ဂန်းနားကွင်းလယ်ဟောင်းကို ပရီးမီးယားလိဂ် ပြန်ခေါ်ဖို့ ယူနိုက်တက် စောင့်ကြည့်နေ

ဂျူဗင်တပ် အသင်းဟာ အာဆင်နယ်ကနေ ခေါ်ယူထားတဲ့ ကွင်းလယ် ကစားသမား အာရွန် ရမ်ဆေးကို ဒီနွေမှာ ကမ်းလှမ်းမှုတွေ ရှိရင် လက်ခံစဉ်းစားသွားမယ်လို့ လေသံပစ်လာခဲ့ပြီး ယူနိုက်တက်က ဒီအခြေအနေကို စောင့်ကြည့်လေ့လာနေတယ်လို့ သိရပါတယ်။

ရမ်ဆေးဟာ အာဆင်နယ်အသင်းမှာ ၂၀၀၈ ကနေ ၂၀၁၉ ထိ ၁၁ ရာသီကြာ ကစားသွားခဲ့ကာ စာချုပ်ကုန်ဆုံးမှ ပြောင်းရွှေ့ကြေး အလွတ်နဲ့ စီးရီးအေကလပ် ဂျူဗင်တပ်ထံ ပြီးခဲ့တဲ့ နှစ် ဇူလိုင်က ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ စီးရီးအေမှာ ၁၅ ပွဲ ပါဝင်ကစားခဲ့ပြီး ရမ်ဆေးက ၃ ဂိုး သွင်း ၁ ဂိုး ဖန်တီးမှု ပြုလုပ်ခဲ့ကာ အသင့်အတင့် အောင်မြင်တဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေး အခက်အခဲ ရှိနေတဲ့ ဂျူဗင်တပ်ဟာ လက်ရှိ လူစာရင်းကို ချုံ့ပြီး ငွေသား ပြန်ရှာဖွေလိုနေတဲ့ အပြင် လစာမြင့်တဲ့ ကစားသမားတွေကို လျှော့ချလိုလာတာကြောင့် ရမ်ဆေးက ထိုစာရင်းမှာ ပါဝင်နေပါတယ်။ ၎င်းရဲ့ လစာက တစ်ပတ် ပေါင် ၄ သိန်းလောက် ရရှိနေပါတယ်။

ဒေးလီးမေးလ်ရဲ့ အဆိုအရ ယူနိုက်တက်ဟာ ရမ်ဆေးကို ခေါ်ယူလိုတဲ့ အသင်းတွေထဲ ပါဝင်နေပြီး ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီးသား ဝါရင့် ကစားသမားဟာ အသင်း အဝတ်လဲခန်းထဲမှာပါ ဦးဆောင်မှု ပေးနိုင်မယ့် သူလို့ သတ်မှတ်ခံထားရပါတယ်။

ဝေးစ် လက်ရွေးစင် ကစားသမား နဲ့ ဂျူဗင်တပ်ရဲ့ လက်ရှိ စာချုပ်က ၂၀၂၃ ထိ ကျန်ရှိနေသေးတာကြောင့် ဂျူဗင်တပ်ဘက်က ရမ်ဆေး အတွက် ပြောင်းရွှေ့ကြေး ဘယ်လောက် တောင်းဆိုမယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် စီးရီးအေ ဦးဆောင်သူတွေဟာ ရမ်ဆေးကို လျှော့ဈေးနဲ့ပါ ရောင်းထုတ်လိုနေပါတယ်။

ယူနိုက်တက် ကွင်းလယ်ဗဟိုမှာ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ တော်မီနေးတို့နဲ့ အင်အားတောင့်တင်းပြီး ဖြစ်တာကြောင့် ရမ်ဆေးကို ခေါ်ယူလိုရင်တောင် လစာ တော်တော် လျှော့ယူမှသာ မန်ချက်စတာကလပ်က ခေါ်ဖြစ်ဖွယ် ရှိပါတယ်။

