ဖီအိုရင်တီးနား ခံစစ်မှုး နီကိုလာ မီလန်ကိုဗစ်ကို ဝက်စ်ဟမ်းနဲ့ တော့တင်ဟမ် စပါးအသင်းတို့က မျက်စိကျနေကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ ဆားဘီးယားသားဟာ စီးရီးအေကနေ အင်္ဂလန်သို့ ရောက်လာဖွယ် ရှိနေပါတယ်။ ၏
ဘာစီလိုနာအသင်းဟာ အပြောင်းအရွှေ့ ကာလတွေတိုင်း ချိတ်ဆက်နေကျ အာဆင်နယ် တိုက်စစ်မှုး အူဘာမီးယန်း ကို လာမယ့် ဇန်နဝါရီမှာလည်း ထပ်မံ ကြိုးစားဖွယ် ရှိနေပါတယ်။

လိဒ်စ် ယူနိုက်တက်အသင်းဟာ နော့တင်ဟမ် ဖောရက်စ် တောင်ပံတိုက်စစ်သမား ဘရန်နန် ဂျွန်ဆန်ကို ခေါ်ဖို့ ကြိုးစားနေပါတယ်။ အသက် ၂ဝ အရွယ် ဝေးစ် လက်ရွေးစင် ကစားသမားဟာ စက်တင်ဘာလ EFL အကောင်းဆုံး ကစားသမားဆု ရရှိထားသူပါ။
ရီးရဲလ်မက်ဒရစ်ဟာ နောက်နှစ်နွေမှာ ဘိုင်ယန်မြူးနစ် တောင်ပံသမား ကင်စ်လေ ကိုးမန်းကို ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။ ဘိုင်ယန်ကလည်း စာချုပ်ကုန်တော့မယ့် ကိုးမန်းကို အလွတ် လက်လွှတ်ရမယ့် အစား နွေမှာ ရောင်းဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ နွေမှာ ချယ်ဆီးခံစစ်မှုး ရူဒီဂါကို ခေါ်ယူဖို့ လက်မလျှော့သေးဘဲ အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီဟာ ရူဒီဂါကို တော်တော် သဘောကျသူ ဖြစ်ပြီး လစာ တစ်နှစ် ယူရို ၁၂ သန်းနဲ့ ဂျာမန်သားကို ကြိုးစားမယ်လို့ သိရပါတယ်။
ယူကရိန်းနည်းပြ အဖြစ် အတွေ့အကြုံ ရပြီးတဲ့ ရှက်ဖ်ချန်ကိုဟာ အီတလီသို့ ပြန်လာပြီး ဂျီနိုအာ နည်းပြ အဖြစ် တာဝန် ယူတော့မှာ ဖြစ်ပါတယ်။
နယူးကာဆယ်ရဲ့ ဘရိုက်တန်နဲ့ ပွဲမှာ ဘုန်းမောက် နည်းပြဟောင်း အက်ဒီ ဟိုဝီ ရောက်လာမှာ ဖြစ်ပြီး ၎င်းကို နယူးကာဆယ် နည်းပြသစ် အဖြစ် အတည်ပြုကြေငြာဖွယ် ရှိနေပါတယ်။
ချာလိုဘတ် ခြေစွမ်းပြလာတာကလည်း နွေမှာ ဂျူးလပ်စ် ကွန်ဒဲလ်ကို ခေါ်ယူဖို့ ကြိုးစားမှု အရှိန်လျော့သွားခြင်း ဖြစ်ကြောင်း ချယ်ဆီးနည်းပြ တူချယ်က ဝန်ခံစကား ဆိုခဲ့ပါတယ်။

