အဆင့် ၅ နဲ့ ချန်ပီယံလိဂ်ဝင်ရင်တောင် ဆုကြေးရမယ့် ယူနိုက်တက်မန်နေဂျာ ဆိုးရှား

UNICODE – ယူနိုက်တက် မန်နေဂျာဆိုးရှားဟာ ကလပ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် လုပ်ပေးနိုင်ရင် ဆုကြေး ပေါင် ၁ သန်းရမယ်ဆိုတဲ့ အာမခံချက် ရှိထားပါတယ်။

လက်ရှိ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်ဟာ အဆင့် ၄ နေရာက ချယ်ဆီးနဲ့ ၃ မှတ် ကွာဟနေတာပါ။ လော့ဒေါင်းကာလ မတိုင်ခင် နောက်ဆုံး ၁၁ ပွဲဆက်တိုက် အရေးမနိမ့်ထားတဲ့ ယူနိုက်တက်ဟာ အဆင့်လေးအတွင်း ဝင်ရောက်နိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေးကောင်း ရှိနေဆဲဖြစ်တယ်။

မန်စီးတီးအသင်း ဥရောပဝင်ခွင့်မရလို့ အဆင့် ၅ နေရာက ယူနိုက်တက် အစားထိုး ဝင်ခွင့်ရမယ်ဆိုရင်တောင် မန်နေဂျာဆိုးရှားဟာ သူရမယ့် ဆုကြေး ပေါင် ၁ သန်းကိုတော့ ရသွားမယ်လို့ သိရတယ်။ မန်နေဂျာဟောင်း မော်ရင်ညိုရဲ့ တစ်နှစ်လုပ်ခ ပေါင် ၁၅ သန်းရဲ့ ထက်ဝက်ပဲ ရနေတဲ့ ဆိုးရှားရဲ့ စာချုပ်မှာတော့ ဆုကြေးစနစ်တွေ ပိုမို ပါဝင်ထားတာဖြစ်တယ်။

ဖေဖော်ဝါရီလတုန်းကပဲ ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်ကြောင်း တွေ့ရှိမှုအတွက် မန်စီးတီးကို အရေးယူထားခြင်းဖြစ်ပြီး ဒဏ်ကြေး ပေါင် ၂၅ သန်းအပြင် ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ခွင့် ၂ ရာသီ ပိတ်ပင်ခံခဲ့ရတာဖြစ်တယ်။ မန်စီးတီးအသင်းဘက်က အယူခံဝင်ထားခြင်း ကိစ္စအား ဇွန်လ ၈-၁၀ ရက်မှာ အားကစားခုံရုံးကနေ လျှောက်လဲမှုတွေ လုပ်ထားခဲ့ပြီဖြစ်တယ်။

မန်စီးတီးကိစ္စ ဘယ်လို ဆုံးဖြတ်မယ်ဆိုတာကို အပြီးသတ်ဖို့ကို ဇူလိုင်လ လဝက်လောက်မှ သိရမှာဖြစ်ပြီး ယူနိုက်တက် အတွက်ကတော့ အဆိုပါ မတိုင်ခင် အဆင့် ၄ ဝင်ခွင့် ယူထားဖို့က ပိုမို အရေးကြီးနေပါလိမ့်မယ်။

ZAWGYI – ယူႏုိက္တက္ မန္ေနဂ်ာဆိုးရွားဟာ ကလပ္ကို ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ လုပ္ေပးနုိင္ရင္ ဆုေၾကး ေပါင္ ၁ သန္းရမယ္ဆိုတဲ့ အာမခံခ်က္ ရွိထားပါတယ္။

လက္ရွိ အမွတ္ေပးဇယား အဆင့္ ၅ ေနရာမွာ ရွိေနတဲ့ ယူႏုိက္တက္ဟာ အဆင့္ ၄ ေနရာက ခ်ယ္ဆီးနဲ႔ ၃ မွတ္ ကြာဟေနတာပါ။ ေလာ့ေဒါင္းကာလ မတိုင္ခင္ ေနာက္ဆံုး ၁၁ ပြဲဆက္တိုက္ အေရးမနိမ့္ထားတဲ့ ယူႏုိက္တက္ဟာ အဆင့္ေလးအတြင္း ဝင္ေရာက္ႏုိင္ျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အခြင့္အေရးေကာင္း ရွိေနဆဲျဖစ္တယ္။

မန္စီးတီးအသင္း ဥေရာပဝင္ခြင့္မရလို႔ အဆင့္ ၅ ေနရာက ယူႏုိက္တက္ အစားထိုး ဝင္ခြင့္ရမယ္ဆိုရင္ေတာင္ မန္ေနဂ်ာဆိုးရွားဟာ သူရမယ့္ ဆုေၾကး ေပါင္ ၁ သန္းကိုေတာ့ ရသြားမယ္လို႔ သိရတယ္။ မန္ေနဂ်ာေဟာင္း ေမာ္ရင္ညိဳရဲ႕ တစ္ႏွစ္လုပ္ခ ေပါင္ ၁၅ သန္းရဲ႕ ထက္ဝက္ပဲ ရေနတဲ့ ဆိုးရွားရဲ႕ စာခ်ဳပ္မွာေတာ့ ဆုေၾကးစနစ္ေတြ ပိုမို ပါဝင္ထားတာျဖစ္တယ္။

ေဖေဖာ္ဝါရီလတုန္းကပဲ ဘ႑ာေရးဆိုင္ရာ စည္းကမ္းကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္ေၾကာင္း ေတြ႔ရွိမႈအတြက္ မန္စီးတီးကို အေရးယူထားျခင္းျဖစ္ျပီး ဒဏ္ေၾကး ေပါင္ ၂၅ သန္းအျပင္ ဥေရာပျပိဳင္ပြဲေတြမွာ ပါဝင္ခြင့္ ၂ ရာသီ ပိတ္ပင္ခံခဲ့ရတာျဖစ္တယ္။ မန္စီးတီးအသင္းဘက္က အယူခံဝင္ထားျခင္း ကိစၥအား ဇြန္လ ၈-၁၀ ရက္မွာ အားကစားခံုရံုးကေန ေလွ်ာက္လဲမႈေတြ လုပ္ထားခဲ့ျပီျဖစ္တယ္။

မန္စီးတီးကိစၥ ဘယ္လို ဆံုးျဖတ္မယ္ဆိုတာကို အျပီးသတ္ဖို႔ကို ဇူလိုင္လ လဝက္ေလာက္မွ သိရမွာျဖစ္ျပီး ယူႏုိက္တက္ အတြက္ကေတာ့ အဆိုပါ မတိုင္ခင္ အဆင့္ ၄ ဝင္ခြင့္ ယူထားဖို႔က ပိုမို အေရးၾကီးေနပါလိမ့္မယ္။