Zawgyi – ဂ်ဴဗင္တပ္ အသင္းဟာ အာဆင္နယ္ကေန ေခၚယူထားတဲ့ ကြင္းလယ္ ကစားသမား အာရြန္ ရမ္ေဆးကို ဒီေႏြမွာ ကမ္းလွမ္းမႈေတြ ရွိရင္ လက္ခံစဥ္းစားသြားမယ္လို႔ ေလသံပစ္လာခဲ့ျပီး ယူနိုက္တက္က ဒီအေျခအေနကို ေစာင့္ၾကည့္ေလ့လာေနတယ္လို႔ သိရပါတယ္။

ရမ္ေဆးဟာ အာဆင္နယ္အသင္းမွာ ၂၀၀၈ ကေန ၂၀၁၉ ထိ ၁၁ ရာသီၾကာ ကစားသြားခဲ့ကာ စာခ်ဳပ္ကုန္ဆံုးမွ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ စီးရီးေအကလပ္ ဂ်ဴဗင္တပ္ထံ ျပီးခဲ့တဲ့ နွစ္ ဇူလိုင္က ေျပာင္းေရႊ႕သြားခဲ့တာ ျဖစ္ပါတယ္။ စီးရီးေအမွာ ၁၅ ပြဲ ပါ၀င္ကစားခဲ့ျပီး ရမ္ေဆးက ၃ ဂိုး သြင္း ၁ ဂိုး ဖန္တီးမႈ ျပဳလုပ္ခဲ့ကာ အသင့္အတင့္ ေအာင္ျမင္တဲ့ ေဘာလံုးရာသီ ပိုင္ဆိုင္ထားပါတယ္။

ဒါေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ဘ႑ာေရး အခက္အခဲ ရွိေနတဲ့ ဂ်ဴဗင္တပ္ဟာ လက္ရွိ လူစာရင္းကို ခ်ံဳ႕ျပီး ေငြသား ျပန္ရွာေဖြလိုေနတဲ့ အျပင္ လစာျမင့္တဲ့ ကစားသမားေတြကို ေလွ်ာ့ခ်လိုလာတာေၾကာင့္ ရမ္ေဆးက ထိုစာရင္းမွာ ပါ၀င္ေနပါတယ္။ ၄င္းရဲ႕ လစာက တစ္ပတ္ ေပါင္ ၄ သိန္းေလာက္ ရရွိေနပါတယ္။

ေဒးလီးေမးလ္ရဲ႕ အဆိုအရ ယူနိုက္တက္ဟာ ရမ္ေဆးကို ေခၚယူလိုတဲ့ အသင္းေတြထဲ ပါ၀င္ေနျပီး ပရီးမီးယားလိဂ္ အေတြ႔အၾကံဳရွိျပီးသား ၀ါရင့္ ကစားသမားဟာ အသင္း အ၀တ္လဲခန္းထဲမွာပါ ဦးေဆာင္မႈ ေပးနုိင္မယ့္ သူလို႔ သတ္မွတ္ခံထားရပါတယ္။

ေ၀းစ္ လက္ေရြးစင္ ကစားသမား နဲ႕ ဂ်ဴဗင္တပ္ရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၃ ထိ က်န္ရွိေနေသးတာေၾကာင့္ ဂ်ဴဗင္တပ္ဘက္က ရမ္ေဆး အတြက္ ေျပာင္းေရႊ႕ေၾကး ဘယ္ေလာက္ ေတာင္းဆိုမယ္ဆိုတာ မသိရေသးပါဘူး။ ဒါေပမယ့္ စီးရီးေအ ဦးေဆာင္သူေတြဟာ ရမ္ေဆးကို ေလွ်ာ့ေစ်းနဲ႕ပါ ေရာင္းထုတ္လိုေနပါတယ္။

ယူနိုက္တက္ ကြင္းလယ္ဗဟိုမွာ ေပါ့ဘာ၊ ဖာနန္ဒက္စ္၊ ေတာ္မီေနးတို႔နဲ႕ အင္အားေတာင့္တင္းျပီး ျဖစ္တာေၾကာင့္ ရမ္ေဆးကို ေခၚယူလိုရင္ေတာင္ လစာ ေတာ္ေတာ္ ေလွ်ာ့ယူမွသာ မန္ခ်က္စတာကလပ္က ေခၚျဖစ္ဖြယ္ ရွိပါတယ္။