Zawgyi
ဖီအိုရင္တီးနား ခံစစ္မႈး နီကိုလာ မီလန္ကိုဗစ္ကို ဝက္စ္ဟမ္းနဲ႕ ေတာ့တင္ဟမ္ စပါးအသင္းတို႔က မ်က္စိက်ေနေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။ ဆားဘီးယားသားဟာ စီးရီးေအကေန အဂၤလန္သို႔ ေရာက္လာဖြယ္ ရွိေနပါတယ္။ ၏
ဘာစီလိုနာအသင္းဟာ အေျပာင္းအေရႊ႕ ကာလေတြတိုငး္ ခ်ိတ္ဆက္ေနက် အာဆင္နယ္ တိုက္စစ္မႈး အူဘာမီးယန္း ကို လာမယ့္ ဇန္နဝါရီမွာလည္း ထပ္မံ ၾကိဳးစားဖြယ္ ရွိေနပါတယ္။
လိဒ္စ္ ယူနိုက္တက္အသင္းဟာ ေနာ့တင္ဟမ္ ေဖာရက္စ္ ေတာင္ပံတိုက္စစ္သမား ဘရန္နန္ ဂၽြန္ဆန္ကို ေခၚဖို႔ ၾကိဳးစားေနပါတယ္။ အသက္ ၂ဝ အရြယ္ ေ၀းစ္ လက္ေရြးစင္ ကစားသမားဟာ စက္တင္ဘာလ EFL အေကာင္းဆံုး ကစားသမားဆု ရရွိထားသူပါ။
ရီးရဲလ္မက္ဒရစ္ဟာ ေနာက္နွစ္ေႏြမွာ ဘိုင္ယန္ျမဴးနစ္ ေတာင္ပံသမား ကင္စ္ေလ ကိုးမန္းကို ေခၚယူဖို႔ ၾကံရြယ္ေနပါတယ္။ ဘိုင္ယန္ကလည္း စာခ်ဳပ္ကုန္ေတာ့မယ့္ ကိုးမန္းကို အလြတ္ လက္လႊတ္ရမယ့္ အစား ေႏြမွာ ေရာင္းဖို႔ ၾကိဳးစားမွာ ျဖစ္ပါတယ္။
ယူကရိန္းနည္းျပ အျဖစ္ အေတြ႔အၾကံဳ ရျပီးတဲ့ ရွက္ဖ္ခ်န္ကိုဟာ အီတလီသို႔ ျပန္လာျပီး ဂ်ီနိုအာ နည္းျပ အျဖစ္ တာဝန္ ယူေတာ့မွာ ျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာ ေႏြမွာ ခ်ယ္ဆီးခံစစ္မႈး ရူဒီဂါကို ေခၚယူဖို႔ လက္မေလွ်ာ့ေသးဘဲ အလြတ္နဲ႕ ေခၚယူဖို႔ ၾကိဳးစားမွာ ျဖစ္ပါတယ္။ အန္ဆယ္ေလာ့တီဟာ ရူဒီဂါကို ေတာ္ေတာ္ သေဘာက်သူ ျဖစ္ျပီး လစာ တစ္နွစ္ ယူရို ၁၂ သန္းနဲ႕ ဂ်ာမန္သားကို ၾကိဳးစားမယ္လို႔ သိရပါတယ္။
နယူးကာဆယ္ရဲ႕ ဘရိုက္တန္နဲ႕ ပြဲမွာ ဘုန္းေမာက္ နည္းျပေဟာင္း အက္ဒီ ဟိုဝီ ေရာက္လာမွာ ျဖစ္ျပီး ၄င္းကို နယူးကာဆယ္ နည္းျပသစ္ အျဖစ္ အတည္ျပဳေၾကျငာဖြယ္ ရွိေနပါတယ္။
ခ်ာလိုဘတ္ ေျခစြမ္းျပလာတာကလည္း ေႏြမွာ ဂ်ဴးလပ္စ္ ကြန္ဒဲလ္ကို ေခၚယူဖို႔ ၾကိဳးစားမႈ အရွိန္ေလ်ာ့သြားျခင္း ျဖစ္ေၾကာင္း ခ်ယ္ဆီးနည္းျပ တူခ်ယ္က ဝန္ခံစကား ဆိုခဲ့ပါတယ္။
