နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ ယူနိုက်တက် အသင်းသားတွေဟာ နည်းပြ အပြောင်းအလဲ လုပ်ဖို့ အတူတကွ တောင်းဆို ဖိအားပေးဖို့ စီစဉ်နေကြကြောင်း သတင်း ထွက်ပေါ်လာပါတယ်။
ယူနိုက်တက် တိုက်စစ်မှုး ကာဗာနီဟာ အရွတ် ဒဏ်ရာ ရသွားပြီလို့ သိရပြီး ဘယ်အချိန်မှ ပြန်ကစားနိုင်မယ် ဆိုတာ မသေချာသေးဘူး ဖြစ်နေပါတယ်။ ပေါ့ဘာ အပြင် ကာဗာနီ ဒဏ်ရာသတင်းက ယူနိုက်တက် အတွက် ထိုးနှက်ချက် ဖြစ်လာပါတယ်။

ပြင်သစ် သတင်းဌာန RMC Sport အဆိုအရ ပေါ့ဘာ ဒဏ်ရာကလည်း ၂၀၂၂ မှ ပြန် ကစားနိုင်မယ့် အနေအထား လို့ သိရပါတယ်။ ပေါ့ဘာက ပြင်သစ်အသင်းနဲ့ အတူ ထရိန်နင် ဆင်းရင်း ပေါင်ခြံ ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။
ကာလရှည် နားရမယ့် ဒဏ်ရာကြောင့် ပေါ့ဘာဟာ တကယ်လို့ ဇန်နဝါရီမှာသာ အသင်းပြောင်းရွှေ့သွားဖြစ်တယ် ဆိုရင် ယူနိုက်တက် အတွက် နောက်ဆုံးပွဲတောင် ကစားပြီးလိုက်ရပြီလို့ ဆိုရဖွယ် ရှိနေပါတယ်။
ယူနိုက်တက် ဘုတ်အဖွဲ့ဟာ ဆိုးရှားကိုသာ အဓိက ထောက်ခံ အားပေးနေဆဲ ဖြစ်ပြီး တခြား ဘယ်သူ့ကိုမှ နည်းပြသစ် ခန့်အပ်ဖို့ မေးမြန်း ပြောဆိုနေခြင်းလည်း မရှိကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်ထားပါတယ်။
နည်းပြ ဆိုးရှားက ယူနိုက်တက်မှာ တိုက်စစ် အထောင် နှစ်ယောက် ကစားနေစေတာကြောင့် ဂျေဒန် ဆန်ချို ကို ခံစစ် တောင်ပံ ဆင်း ကစားခိုင်းစေဖို့ နည်းပြ အဖွဲ့ဝင်တွေက ကြံစည်နေကြောင်း သိရပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်မှာ ပွဲကစားခွင့် သိပ်မရဘဲ တိမ်မြုပ်နေပါတယ်။
ခရစ္စတီယာနို ရော်နယ်ဒိုက ယူနိုက်တက်ရဲ့ အခြေအနေ ယိုယွင်းနေမှုကို ပြင်ဆင်နိုင်ခြင်း ရှိ မရှိ စောင့်ကြည့်နေပြီး မပြောင်းလဲနိုင်ပါက နောက်နှစ်မှာ ထွက်ခွာဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။

Zawgyi
ေနာက္ဆံုး ထြက္ေပၚလာတဲ့ သတင္းေတြ အရ ယူနိုက္တက္ အသင္းသားေတြဟာ နည္းျပ အေျပာင္းအလဲ လုပ္ဖို႔ အတူတကြ ေတာင္းဆို ဖိအားေပးဖို႔ စီစဥ္ေနၾကေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။
ယူနိုက္တက္ တိုက္စစ္မႈး ကာဗာနီဟာ အရြတ္ ဒဏ္ရာ ရသြားျပီလို႔ သိရျပီး ဘယ္အခ်ိန္မွ ျပန္ကစားနိုင္မယ္ ဆိုတာ မေသခ်ာေသးဘူး ျဖစ္ေနပါတယ္။ ေပါ့ဘာ အျပင္ ကာဗာနီ ဒဏ္ရာသတင္းက ယူနုိက္တက္ အတြက္ ထိုးနွက္ခ်က္ ျဖစ္လာပါတယ္။
ျပင္သစ္ သတင္းဌာန RMC Sport အဆိုအရ ေပါ့ဘာ ဒဏ္ရာကလည္း ၂၀၂၂ မွ ျပန္ ကစားနုိင္မယ့္ အေနအထား လို႔ သိရပါတယ္။ ေပါ့ဘာက ျပင္သစ္အသင္းနဲ႕ အတူ ထရိန္နင္ ဆင္းရင္း ေပါင္ျခံ ဒဏ္ရာ ရခဲ့တာ ျဖစ္ပါတယ္။
ကာလရွည္ နားရမယ့္ ဒဏ္ရာေၾကာင့္ ေပါ့ဘာဟာ တကယ္လို႔ ဇန္နဝါရီမွာသာ အသင္းေျပာင္းေရႊ႕သြားျဖစ္တယ္ ဆိုရင္ ယူနိုက္တက္ အတြက္ ေနာက္ဆံုးပြဲေတာင္ ကစားျပီးလိုက္ရျပီလို႔ ဆိုရဖြယ္ ရွိေနပါတယ္။
ယူနိုက္တက္ ဘုတ္အဖြဲ႕ဟာ ဆိုးရွားကိုသာ အဓိက ေထာက္ခံ အားေပးေနဆဲ ျဖစ္ျပီး တျခား ဘယ္သူ႔ကိုမွ နည္းျပသစ္ ခန္႔အပ္ဖို႔ ေမးျမန္း ေျပာဆိုေနျခင္းလည္း မရွိေၾကာင္း သတင္းေထာက္ ရိုမန္နိုက ေဖာ္ထုတ္ထားပါတယ္။
နည္းျပ ဆိုးရွားက ယူနိုက္တက္မွာ တိုက္စစ္ အေထာင္ နွစ္ေယာက္ ကစားေနေစတာေၾကာင့္ ေဂ်ဒန္ ဆန္ခ်ိဳ ကို ခံစစ္ ေတာင္ပံ ဆင္း ကစားခိုင္းေစဖို႔ နည္းျပ အဖြဲ႕ဝင္ေတြက ၾကံစည္ေနေၾကာင္း သိရပါတယ္။ ဆန္ခ်ိဳဟာ ယူနိုက္တက္မွာ ပြဲကစားခြင့္ သိပ္မရဘဲ တိမ္ျမဳပ္ေနပါတယ္။
ခရစၥတီယာနို ေရာ္နယ္ဒိုက ယူနိုက္တက္ရဲ႕ အေျခအေန ယိုယြင္းေနမႈကို ျပင္ဆင္နုိင္ျခင္း ရွိ မရွိ ေစာင့္ၾကည့္ေနျပီး မေျပာင္းလဲနိုင္ပါက ေနာက္နွစ္မွာ ထြက္ခြာဖို႔ စဥ္းစားေနျပီ ျဖစ္ပါတယ္။
