လီဗာပူး တိုက်စစ်မှုး မာနေးဟာ ညက ဆီနီဂေါအသင်းရဲ့ တိုဂိုနဲ့ ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဒဏ်ရာ ရသွားတာကြောင့် ပွဲချိန် ၂၈ မိနစ်တည်းက လူစားလဲခဲ့ရပါတယ်။ ပွဲ အပြီးမှာ ဆီနီဂေါအသင်း နည်းပြ ဆစ်ဆီက မာနေး ဒဏ်ရာ သိပ်ကြီး မပြင်းထန်ဘူးလို့ ယူဆကြောင်း ပြောဆိုခဲ့ပါတယ်။
နာမည်ကြီး ကြယ်ပွင့်တွေကို ချိန်ရွယ်နေတဲ့ နယူးကာဆယ်ဟာ ဂျူဗင်တပ် ကွင်းလယ် ကစားသမား ရာဘီရော့ ကို လာမယ့် အပြောင်းအရွှေ့မှာ ကြိုးစားသွားဖို့ ရှိကြောင်း အီတလီသတင်းတွေက ဖော်ပြထားပါတယ်။
ဘာစီလိုနာ နည်းပြသစ် ဖြစ်လာတဲ့ ဇာဗီ ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူဖို့ အသင်းက ချပေးတဲ့ အသုံးစရိတ်က ယူရို ၁ဝ သန်း မျှသာ ရမှာ ဖြစ်တယ်လို့ ESPN သတင်းက ဖော်ပြသွားပါတယ်။

အပြောင်းအရွှေ့ အတွက် အသုံးစရိတ် မပေးနိုင်တဲ့ ဘာစီလိုနာက အသင်း လက်ရှိ ပြသနာတွေကို ဖြေရှင်းဖို့ ကစားသမား ဝယ်ယူတာထက် အငှားနဲ့ ကြိုးစားဖို့သာ ပို ဦးစားပေးသွားမယ်လို့ သိရပါတယ်။
ဘိုင်ယန်မြူးနစ် ခြေစွမ်းပြနေတဲ့ ဝက်စ်ဘရွန်း တိုက်စစ်မှူး ကလီယာရီကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ် ခဲ့ပါတယ်။
အင်္ဂလန် လက်ရွေးစင် အသင်း မန်နေဂျာ ဂါရတ် ဆောက်ဂိတ်ဟာ လက်ရှိ လစာထက် နှစ်ဆပေးပြီး စာချုပ်သစ် ချုပ်ဖို့ ကမ်းလှမ်းခံထားရကြောင်း သတင်းထွက်လာပါတယ်။ စာချုပ်သစ် အရ လုပ်ခ တစ်နှစ် ပေါင် ၆ သန်း ရမှာ ဖြစ်ပြီး ဆောက်ဂိတ်ကို ပရီးမီးယားလိဂ် ကလပ်တွေ ခေါ်မှာကို ကြို ကာကွယ်လိုနေတယ် လို့ သိရပါတယ်။
ကာရင် ဘန်ဇီးမားဟာ အသင်းဖော်ဟောင်း ဗယ်ဘူနာကို ညစ်ညမ်း ဗီဒီယိုနဲ့ ခြိမ်းခြောက် ငွေညှစ်မှုဆိုတဲ့ စွပ်စွဲချက်မှာ အပြစ် ရှိနေရင်တောင် ပြင်သစ်အသင်း လူရွေးချယ်မှုအတွက် ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

Zawgyi
လီဗာပူး တိုက္စစ္မႈး မာေနးဟာ ညက ဆီနီေဂါအသင္းရဲ႕ တိုဂိုနဲ႕ ယွဥ္ျပိဳင္တဲ့ ကမၻာ့ဖလား ေျခစစ္ပြဲမွာ ဒဏ္ရာ ရသြားတာေၾကာင့္ ပြဲခ်ိန္ ၂၈ မိနစ္တည္းက လူစားလဲခဲ့ရပါတယ္။ ပြဲ အျပီးမွာ ဆီနီေဂါအသင္း နည္းျပ ဆစ္ဆီက မာေနး ဒဏ္ရာ သိပ္ၾကီး မျပင္းထန္ဘူးလို႔ ယူဆေၾကာင္း ေျပာဆိုခဲ့ပါတယ္။
နာမည္ၾကီး ၾကယ္ပြင့္ေတြကို ခ်ိန္ရြယ္ေနတဲ့ နယူးကာဆယ္ဟာ ဂ်ဴဗင္တပ္ ကြင္းလယ္ ကစားသမား ရာဘီေရာ့ ကို လာမယ့္ အေျပာင္းအေရႊ႕မွာ ၾကိဳးစားသြားဖို႔ ရွိေၾကာင္း အီတလီသတင္းေတြက ေဖာ္ျပထားပါတယ္။
ဘာစီလိုနာ နည္းျပသစ္ ျဖစ္လာတဲ့ ဇာဗီ ဟာ လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ကစားသမား ေခၚယူဖို႔ အသင္းက ခ်ေပးတဲ့ အသံုးစရိတ္က ယူရို ၁ဝ သန္း မွ်သာ ရမွာ ျဖစ္တယ္လို႔ ESPN သတင္းက ေဖာ္ျပသြားပါတယ္။
အေျပာင္းအေရႊ႕ အတြက္ အသံုးစရိတ္ မေပးနုိင္တဲ့ ဘာစီလိုနာက အသင္း လက္ရွိ ျပသနာေတြကို ေျဖရွင္းဖို႔ ကစားသမား ဝယ္ယူတာထက္ အငွားနဲ႕ ၾကိဳးစားဖို႔သာ ပို ဦးစားေပးသြားမယ္လို႔ သိရပါတယ္။
ဘိုင္ယန္ျမဴးနစ္ ေျခစြမ္းျပေနတဲ့ ဝက္စ္ဘ႐ြန္း တိုက္စစ္မႉး ကလီယာရီကို ေစာင့္ၾကည့္ဖို႔ ကင္းေထာက္ေတြ ေစလႊတ္ ခဲ့ပါတယ္။
အဂၤလန္ လက္ေရြးစင္ အသင္း မန္ေနဂ်ာ ဂါရတ္ ေဆာက္ဂိတ္ဟာ လက္ရွိ လစာထက္ နွစ္ဆေပးျပီး စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ ကမ္းလွမ္းခံထားရေၾကာင္း သတင္းထြက္လာပါတယ္။ စာခ်ဳပ္သစ္ အရ လုပ္ခ တစ္နွစ္ ေပါင္ ၆ သန္း ရမွာ ျဖစ္ျပီး ေဆာက္ဂိတ္ကို ပရီးမီးယားလိဂ္ ကလပ္ေတြ ေခၚမွာကို ၾကိဳ ကာကြယ္လိုေနတယ္ လို႔ သိရပါတယ္။
ကာရင္ ဘန္ဇီးမားဟာ အသင္းေဖာ္ေဟာင္း ဗယ္ဘူနာကို ညစ္ညမ္း ဗီဒီယိုနဲ႔ ၿခိမ္းေျခာက္ ေငြညႇစ္မႈဆိုတဲ့ စြပ္စြဲခ်က္မွာ အျပစ္ ရွိေနရင္ေတာင္ ျပင္သစ္အသင္း လူေ႐ြးခ်ယ္မႈအတြက္ ဆက္ရွိေနဦးမွာ ျဖစ္ပါတယ္။
