မန်စီးတီးနဲ့ ဘာစီလိုနာ အသင်းတို့ဟာ စတားလင်းနဲ့ ဒီဂျောင်ကို အလဲအထပ် လုပ်ဖို့ စဉ်းစားနေကြောင်း စပိန် သတင်းဌာနက ဖော်ထုတ်ထားပါတယ်။ မန်စီးတီးဟာ ဒီဂျောင်ကို ရဖို့ စတားလင်း အပြင် ယူရို သန်း ၂၀ ထည့်ပေးရဖွယ် ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ကစားသမားတွေရဲ့ စိတ်ပျက် ငြိုငြင်မှုတွေပါ ခံယူနေပြီ ဖြစ်တာကြောင့် ကစားသမားတွေ ပုန်ကန်တာမျိုး မကြုံရအောင် နည်းပြ ဆိုးရှားကို ထုတ်ပယ်ဖို့ စဉ်းစားလာရပြီ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်နဲ့ စီ ရော်နယ်ဒို တို့က အသင်း အခြေအနေကို စိတ်ပျက်နေကြောင်း သိသိသာသာ ထုတ်ပြခဲ့ပေမယ့် ဆိုးရှားကတော့ သူ့ နည်းပြ ရာထူး တည်မြဲနေဦးမယ် မျှော်လင့်နေကြောင်း ဂါးဒီးယန်းက ဆိုပါတယ်။
ချယ်ဆီး နည်းပြဟောင်း ဖရန့် လမ်းပတ်ကလည်း နည်းပြ ဖာကီကို ထုတ်ပယ်လိုက်တဲ့ နောဝစ်ချ်အသင်းမှာ တာဝန်ယူဖို့ ပြောဆို ဆွေးနွေးနေပြီ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှုး ဘန်ဇီမာက နယူးကာဆယ်ရဲ့ စိတ်ဝင်စားမှုတွေကို စောစောစီးစီးပဲ ငြင်းပယ်လိုက်ပြီ ဖြစ်ပေမယ့် ပြင်သစ်သားဟာ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ဖို့ကိုတော့ လမ်းဖွင့်ထားဆဲ ဖြစ်ပါတယ်။ ဘန်ဇီမာရဲ့ စာချုပ်က ၂၀၂၃ မှ ကုန်ဆုံးမှာပါ။
အက်စတွန်ဗီလာ အသင်းဟာ နည်းပြ ဒင်း စမစ်ကို ထုတ်ပယ်လိုက်ပြီးနောက် အစားထိုး ခန့်ဖို့ နည်းပြသစ် ရှာဖွေနေရာ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း လက်ရှိ ရိမ်းဂျားစ် နည်းပြ စတီဗင် ဂျရတ်ကို အဓိကထား ချိတ်ဆက် နေပါတယ်။

Zawgyi
မန္စီးတီးနဲ႕ ဘာစီလိုနာ အသင္းတို႔ဟာ စတားလင္းနဲ႕ ဒီေဂ်ာင္ကို အလဲအထပ္ လုပ္ဖို႔ စဥ္းစားေနေၾကာင္း စပိန္ သတင္းဌာနက ေဖာ္ထုတ္ထားပါတယ္။ မန္စီးတီးဟာ ဒီေဂ်ာင္ကို ရဖို႔ စတားလင္း အျပင္ ယူရို သန္း ၂၀ ထည့္ေပးရဖြယ္ ရွိေနပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ကစားသမားေတြရဲ႕ စိတ္ပ်က္ ျငိဳျငင္မႈေတြပါ ခံယူေနျပီ ျဖစ္တာေၾကာင့္ ကစားသမားေတြ ပုန္ကန္တာမ်ိဳး မၾကံဳရေအာင္ နည္းျပ ဆိုးရွားကို ထုတ္ပယ္ဖို႔ စဥ္းစားလာရျပီ ျဖစ္ပါတယ္။
ဖာနန္ဒက္စ္နဲ႕ စီ ေရာ္နယ္ဒို တို႔က အသင္း အေျခအေနကို စိတ္ပ်က္ေနေၾကာင္း သိသိသာသာ ထုတ္ျပခဲ့ေပမယ့္ ဆိုးရွားကေတာ့ သူ႔ နည္းျပ ရာထူး တည္ျမဲေနဦးမယ္ ေမွ်ာ္လင့္ေနေၾကာင္း ဂါးဒီးယန္းက ဆိုပါတယ္။
ခ်ယ္ဆီး နည္းျပေဟာင္း ဖရန္႔ လမ္းပတ္ကလည္း နည္းျပ ဖာကီကို ထုတ္ပယ္လိုက္တဲ့ ေနာဝစ္ခ်္အသင္းမွာ တာဝန္ယူဖို႔ ေျပာဆို ေဆြးေႏြးေနျပီ ျဖစ္ပါတယ္။
ရီးရဲလ္မက္ဒရစ္ တိုက္စစ္မႈး ဘန္ဇီမာက နယူးကာဆယ္ရဲ႕ စိတ္ဝင္စားမႈေတြကို ေစာေစာစီးစီးပဲ ျငင္းပယ္လိုက္ျပီ ျဖစ္ေပမယ့္ ျပင္သစ္သားဟာ ပီအက္စ္ဂ်ီသို႔ ေျပာင္းေရႊ႕ဖို႔ကိုေတာ့ လမ္းဖြင့္ထားဆဲ ျဖစ္ပါတယ္။ ဘန္ဇီမာရဲ႕ စာခ်ဳပ္က ၂၀၂၃ မွ ကုန္ဆံုးမွာပါ။
အက္စတြန္ဗီလာ အသင္းဟာ နည္းျပ ဒင္း စမစ္ကို ထုတ္ပယ္လိုက္ျပီးေနာက္ အစားထိုး ခန္႔ဖို႔ နည္းျပသစ္ ရွာေဖြေနရာ လီဗာပူး အသင္းေခါင္းေဆာင္ေဟာင္း လက္ရွိ ရိမ္းဂ်ားစ္ နည္းျပ စတီဗင္ ဂ်ရတ္ကို အဓိကထား ခ်ိတ္ဆက္ ေနပါတယ္။
