ပေါ့ဘာ ဖာနန်ဒက်စ်အတွဲ ခြေစွမ်းပြချင်ရင် တစ်ယောက်ကတော့ အနစ်နာခံရလိမ့်မယ် လို့ ထောက်ပြမှု

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ စောင့်စား မျှော်လင့်နေတဲ့ ပေါ့ဘာ ဖာနန်ဒက်စ် ကွင်းလယ်အတွဲ ထင်ထားသလို အစွမ်းပြဖို့ ဆိုရင် နှစ်ယောက်ထဲက တစ်ယောက်ကတော့ လျှော့ပြီး အနစ်နာခံရတာမျိုး လုပ်ဖို့ လိုမယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဒါရင်း ဖလက်ချာက သုံးသပ် ထောက်ပြခဲ့ပါတယ်။

ဆိုးရှားဟာ လောလောဆယ်မှာ ပြန်လည်စတင်တော့မယ့် ပရီးမီးယားလိဂ် ပွဲတွေ အတွက် ပြင်ဆင်နေပြီး ပွဲဦးထွက် စပါးနဲ့ ပွဲအတွက် အာရုံစိုက်နေပါတယ်။ မနေ့က လေ့ကျင့်ရေးမှာ ဝက်စ်ဘရွန်းနဲ့ ခြေစမ်းပွဲ ကန်ရာမှာတော့ ပေါ့ဘာ ဖာနန်ဒက်စ် တွဲဖက် ကစားခဲ့တဲ့ ပထမပွဲမှာ ယူနိုက်တက် ရှုံးနိမ့်ခဲ့ပါတယ်။

ပေါ့ဘာဟာ ဇန်နဝါရီက ခြေကျင်းဝတ်ခွဲစိတ်မှု ခံယူခဲ့ပြီး ဒဏ်ရာကနေ အခုမှပြန်လည်သက်သာ ကောင်းမွန်ကာ ပြန်ကစားဖို့ ပြင်ဆင်နေရတာပါ။ တစ်ရာသီလုံးနီးပါး ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ပေါ့ဘာအတွက် ပွဲ ပြန်အသားကျဖို့လည်း လိုအပ်နေပါတယ်။

ပေါ့ဘာနဲ့ ဖာနန်ဒက်စ် အတွဲက ယူနိုက်တက် ကွင်းလယ်မှာ အစွမ်းပြမှာ ဖြစ်ပေမယ့် တစ်ယောက် အကောင်းဆုံး တောက်ပဖို့ နောက်တစ်ယောက်က အနစ်နာခံ လျှော့ပေးဖို့ လိုမယ်လို့ ဖလက်ချာက ယုံကြည်နေပါတယ်။

” တကယ့် ကစားသမားကောင်း ဂရိတ် ပလေယာတွေက အတူလည်း တွဲ ကစားနိုင်ကြပါတယ်။ ဒါကို သံသယ မရှိပါဘူး။ ဒါပေမယ့် စဉ်းစားကြည့်။ ကွင်းလယ်မှာ အတူ ကစားရတဲ့အခါ တစ်ယောက် အကောင်းဆုံး တောက်ပနိုင်ဖို့ နောက်တစ်ယောက်က လျှော့ပေးပြီး ထောက်ပံ့ကူညီပေးရတာတွေ ရှိရမယ်။ ဒါက အသင်းလိုက် ကစားတာရဲ့ တစိတ်တပိုင်းပဲ။ ဘောလုံးက တစ်ယောက်တည်း ကစားရတာ မဟုတ်ဘူး။

ကွင်းလယ် ဗဟိုမှာ ကစားရပြီဆို သုံးယောက်တန်းပဲ ဖြစ်ဖြစ် ဘယ်လို ဖြစ်ဖြစ် ပွဲထဲမှာ အတူတကွ ယှဉ်ပြိုင်ဖို့ လိုအပ်တယ်။ ယူနိုက်တက် က ဒီအတွက် ပြင်ဆင်ထားဖို့လိုတယ်။ ကျနော်ဆိုလည်း ကွင်းလယ် ကစားသမား အမျိုးမျိုးနဲ့ တွဲဖက် ကစားရတဲ့အခါ သူ့အတွက် အခွင့်အရေး ပေးရတာ ရှိသလို သူတို့ကလည်း ကျနေ်ာ့ အတွက် ကူညီတာတွေ ရှိတယ်။

ဒါက အတူတွဲ ကစားရတဲ့ အသင်းဖော်တွေချင်း ဘယ်သူက ဘာပို အားသာတယ် ဘယ်သူက ဘာပိုလုပ်နိုင်လဲ ပေါ် မူတည် လှုပ်ရှားရမှာ။ တခါတလေ အသင်းနိုင်ဖို့ဆို ကိုယ့်ထက် ပို ကောင်းအောင် လုပ်နိုင်မယ့် သူကို အခွင့်အရေး ပေးရတာတွေ ရှိပါမယ်။ ” လို့ ဖလက်ချာက ထောက်ပြခဲ့ပါတယ်။

ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ နှစ်ဦးလုံးဟာ ကြယ်ပွင့် ကစားသမားတွေ ဖြစ်တာနဲ့ အညီ အချင်းချင်း လျှော့ပေး ညှိနှိုင်း ကစားမှသာ အသင်း အတွက် အထောက်အကူ ဖြစ်မယ်ဆိုတာ ဖလက်ချာက ပြောဆို သတိပေးလိုခဲ့တာ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ ပရိသတ္ေတြ ေစာင့္စား ေမွ်ာ္လင့္ေနတဲ့ ေပါ့ဘာ ဖာနန္ဒက္စ္ ကြင္းလယ္အတြဲ ထင္ထားသလို အစြမ္းျပဖို႔ ဆိုရင္ နွစ္ေယာက္ထဲက တစ္ေယာက္ကေတာ့ ေလွ်ာ့ျပီး အနစ္နာခံရတာမ်ိဳး လုပ္ဖို႔ လိုမယ္လို႔ ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ဒါရင္း ဖလက္ခ်ာက သံုးသပ္ ေထာက္ျပခဲ့ပါတယ္။

