Rumour: ယူရို သန်း ၉ဝ တန် ဘာစီလိုနာ ကွင်းလယ်သမားကို ခေါ်ယူဖြစ်ဖို့ မန်စီးတီး သတင်းကြီးလာ

မတည်ငြိမ်တဲ့ ခြေစွမ်းတွေ ပြသနေတဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ် ကစားသမားဟာ ဘာစီလိုနာရဲ့ ရောင်းရန် မဟုတ် ဆိုတဲ့ စာရင်းကနေ ပယ်ဖျက်ခံလိုက်ရဟန် ရှိပါတယ်။ ဘာစီလိုနာက ဒီဂျောင်ကို ပရီးမီးယားလိဂ် ကလပ် မန်စီးတီးထံ ရောင်းချဖို့ လမ်းဖွင့်လာကြောင်း စပိန်ဘက်မှာ သတင်း ထွက်ပေါ်လာပါတယ်။

မန်စီးတီးကလည်း ဒီဂျောင်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတာ ဖြစ်ပြီး ဘာစီလိုနာနဲ့ လမ်းခွဲဖွယ် ရှိရင် ၎င်းကို စတားလင်း ကို အလိုက်ပေးပြီး ယူရို သန်း ၂ဝ ထပ်ပေါင်းကာ ကမ်းလှမ်းဖို့ ရည်ရွယ်နေပါတယ်။

ငွေကြေး အခက်အခဲ ဖြစ်နေတဲ့ ဘာစီလိုနာဟာ တိုက်စစ်မှုး တစ်ဦးလည်း လိုအပ်နေတာ ဖြစ်လို့ မန်စီးတီးရဲ့ စတားလင်းနဲ့ အလဲအထပ် ကမ်းလှမ်းမှုဟာ လာလီဂါကလပ် ငြင်းပယ်နိုင်ဖို့ ခက်ခဲပါတယ်။

ဒီဂျောင်က လာလီဂါ အကောင်းဆုံး ကွင်းလယ်သမား တစ်ဦး အဖြစ် စာရင်း ပေါက်ဆဲ ဖြစ်ပြီး ၎င်းရဲ့ ဈေးကွက် ပေါက်ဈေး တန်ကြေးက ယူရို သန်း ၉၀ ရှိနေပါတယ်။

ဒီဂျောင်၊ မန်စီးတီးနဲ့ စတားလင်း သတင်းကို စတင်ခဲ့တဲ့ El Nacional သတင်းဌာနက အရမ်းကြီး စိတ်ချ ယုံကြည်ရတာ မဟုတ်ပေမယ့် ကောလဟာလ အဆင့်ကနေ တကယ် ဖြစ်လာမလား ဆိုတာ ရင်ခုန်စရာ ကောင်းနေပါတယ်။

Zawgyi

မတည္ျငိမ္တဲ့ ေျခစြမ္းေတြ ျပသေနတဲ့ နယ္သာလန္ လက္ေရြးစင္ ကြင္းလယ္ ကစားသမားဟာ ဘာစီလိုနာရဲ႕ ေရာင္းရန္ မဟုတ္ ဆိုတဲ့ စာရင္းကေန ပယ္ဖ်က္ခံလိုက္ရဟန္ ရွိပါတယ္။ ဘာစီလိုနာက ဒီေဂ်ာင္ကို ပရီးမီးယားလိဂ္ ကလပ္ မန္စီးတီးထံ ေရာင္းခ်ဖို႔ လမ္းဖြင့္လာေၾကာင္း စပိန္ဘက္မွာ သတင္း ထြက္ေပၚလာပါတယ္။

မန္စီးတီးကလည္း ဒီေဂ်ာင္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတာ ျဖစ္ျပီး ဘာစီလိုနာနဲ႕ လမ္းခြဲဖြယ္ ရွိရင္ ၄င္းကို စတားလင္း ကို အလိုက္ေပးျပီး ယူရို သန္း ၂ဝ ထပ္ေပါင္းကာ ကမ္းလွမ္းဖို႔ ရည္ရြယ္ေနပါတယ္။

ေငြေၾကး အခက္အခဲ ျဖစ္ေနတဲ့ ဘာစီလိုနာဟာ တိုက္စစ္မႈး တစ္ဦးလည္း လိုအပ္ေနတာ ျဖစ္လို႔ မန္စီးတီးရဲ႕ စတားလင္းနဲ႕ အလဲအထပ္ ကမ္းလွမ္းမႈဟာ လာလီဂါကလပ္ ျငင္းပယ္နိုင္ဖို႔ ခက္ခဲပါတယ္။

ဒီေဂ်ာင္က လာလီဂါ အေကာင္းဆံုး ကြင္းလယ္သမား တစ္ဦး အျဖစ္ စာရင္း ေပါက္ဆဲ ျဖစ္ျပီး ၄င္းရဲ႕ ေစ်းကြက္ ေပါက္ေစ်း တန္ေၾကးက ယူရို သန္း ၉၀ ရွိေနပါတယ္။

ဒီေဂ်ာင္၊ မန္စီးတီးနဲ႕ စတားလင္း သတင္းကို စတင္ခဲ့တဲ့ El Nacional သတင္းဌာနက အရမ္းၾကီး စိတ္ခ် ယံုၾကည္ရတာ မဟုတ္ေပမယ့္ ေကာလဟာလ အဆင့္ကေန တကယ္ ျဖစ္လာမလား ဆိုတာ ရင္ခုန္စရာ ေကာင္းေနပါတယ္။