ဗလာဟိုဗစ် အဆင်မပြေတာကြောင့် တိုက်စစ်ပစ်မှတ်သစ် ပြောင်းလိုက်တဲ့ အာဆင်နယ်

အာဆင်နယ် အသင်းဟာ ဖီအိုရင်တီးနား တိုက်စစ်မှုး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ဒီတလောမှာ အားစိုက် ကြိုးပမ်းခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က အီတလီမှာပဲ နေချင်တဲ့ အပြင် အေးဂျင့်ကိုလည်း အာဆင်နယ်နဲ့ ပြောဆို မနေဖို့ တားဆီးထားခဲ့တာကြောင့် အဆင်မပြေ ဖြစ်နေခဲ့ပါတယ်။

ဂန်းနားတွေဟာ ပြိုင်ပွဲစုံ နောက်ဆုံးကစားထားတဲ့ ၁ဝ ပွဲ ဆက် ရှုံးပွဲ မရှိဘဲ အရှိန်ကောင်း ရနေပေမယ့် နည်းပြ အာတီတာက အသင်း တိုက်စစ်ပိုင်းကို အင်အားဖြည့်လိုနေပြီး ဇန်နဝါရီမှာ ကစားသမား ခေါ်ယူမှုတွေ လုပ်ဖို့ စီစဉ်နေပါတယ်။

ဗလာဟိုဗစ် အဆင်မပြေတာကြောင့် အာဆင်နယ်က ဂျူဗင်တပ် တိုက်စစ်သမား ဒီဂျန် ကူလူဆဗ်စကီးကို မျက်စိကျ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပြီ ဖြစ်ကြောင်း စကိုင်းစပေါ့ အီတလီက ဖော်ပြထားပါတယ်။ ဆွီဒင် လက်ရွေးစင် ကစားသမားကို လာမယ့် ဇန်နဝါရီမှာ ခေါ်ဖို့ အာဆင်နယ်က ချိန်ရွယ်လာတာပါ။

အသက် ၂၁ နှစ် အရွယ် ကူလူ ဆဗ်စကီးဟာ ၂၀၂၀ ဇန်နဝါရီကမှ အတ္တလန္တာကနေ ဂျူဗင်တပ်ထံ ပြောင်းလာခဲ့တာပါ။ ဆွီဒင်သားဟာ ပြီးခဲ့တဲ့ ရာသီက ဂျူဗီအတွက် ၄၇ ပွဲ ပါဝင်ကစားခဲ့ပြီး တော်တော် နေရာရခဲ့ပါတယ်။ ဒါပေမယ့် အယ်လီဂရီ ပြန်လာပြီးနောက် ပွဲကစားခွင့် ရဖို့ ရန်းကန်နေရပြီး ဒီရာသီ စီးရီးအေ ၂ ပွဲသာ ကစားထားရပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေမှာ ပေါင် သန်း ၁ဝဝ ကျော် သုံးစွဲထားတာကြောင့် လာမယ့် ဇန်နဝါရီမှာ အသုံးစရိတ် ဘယ်လောက် ရမလဲ ပေါ် မူတည်ပြီး ကူလူ ဆဗ်စကီးနဲ့ အပြောင်းအရွှေ့က ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

Zawgyi

အာဆင္နယ္ အသင္းဟာ ဖီအိုရင္တီးနား တိုက္စစ္မႈး ဗလာဟိုဗစ္ကို ေခၚယူဖုိ႔ ဒီတေလာမွာ အားစိုက္ ၾကိဳးပမ္းခဲ့ေပမယ့္ ကစားသမား ကိုယ္တိုုင္က အီတလီမွာပဲ ေနခ်င္တဲ့ အျပင္ ေအးဂ်င့္ကိုလည္း အာဆင္နယ္နဲ႕ ေျပာဆို မေနဖို႔ တားဆီးထားခဲ့တာေၾကာင့္ အဆင္မေျပ ျဖစ္ေနခဲ့ပါတယ္။

ဂန္းနားေတြဟာ ျပိဳင္ပြဲစံု ေနာက္ဆံုးကစားထားတဲ့ ၁ဝ ပြဲ ဆက္ ရံႈးပြဲ မရွိဘဲ အရွိန္ေကာင္း ရေနေပမယ့္ နည္းျပ အာတီတာက အသင္း တိုက္စစ္ပိုင္းကို အင္အားျဖည့္လိုေနျပီး ဇန္နဝါရီမွာ ကစားသမား ေခၚယူမႈေတြ လုပ္ဖို႔ စီစဥ္ေနပါတယ္။

ဗလာဟိုဗစ္ အဆင္္မေျပတာေၾကာင့္ အာဆင္နယ္က ဂ်ဴဗင္တပ္ တိုက္စစ္သမား ဒီဂ်န္ ကူလူဆဗ္စကီးကို မ်က္စိက် ေျပာင္းလဲ ပစ္မွတ္ထားလာခဲ့ျပီ ျဖစ္ေၾကာင္း စကိုင္းစေပါ့ အီတလီက ေဖာ္ျပထားပါတယ္။ ဆြီဒင္ လက္ေရြးစင္ ကစားသမားကို လာမယ့္ ဇန္နဝါရီမွာ ေခၚဖို႔ အာဆင္နယ္က ခ်ိန္ရြယ္လာတာပါ။

အသက္ ၂၁ နွစ္ အရြယ္ ကူလူ ဆဗ္စကီးဟာ ၂၀၂၀ ဇန္နဝါရီကမွ အတၱလႏၱာကေန ဂ်ဴဗင္တပ္ထံ ေျပာင္းလာခဲ့တာပါ။ ဆြီဒင္သားဟာ ျပီးခဲ့တဲ့ ရာသီက ဂ်ဴဗီအတြက္ ၄၇ ပြဲ ပါဝင္ကစားခဲ့ျပီး ေတာ္ေတာ္ ေနရာရခဲ့ပါတယ္။ ဒါေပမယ့္ အယ္လီဂရီ ျပန္လာျပီးေနာက္ ပြဲကစားခြင့္ ရဖို႔ ရန္းကန္ေနရျပီး ဒီရာသီ စီးရီးေအ ၂ ပြဲသာ ကစားထားရပါတယ္။

အာဆင္နယ္ဟာ ျပီးခဲ့တဲ့ေႏြမွာ ေပါင္ သန္း ၁ဝဝ ေက်ာ္ သံုးစြဲထားတာေၾကာင့္ လာမယ့္ ဇန္နဝါရီမွာ အသံုးစရိတ္ ဘယ္ေလာက္ ရမလဲ ေပၚ မူတည္ျပီး ကူလူ ဆဗ္စကီးနဲ႕ အေျပာင္းအေရႊ႕က ျဖစ္လာနိုင္ဖြယ္ ရွိပါတယ္။