အရင် ခြေမရသေးတဲ့ မောင့်၊ ချယ်ဆီး အငြင်းခံရတဲ့ စမစ်ရိုဝီနဲ့ ယနေ့ညပိုင်း ချယ်ဆီး သတင်းတိုများ

မေဆန်မောင့်ဟာ ပြီးခဲ့တဲ့ရာသီက ချယ်ဆီးမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုး ရောက်အောင်ကို ဒီရာသီမှာ လုပ်ပြဖို့ လိုသေးကြောင်း ဇိုလာ က ထောက်ပြသွားခဲ့ပါတယ်။

အာဆင်နယ်မှာ ခြေစွမ်းပြနေပြီ ဖြစ်တဲ့ စမစ် ရိုဝီက ဂန်းနားတို့ရဲ့ အကယ်ဒမီသို့ မရောက်ခင်မှာ သူ့ သူငယ်ချင်းနဲ့ အတူ ချယ်ဆီးမှာ အစမ်း သွားရောက် ကစားခဲ့သေးကြောင်း ဖွင့်ဟလိုက်ပြီး ထိုစဉ်က ချယ်ဆီးရဲ့ ငြင်းပယ်မှု ခံခဲ့ရတယ် လို့ ဆိုပါတယ်။

ဂျီနိုအာ နည်းပြသစ် ဖြစ်လာတဲ့ ရှက်ဖ်ချန်ကို က ချယ်ဆီး တောင်ပံတိုက်စစ်သမား ပူလီဆစ်ကို ခေါ်ယူဖို့ အလေးအနက် အလိုရှိနေကြောင်း အီတလီ သတင်းတွေက ဖော်ပြထားပါတယ်။

ချယ်ဆီး နည်းစနစ် ဒါရိုက်တာဟောင်း မိုက်ကယ် အီမန်နာလိုဟာ ပိုင်ရှင်သစ် ပြောင်းထားတဲ့ နယူးကာဆယ် အသင်းမှာ ဘောလုံး ဒါရိုက်တာ ဖြစ်လာဖို့ အလားအလာ များနေပါတယ်။

ပြီးခဲ့တဲ့ နွေက ချယ်ဆီး ပစ်မှတ်ထားခဲ့တဲ့ ဆီဗီလာ ခံစစ်မှုး ဂျူးလပ်စ် ကွန်ဒဲလ်ကို မန်ချက်စတာ ယူနိုက်တက်ကလည်း ချိန်ရွယ်နေပြီ ဖြစ်ပါတယ်။ ချယ်ဆီးဟာ ကွန်ဒဲလ်ကို ရဖို့ နီးစပ်ခဲ့ပေမယ့် ညှိနှိုင်းမှု အဆင်မပြေတဲ့ အပြင် ချာလိုဘတ် ကို အခွင့်အရေး ပေးလိုတာကြောင့် နောက်ဆုတ်ခဲ့တာပါ။

ဘန်လေ အသင်းဟာ ချယ်ဆီး ကွင်းလယ်ကစားသမား ရော့စ် ဘာကလေကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ဖို့ ထပ်မံ ကြိုးပမ်းဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

ချယ်ဆီးနဲ့ စာချုပ်သစ် သက်တမ်းတိုးဖို့ အခြေအနေ မထူးသေးတဲ့ ခံစစ်မှုး ရူဒီဂါကို စောင့်ကြည့်ချိန်ရွယ် နေတဲ့ အသင်းတွေထဲ မော်ရင်ညိုရဲ့ ရိုးမားအသင်းလည်း ပါဝင်လာပါတယ်။

Zawgyi

ေမဆန္ေမာင့္ဟာ ျပီးခဲ့တဲ့ရာသီက ခ်ယ္ဆီးမွာ ျပသခဲ့တဲ့ ေျခစြမ္းမ်ိဳး ေရာက္ေအာင္ကို ဒီရာသီမွာ လုပ္ျပဖို႔ လိုေသးေၾကာင္း ဇိုလာ က ေထာက္ျပသြားခဲ့ပါတယ္။

အာဆင္နယ္မွာ ေျခစြမ္းျပေနျပီ ျဖစ္တဲ့ စမစ္ ရိုဝီက ဂန္းနားတို႔ရဲ႕ အကယ္ဒမီသို႔ မေရာက္ခင္မွာ သူ႔ သူငယ္ခ်င္းနဲ႕ အတူ ခ်ယ္ဆီးမွာ အစမ္း သြားေရာက္ ကစားခဲ့ေသးေၾကာင္း ဖြင့္ဟလိုက္ျပီး ထိုစဥ္က ခ်ယ္ဆီးရဲ႕ ျငင္းပယ္မႈ ခံခဲ့ရတယ္ လို႔ ဆိုပါတယ္။

ဂ်ီနိုအာ နည္းျပသစ္ ျဖစ္လာတဲ့ ရွက္ဖ္ခ်န္ကို က ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား ပူလီဆစ္ကို ေခၚယူဖို႔ အေလးအနက္ အလိုရွိေနေၾကာင္း အီတလီ သတင္းေတြက ေဖာ္ျပထားပါတယ္။

ခ်ယ္ဆီး နည္းစနစ္ ဒါရိုက္တာေဟာင္း မိုက္ကယ္ အီမန္နာလိုဟာ ပိုင္ရွင္သစ္ ေျပာင္းထားတဲ့ နယူးကာဆယ္ အသင္းမွာ ေဘာလံုး ဒါရိုက္တာ ျဖစ္လာဖို႔ အလားအလာ မ်ားေနပါတယ္။

ျပီးခဲ့တဲ့ ေႏြက ခ်ယ္ဆီး ပစ္မွတ္ထားခဲ့တဲ့ ဆီဗီလာ ခံစစ္မႈး ဂ်ဴးလပ္စ္ ကြန္ဒဲလ္ကို မန္ခ်က္စတာ ယူနိုက္တက္ကလည္း ခ်ိန္ရြယ္ေနျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီးဟာ ကြန္ဒဲလ္ကို ရဖို႔ နီးစပ္ခဲ့ေပမယ့္ ညွိႏိႈင္းမႈ အဆင္မေျပတဲ့ အျပင္ ခ်ာလိုဘတ္ ကို အခြင့္အေရး ေပးလိုတာေၾကာင့္ ေနာက္ဆုတ္ခဲ့တာပါ။

ဘန္ေလ အသင္းဟာ ခ်ယ္ဆီး ကြင္းလယ္ကစားသမား ေရာ့စ္ ဘာကေလကို ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ေခၚဖို႔ ထပ္မံ ၾကိဳးပမ္းဦးမွာ ျဖစ္ေၾကာင္း သိရပါတယ္။

ခ်ယ္ဆီးနဲ႕ စာခ်ဳပ္သစ္ သက္တမ္းတိုးဖို႔ အေျခအေန မထူးေသးတဲ့ ခံစစ္မႈး ရူဒီဂါကို ေစာင့္ၾကည့္ခ်ိန္ရြယ္ ေနတဲ့ အသင္းေတြထဲ ေမာ္ရင္ညိဳရဲ႕ ရိုးမားအသင္းလည္း ပါဝင္လာပါတယ္။