ီယံသားကို ေရာင္းခ်လိုေနျပီ ျဖစ္ပါတယ္။
ဗီလာရီးရဲလ္အသင္းဟာ နယူးကာဆယ္ရဲ႕ ခ်ိတ္ဆက္မႈ ရွိေနတဲ့ နည္းျပ အူနိုင္း အမ္မရီကို လက္လႊတ္ရရင္ အစားထိုးဖို႔ ဘာစီလိုနာ နည္းျပေဟာင္း ဗယ္ဗာဒီကို အလိုရွိေနပါတယ္။
အင္တာမီလန္ ကြင္းလယ္ကစားသမား နီကိုို ဘာရယ္လာဟာ စီးရီးေအကလပ္နဲ႕ပဲ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုေတာ့မွာ ျဖစ္တယ္လို႔ သတင္းေထာက္ ရိုမန္နိုက ေဖာ္ထုတ္ထားပါတယ္။
လီဗာပူးအသင္းရဲ႕ အေျပာင္းအေရႊ႕ ဂုရု မိုက္ကယ္အက္၀ပ္ကို လိုက္ပ္ဇစ္ အသင္းက အားကစား ဒါရုိက္တာ အျဖစ္ ခန္႔အပ္ဖို႔ ခ်ဥ္းကပ္ေနေပမယ့္ အက္၀ပ္က လက္မခံထားဘူးလို႔ သိရပါတယ္။ ၄င္းက ရာသီကုန္မွာ လီဗာပူးနဲ႕ စာခ်ဳပ္ ကုန္ဆံုးေတာ့မွာပါ။
ယူနိုက္တက္ တိုက္စစ္မႈး ကာဗာနီကို ၂၀၂၂ ေႏြမွာ ဘိုကာဂ်ဴနီယာက ေခၚယူဖို႔ ရည္ရြယ္ထားေပမယ့္ ဥရုေဂြးသားကို ဘာစီလိုနာကလည္း ေခၚယူခ်င္ေနတာေၾကာင့္ ျပိဳင္ဘက္ ရွိလာျပီ ျဖစ္ပါတယ္။
ေတာ့တင္ဟမ္စပါးအသင္းဟာ ဖီအိုရင္တီးနား ၾကယ္ပြင့္ ဗလာဟိုဗစ္ ကို ေခၚယူေရးမွာ အခြင့္သာေနေၾကာင္း သိရပါတယ္။ ၄င္းကို ဂ်ဴဗင္တပ္ကလည္း အလိုရွိခဲ့ေပမယ့္ ေနာက္ဆုတ္သြားခဲ့တာပါ။
