ဆန်ချိုကို ခေါ်ယူဖို့ လမ်းပတ် ငြင်းဆန်ရခြင်း အဓိက အကြောင်းရင်း နှစ်ချက်

UNICODE – အပြောင်းအရွှေ့ရေးရာ သတင်းထောက် တစ်ဦးဖြစ်တဲ့ Duncan Castles ကတော့ ချယ်ဆီးမန်နေဂျာ လမ်းပတ်ဟာ ဆန်ချိုကို ခေါ်ယူရေးကို ဆက်မကြိုးစားဖို့ ဒါရိုက်တာ မာရီနာ ဂရန်နော့စကီးယား ကို ပိတ်ပင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဇန်နဝါရိတုန်းက ဂရန်နော့စကီးယားက ဒေါ့မွန် တောင်ပံသမား ဆန်ချိုကို ခေါ်ယူဖို့အတွက် ညိနှိုင်းမှုတွေ လုပ်ခဲ့တာပါ။ ဆန်ချိုအတွက် ပေါင် သန်း ၁၀၀ ကျော်မှ ခေါ်ယူနိုင်မယ့် အကြောင်းကို ဒေါ့မွန်ဘက်က အကြောင်းပြန်ခဲ့တာဖြစ်တယ်။ အဲ့သည်မှာ မန်နေဂျာလမ်းပတ်က တောင်ပံနေရာအတွက် အဲ့လောက် မသုံးဖို့ တားမြစ်ခဲ့တယ်လို့ သိရတယ်။

ရာသီကုန်မှာ ဝီလီယမ်နဲ့ ပက်ဒရိုတို့ကို လက်လွတ်ရမှာ ဖြစ်ပေမယ့်လည်း မန်နေဂျာလမ်းပတ်က တောင်ပံ တိုက်စစ်ပိုင်းအတွက် ဇီယက်ကို ခေါ်ယူဖို့စိတ် ရှိခဲ့တယ်။ ဒါ့အပြင် လူငယ် တောင်ပံတိုက်စစ်သမားတွေဖြစ်တဲ့ ပူလီဆစ်နဲ့ အိုဒွိုင်းကို နေရာပေးဖို့လည်း လမ်းပတ်က ရည်ရွယ်ထားပါတယ်။

နောက်ထပ် တစ်ချက်ကတော့ ဆန်ချိုကို ပေါင် သန်း ၁၀၀ ကျော်ပေးပြီး ခေါ်ယူမယ်ဆိုရင် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်သွားမှာပါ။ ဒါဟာ ကစားသမားအပေါ် ဝန်ပိစေမှာ ဖြစ်သလို သူကိုယ်တိုင်ကလည်း မန်နေဂျာဘဝ အစောပိုင်းမှာတင် ဖိအားတွေ များမယ့် အနေအထားကို လမ်းပတ်က ရှောင်လွဲလိုခဲ့တယ်လို့ သိရတယ်။

အင်္ဂလန်မီဒီယာတွေရဲ့ လွန်လွန်ကျူးကျူး မြောက်ပင့် ရိုက်ချမှုတွေကို နားလည်ထားတဲ့ လမ်းပတ်က သူ့အသင်းအတွက် ကစားသမား ခေါ်ယူမှုတွေကို မှန်ကန်တဲ့ ဈေးနှုန်းနဲ့ အရည်အချင်း ရှိသူတွေကိုပဲ ခေါ်ယူလိုခဲ့တယ်။ ဇီယက်ကို ခေါ်ယူဖို့ အတည်ပြုထားပြီးနောက် တီမို ဗာနာကိစ္စ အတည်ပြုနိုင်ဖို့ ကြိုးစားနေပြီး လက်စတာ ဘယ်အစွန်လူ ချီဝဲလ်ကို ခေါ်ယူဖို့လည်း ကြိုးစားနေပါတယ်။

