၀က်စ်ဘရွန်းကို တစ်ပွဲနိုင် တစ်ပွဲရှုံးခဲ့တဲ့ ယူနိုက်တက်ရဲ့ ကွင်းပိတ်ခြေစမ်းပွဲများ

မန်ချက်စတာယူနိုက်တက်ဟာ သောကြာနေ့က ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်း အသင်းနဲ့ ကွင်းပိတ် ခြေစမ်းပွဲ နှစ်ပွဲ ကစားခဲ့ရာမှာ တစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံး ရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ပထမပွဲမှာ ယူနိုက်တက်က ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်က ပင်နယ်တီကနေ ဂိုးသွင်းခဲ့တယ်လို့ သိရပါတယ်။ ပင်နယ်တီ သွင်းပြီးနောက် ဖာနန်ဒက်စ်ဟာ ဒုတိယဂိုး သွင်းနိုင်မယ့် အပိုင်အခွင့်အရေးကို လွဲခဲ့တာကြောင့် ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။ ထို ပထမပွဲမှာ ကွင်းလယ်ကနေ ပေါ့ဘာ ဖာနန်ဒက်တို့ တွဲဖက် ကစားခဲ့ပါတယ်။

ဝက်စ်ဘရွန်းအသင်းဟာ ချန်ပီယံရှစ်မှာ အဆင့် ၂ နေရာ ရှိနေတဲ့ အသင်း ဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ဆိုးရှားရဲ့ ယူနိုက်တက်ကို သေချာ ယှဉ်ပြိုင် ကစားသွားခဲ့ပါတယ်။ ယူနိုက်တက်ကလည်း နောက်တစ်ပတ် ပွဲတွေ ပြန်မစခင် ကြံ့ခိုင်မှု ပြည့်၀ အသားကျနေဖို့ ပိုဦးစားပေးခဲ့ပါတယ်။

ခြေစမ်းပွဲ ဒုတိယပွဲမှာတော့ ယူနိုက်တက်က ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ပါရဲရား က ၂ ဂိုး၊ တာဟစ်ချောင်က ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ခြေစမ်းပွဲ ရလဒ်တွေကို သောကြာနေ့ညမှာ အသင်းက အတည်ပြု ထုတ်ပြန်ခဲ့ပြီး ဆိုးရှားက ပွဲတွေ ပြန်စရင် သုံးမယ့် အခင်းအကျင်း အတွက်လည်း စမ်းသပ်ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလတည်းက ဒဏ်ရာ ရခဲ့တဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်လည်း ခြေစမ်းပွဲမှာ ပါဝင်ကစားခဲ့ပြီး အင်္ဂလန်သားလည်း ပွဲကစားဖို့ ကြံ့ခိုင်မှု ပြည့်ဝနေပြီ ယူဆရပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေ ပြန်စရင် ယူနိုက်တက် အနေနဲ့ ဒဏ်ရာကနေ ပြန်ကောင်းနေတဲ့ ရက်ဖို့ဒ်နဲ့ ပေါ့ဘာတို့ ပြန် ပါဝင်လာနိုင်မယ့် အပြင် ဖာနန်ဒက်စ်လည်း ရှိနေတာကြောင့် ယူနိုက်တက်က အင်အားအပြည့်နဲ့ ပြန်စတင်နိုင်ဖွယ် ရှိပါတယ်။ ယူနိုက်တက်ဟာ ဇွန် ၁၉ ရက်နေ့မှာ စပါးနဲ့ အဝေးကွင်း ယှဉ်ပြိုင် ကစားရမှာပါ။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ ေသာၾကာေန႔က ခ်န္ပီယံရွစ္ကလပ္ ၀က္စ္ဘရြန္း အသင္းနဲ႕ ကြင္းပိတ္ ေျခစမ္းပြဲ နွစ္ပြဲ ကစားခဲ့ရာမွာ တစ္ပြဲ နိုင္၊ တစ္ပြဲ ရွံဳး ရလဒ္ထြက္ေပၚခဲ့ေၾကာင္း သိရပါတယ္။