ဆိုးရွားဟာ ေလာေလာဆယ္မွာ ျပန္လည္စတင္ေတာ့မယ့္ ပရီးမီးယားလိဂ္ ပြဲေတြ အတြက္ ျပင္ဆင္ေနျပီး ပြဲဦးထြက္ စပါးနဲ႕ ပြဲအတြက္ အာရံုစိုက္ေနပါတယ္။ မေန႔က ေလ့က်င့္ေရးမွာ ၀က္စ္ဘရြန္းနဲဲ႕ ေျခစမ္းပြဲ ကန္ရာမွာေတာ့ ေပါ့ဘာ ဖာနန္ဒက္စ္ တြဲဖက္ ကစားခဲ့တဲ့ ပထမပြဲမွာ ယူနိုက္တက္ ရွံဳးနိမ့္ခဲ့ပါတယ္။

ေပါ့ဘာဟာ ဇန္န၀ါရီက ေျခက်င္း၀တ္ခဲြဲစိတ္မႈ ခံယူခဲ့ျပီး ဒဏ္ရာကေန အခုမွျပန္လည္သက္သာ ေကာင္းမြန္ကာ ျပန္ကစားဖို႔ ျပင္ဆင္ေနရတာပါ။ တစ္ရာသီလံုးနီးပါး ဒဏ္ရာေတြနဲ႕ ရုန္းကန္ေနရတဲ့ ေပါ့ဘာအတြက္ ပြဲ ျပန္အသားက်ဖို႔လည္း လိုအပ္ေနပါတယ္။

ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္ အတြဲက ယူနိုက္တက္ ကြင္းလယ္မွာ အစြမ္းျပမွာ ျဖစ္ေပမယ့္ တစ္ေယာက္ အေကာင္းဆံုး ေတာက္ပဖို႔ ေနာက္တစ္ေယာက္က အနစ္နာခံ ေလွ်ာ့ေပးဖို႔ လိုမယ္လို႔ ဖလက္ခ်ာက ယံုၾကည္ေနပါတယ္။

” တကယ့္ ကစားသမားေကာင္း ဂရိတ္ ပေလယာေတြက အတူလည္း တြဲ ကစားနိုင္ၾကပါတယ္။ ဒါကို သံသယ မရွိပါဘူး။ ဒါေပမယ့္ စဥ္းစားၾကည့္။ ကြင္းလယ္မွာ အတူ ကစားရတဲ့အခါ တစ္ေယာက္ အေကာင္းဆံုး ေတာက္ပနုိင္ဖို႔ ေနာက္တစ္ေယာက္က ေလွ်ာ့ေပးျပီး ေထာက္ပံ့ကူညီေပးရတာေတြ ရွိရမယ္။ ဒါက အသင္းလိုက္ ကစားတာရဲ႕ တစိတ္တပိုင္းပဲ။ ေဘာလံုးက တစ္ေယာက္တည္း ကစားရတာ မဟုတ္ဘူး။

ကြင္းလယ္ ဗဟိုမွာ ကစားရျပီဆို သံုးေယာက္တန္းပဲ ျဖစ္ျဖစ္ ဘယ္လို ျဖစ္ျဖစ္ ပြဲထဲမွာ အတူတကြ ယွဥ္ျပိဳင္ဖို႔ လိုအပ္တယ္။ ယူနိုက္တက္ က ဒီအတြက္ ျပင္ဆင္ထားဖို႔လိုတယ္။ က်ေနာ္ဆိုလည္း ကြင္းလယ္ ကစားသမား အမ်ိဳးမ်ိဳးနဲ႕ တြဲဖက္ ကစားရတဲ့အခါ သူ႔အတြက္ အခြင့္အေရး ေပးရတာ ရွိသလို သူတို႔ကလည္း က်ေန္ာ့ အတြက္ ကူညီတာေတြ ရွိတယ္။

ဒါက အတူတြဲ ကစားရတဲ့ အသင္းေဖာ္ေတြခ်င္း ဘယ္သူက ဘာပို အားသာတယ္ ဘယ္သူက ဘာပိုလုပ္နုိင္လဲ ေပၚ မူတည္ လႈပ္ရွားရမွာ။ တခါတေလ အသင္းနိုင္ဖို႔ဆို ကိုယ့္ထက္ ပို ေကာင္းေအာင္ လုပ္နုိင္မယ့္ သူကို အခြင့္အေရး ေပးရတာေတြ ရွိပါမယ္။ ” လို႔ ဖလက္ခ်ာက ေထာက္ျပခဲ့ပါတယ္။

ေပါ့ဘာနဲ႕ ဖာနန္ဒက္စ္တို႔ နွစ္ဦးလံုးဟာ ၾကယ္ပြင့္ ကစားသမားေတြ ျဖစ္တာနဲ႕ အညီ အခ်င္းခ်င္း ေလွ်ာ့ေပး ညွိနိႈင္း ကစားမွသာ အသင္း အတြက္ အေထာက္အကူ ျဖစ္မယ္ဆိုတာ ဖလက္ခ်ာက ေျပာဆို သတိေပးလိုခဲ့တာ ျဖစ္ပါတယ္။