ZAWGYI – အေျပာင္းအေရႊ႔ေရးရာ သတင္းေထာက္ တစ္ဦးျဖစ္တဲ့ Duncan Castles ကေတာ့ ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္ဟာ ဆန္ခ်ိဳကို ေခၚယူေရးကို ဆက္မၾကိဳးစားဖို႔ ဒါရိုက္တာ မာရီနာ ဂရန္ေနာ့စကီးယား ကို ပိတ္ပင္ခဲ့တယ္လို႔ ေဖာ္ျပပါတယ္။

ဇန္နဝါရိတုန္းက ဂရန္ေနာ့စကီးယားက ေဒါ့မြန္ ေတာင္ပံသမား ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ ညိႏိႈင္းမႈေတြ လုပ္ခဲ့တာပါ။ ဆန္ခ်ိဳအတြက္ ေပါင္ သန္း ၁၀၀ ေက်ာ္မွ ေခၚယူႏုိင္မယ့္ အေၾကာင္းကို ေဒါ့မြန္ဘက္က အေၾကာင္းျပန္ခဲ့တာျဖစ္တယ္။ အဲ့သည္မွာ မန္ေနဂ်ာလမး္ပတ္က ေတာင္ပံေနရာအတြက္ အဲ့ေလာက္ မသံုးဖို႔ တားျမစ္ခဲ့တယ္လို႔ သိရတယ္။

ရာသီကုန္မွာ ဝီလီယမ္နဲ႔ ပက္ဒရိုတို႔ကို လက္လြတ္ရမွာ ျဖစ္ေပမယ့္လည္း မန္ေနဂ်ာလမ္းပတ္က ေတာင္ပံ တိုက္စစ္ပိုင္းအတြက္ ဇီယက္ကို ေခၚယူဖို႔စိတ္ ရွိခဲ့တယ္။ ဒါ့အျပင္ လူငယ္ ေတာင္ပံတိုက္စစ္သမားေတြျဖစ္တဲ့ ပူလီဆစ္နဲ႔ အိုဒိြဳင္းကို ေနရာေပးဖို႔လည္း လမ္းပတ္က ရည္ရြယ္ထားပါတယ္။

ေနာက္ထပ္ တစ္ခ်က္ကေတာ့ ဆန္ခ်ိဳကို ေပါင္ သန္း ၁၀၀ ေက်ာ္ေပးျပီး ေခၚယူမယ္ဆိုရင္ ကလပ္စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကး ျဖစ္သြားမွာပါ။ ဒါဟာ ကစားသမားအေပၚ ဝန္ပိေစမွာ ျဖစ္သလို သူကိုယ္တိုင္ကလည္း မန္ေနဂ်ာဘဝ အေစာပိုင္းမွာတင္ ဖိအားေတြ မ်ားမယ့္ အေနအထားကို လမ္းပတ္က ေရွာင္လြဲလိုခဲ့တယ္လို႔ သိရတယ္။

အဂၤလန္မီဒီယာေတြရဲ႕ လြန္လြန္က်ဴးက်ဴး ေျမာက္ပင့္ ရိုက္ခ်မႈေတြကို နားလည္ထားတဲ့ လမ္းပတ္က သူ႔အသင္းအတြက္ ကစားသမား ေခၚယူမႈေတြကို မွန္ကန္တဲ့ ေစ်းႏႈန္းနဲ႔ အရည္အခ်င္း ရွိသူေတြကိုပဲ ေခၚယူလိုခဲ့တယ္။ ဇီယက္ကို ေခၚယူဖို႔ အတည္ျပဳထားျပီးေနာက္ တီမို ဗာနာကိစၥ အတည္ျပဳႏုိင္ဖို႔ ၾကိဳးစားေနျပီး လက္စတာ ဘယ္အစြန္လူ ခ်ီဝဲလ္ကို ေခၚယူဖို႔လည္း ၾကိဳးစားေနပါတယ္။