မန်ချက်စတာ ယူနိုက်တက်ဟာ ဆိုးရှား နေရာ ဆက်ခံမယ့်သူ အဖြစ် လက်စတာ နည်းပြ ဘရန်ဒန် ရော်ဂျာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ လက်စတာနဲ့ စာချုပ်ထဲမှာ ရော်ဂျာက ထိပ်သီးကလပ်အသင်း တစ်သင်းသင်း ချဉ်းကပ်လာရင် ထွက်ခွာခွင့် ပေးရမယ်လို့ ထည့်သွင်းထားကြောင်း သိရပါတယ်။
စတီဗင်ဂျရတ်ဟာ အက်စတွန်ဗီလာ နည်းပြ ရာထူးကို လက်ခံတော့မှာ ဖြစ်တာကြောင့် စကော့တလန် ကလပ် ရိမ်းဂျားစ် အသင်းဟာ ဂျရတ် နေရာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပြီ ဖြစ်ရာ ဆွမ်ဆီးအသင်း နည်းပြ ရက်ဆဲလ် မာတင်ကို ရိမ်းဂျားစ်က ချိန်ရွယ်နေပါတယ်။

ယူနိုက်တက် ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ မန်ချက်စတာကလပ်မှာ ဒီဂီယာ နေရာကို မလုယူနိုင်တာကြောင့် အသင်းပြောင်းဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။
အာဆင်နယ်အသင်းဟာ လူငယ် ကစားသမား ဖိုလာရင် ဘာလိုဂန် ကို အငှား စေလွှတ်သင့်ကြောင်း ၎င်းရဲ့ အင်္ဂလန် U21 အသင်း မန်နေဂျာ ကာစလေက တိုက်တွန်းသွားပါတယ်။
ဒီတပတ် အင်္ဂလန်အသင်းနဲ့ အစွမ်းပြထားတဲ့ ဘာလိုဂန်က အာဆင်နယ်မှာတော့ ဒီရာသီ ပြိုင်ပွဲစုံ ၃ ပွဲသာ အသင်းကြီး အတွက် ပါဝင် ကစားထားရပြီး ခြေစွမ်းခြေစ ရှိသူလေး ဖြစ်တာကြောင့် ပုံမှန် ပွဲကစားချိန် လိုတယ် လို့ ကာစလေက ယူဆထားပါတယ်။
စူပါအေးဂျင့် မန်ဒက်စ်က ဖူလ်ဟမ် လူငယ်ကြယ်ပွင့်လေး ဖာဘီယို ကာဗယ်ဟို ကို လီဗာပူးအသင်းထံ ပြောင်းရွှေ့ နိုင်ဖို့ ညှိနှိုင်းပေးနေကြောင်း သိရပါတယ်။

Zawgyi
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဆိုးရွား ေနရာ ဆက္ခံမယ့္သူ အျဖစ္ လက္စတာ နည္းျပ ဘရန္ဒန္ ေရာ္ဂ်ာကို ေခၚယူနိုင္မယ္လို႔ ယံုၾကည္မႈ ရွိေနပါတယ္။ လက္စတာနဲ႕ စာခ်ဳပ္ထဲမွာ ေရာ္ဂ်ာက ထိပ္သီးကလပ္အသင္း တစ္သင္းသင္း ခ်ဥ္းကပ္လာရင္ ထြက္ခြာခြင့္ ေပးရမယ္လို႔ ထည့္သြင္းထားေၾကာင္း သိရပါတယ္။
စတီဗင္ဂ်ရတ္ဟာ အက္စတြန္ဗီလာ နည္းျပ ရာထူးကို လက္ခံေတာ့မွာ ျဖစ္တာေၾကာင့္ စေကာ့တလန္ ကလပ္ ရိမ္းဂ်ားစ္ အသင္းဟာ ဂ်ရတ္ ေနရာ အစားထိုးဖို႔ နည္းျပသစ္ ရွာေဖြေနျပီ ျဖစ္ရာ ဆြမ္ဆီးအသင္း နည္းျပ ရက္ဆဲလ္ မာတင္ကို ရိမ္းဂ်ားစ္က ခ်ိန္ရြယ္ေနပါတယ္။
ယူနိုက္တက္ ဂိုးသမား ဒင္း ဟန္ဒါဆန္ဟာ မန္ခ်က္စတာကလပ္မွာ ဒီဂီယာ ေနရာကို မလုယူနိုင္တာေၾကာင့္ အသင္းေျပာင္းဖို႔ စဥ္းစားေနျပီ ျဖစ္ေၾကာင္း ေဒးလီးေမးလ္က ေဖာ္ျပထားပါတယ္။
အာဆင္နယ္အသငး္ဟာ လူငယ္ ကစားသမား ဖိုလာရင္ ဘာလိုဂန္ ကို အငွား ေစလႊတ္သင့္ေၾကာင္း ၄င္းရဲ႕ အဂၤလန္ U21 အသင္း မန္ေနဂ်ာ ကာစေလက တိုက္တြန္းသြားပါတယ္။
ဒီတပတ္ အဂၤလန္အသင္းနဲ႕ အစြမ္းျပထားတဲ့ ဘာလိုဂန္က အာဆင္နယ္မွာေတာ့ ဒီရာသီ ျပိဳင္ပြဲစံု ၃ ပြဲသာ အသင္းၾကီး အတြက္ ပါဝင္ ကစားထားရျပီး ေျခစြမ္းေျခစ ရွိသူေလး ျဖစ္တာေၾကာင့္ ပံုမွန္ ပြဲကစားခ်ိန္ လိုတယ္ လို႔ ကာစေလက ယူဆထားပါတယ္။
စူပါေအးဂ်င့္ မန္ဒက္စ္က ဖူလ္ဟမ္ လူငယ္ၾကယ္ပြင့္ေလး ဖာဘီယို ကာဗယ္ဟို ကို လီဗာပူးအသင္းထံ ေျပာင္းေရႊ႕ ႏိုင္ဖို႔ ညွိႏိႈင္းေပးေနေၾကာင္း သိရပါတယ္။