ပထမပြဲမွာ ယူနိုက္တက္က ၂-၁ နဲ႕ ရွံဳးနိမ့္ခဲ့တာ ျဖစ္ျပီး ဘရူနို ဖာနန္ဒက္စ္က ပင္နယ္တီကေန ဂိုးသြင္းခဲ့တယ္လို႔ သိရပါတယ္။ ပင္နယ္တီ သြင္းျပီးေနာက္ ဖာနန္ဒက္စ္ဟာ ဒုတိယဂိုး သြင္းနိုင္မယ့္ အပိုင္အခြင့္အေရးကို လြဲခဲ့တာေၾကာင့္ ယူနိုက္တက္တို႔ နစ္နာခဲ့ရပါတယ္။ ထို ပထမပြဲမွာ ကြင္းလယ္ကေန ေပါ့ဘာ ဖာနန္ဒက္္တို႔ တြဲဖက္ ကစားခဲ့ပါတယ္။

၀က္စ္ဘရြန္းအသင္းဟာ ခ်န္ပီယံရွစ္မွာ အဆင့္ ၂ ေနရာ ရွိေနတဲ့ အသင္း ျဖစ္ျပီး အိုးထရက္ဖို႔ဒ္မွာ ဆိုးရွားရဲ႕ ယူနိုက္တက္ကို ေသခ်ာ ယွဥ္ျပိဳင္ ကစားသြားခဲ့ပါတယ္။ ယူနိုက္တက္ကလည္း ေနာက္တစ္ပတ္ ပြဲေတြ ျပန္မစခင္ ၾကံ႕ခိုင္မႈ ျပည့္၀ အသားက်ေနဖို႔ ပိုဦးစားေပးခဲ့ပါတယ္။

ေျခစမ္းပြဲ ဒုတိယပြဲမွာေတာ့ ယူနိုက္တက္က ၃-၁ နဲ႕ အနိုင္ရရွိခဲ့ျပီး ပါရဲရား က ၂ ဂိုး၊ တာဟစ္ေခ်ာင္က ၁ ဂိုး သြင္းယူေပးခဲ့ပါတယ္။ ေျခစမ္းပြဲ ရလဒ္ေတြကို ေသာၾကာေန႔ညမွာ အသင္းက အတည္ျပဳ ထုတ္ျပန္ခဲ့ျပီး ဆိုးရွားက ပြဲေတြ ျပန္စရင္ သံုးမယ့္ အခင္းအက်င္း အတြက္လည္း စမ္းသပ္ျပင္ဆင္ခဲ့တယ္လို႔ သိရပါတယ္။

ဇန္န၀ါရီလတည္းက ဒဏ္ရာ ရခဲ့တဲ့ တိုက္စစ္မွဴး ရက္ဖို႔ဒ္လည္း ေျခစမ္းပြဲမွာ ပါ၀င္ကစားခဲ့ျပီး အဂၤလန္သားလည္း ပြဲကစားဖို႔ ၾကံ႕ခိုင္မႈ ျပည့္၀ေနျပီ ယူဆရပါတယ္။

ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စရင္ ယူနိုက္တက္ အေနနဲ႕ ဒဏ္ရာကေန ျပန္ေကာင္းေနတဲ့ ရက္ဖို႔ဒ္နဲ႕ ေပါ့ဘာတို႔ ျပန္ ပါ၀င္လာနိုင္မယ့္ အျပင္ ဖာနန္ဒက္စ္လည္း ရွိေနတာေၾကာင့္ ယူနုိက္တက္က အင္အားအျပည့္နဲ႕ ျပန္စတင္နိုင္ဖြယ္ ရွိပါတယ္။ ယူနိုက္တက္ဟာ ဇြန္ ၁၉ ရက္ေန႔မွာ စပါးနဲ႕ အေ၀းကြင္း ယွဥ္ျပိဳင္ ကစားရမွာပါ။